
အာဆင်နယ်ကို နှစ်ကျော့စလုံး အနိုင်ယူကာ ဗိုလ်လုပွဲတက်ရောက်သွားတဲ့ ပီအက်စ်ဂျီ
ပီအက်စ်ဂျီ ၂ - ၁ အာဆင်နယ် (နှစ်ကျော့ပေါင်းရလဒ် ၃-၁)
ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး ကစားအားကျသွားပေမယ့် အခွင့်အရေးတွေကိုယ်စီ ပိုင်ဆိုင်ခဲ့ကြပါတယ်။
ပီအက်စ်ဂျီက ပင်နယ်တီမဝင်ခဲ့ပေမယ့် ဟာကီမီက တိုက်စစ်ထိလိုက်ပါကာ ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
အာဆင်နယ်ကလည်း အခွင့်အရေးတွေရခဲ့ပေမယ့် ဆာကာ အခွင့်အရေးတစ်ကြိမ်သာ အသုံးချနိုင်ခဲ့ပြီး နောက်တစ်ကြိမ်မှာ လွဲချော်ခဲ့တာကြောင့် ပီအက်စ်ဂျီကို နှစ်ကျော့စလုံး အရှုံးပေးခဲ့ရပါတယ်။
ပီအက်စ်ဂျီဟာ ဗိုလ်လုပွဲမှာတော့ အင်တာမီလန်နဲ့ ပွဲကြီးပွဲကောင်း ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။