
ဘိုတာဖိုဂိုကို အနိုင်ရရှိပေမယ့် အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ အက်သလက်တီကိုမက်ဒရစ်
အက်သလက်တီကိုမက်ဒရစ် ၁-၀ ဘိုတာဖိုဂို (ပွဲပြီးရလဒ်)
ခြေစွမ်းပိုင်းကောင်းမွန်တဲ့အသင်းနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုဖြစ်လို့ အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်မှုတွေနဲ့အတူ အကြိတ်အနယ်ရှိတဲ့ပွဲစဉ်တစ်ခုကို မြင်တွေ့ခဲ့ရပေမယ့် နှစ်ဖက်အသင်းဂိုးသမားတွေရဲ့လက်စွမ်းပြကာကွယ်မှုတွေကြောင့် သွင်းဂိုးလည်း နည်းပါးခဲ့ပါတယ်။ အခုပွဲစဉ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန်နှောင်းပိုင်းမှာ အယ်လ်ဗာရက်ဇ်ရဲ့ဖန်တီးပေးမှုမှတဆင့် ဂရစ်ဇ်မန်းက သွင်းယူခဲ့ပါတယ်။ အခုအုပ်စုပွဲစဉ်တွေအပြီး ပီအက်စ်ဂျီ၊ ဘိုတာဖိုဂိုတို့က အက်သလက်တီကိုမက်ဒရစ်နဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်အသာရရှိကာ ရှုံးထွက်အဆင့်ဆီ တက်လှမ်းသွားခဲ့ပါတယ်။
အခြားပွဲစဉ်ရလဒ်
----------------
ဆီယက်တဲလ်ဆောင်းဒါးစ် ဝ-၂ ပီအက်စ်ဂျီ