The network connection is lost.

Banner Image

နောက်ကျသွင်းဂိုးတွေနဲ့အတူ ဖျော်ဖြေမှုရသအပြည့်ပေးစွမ်းနိုင်ခဲ့တဲ့ ပြင်သစ်မြေတိုက်ပွဲ

လိုင်ယွန် ၂-၂ ယူနိုက်တက် (ပွဲပြီးရလဒ်)

အခုပွဲစဉ်တလျှောက်လုံး အိမ်ရှင်လိုင်ယွန်ရော၊ ဧည့်သည်ယူနိုက်တက်ပါ တိုက်စစ်ဖွင့်ကစားခဲ့ပြီး အကြိတ်အနယ်ရှိတဲ့၊ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း အယ်လ်မေးဒါးက အိမ်ရှင်တွေအတွက် အဖွင့်ဂိုး၊ ပထမပိုင်းနာကျင်အချိန်ပိုမှာ ယိုရိုက သရဲနီတွေအတွက် ချေပဂိုးကို အသီးသီးသွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းပွဲကစားချိန်နှောင်းပိုင်းမှာ လူစားဝင်ကစားသမားဇစ်ဇီးက ဧည့်သည်တွေအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့လို့ အဖိုးတန်အဝေးကွင်းနိုင်ပွဲကို သရဲနီတွေ မျှော်လင့်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ ချာကီက လိုင်ယွန်အတွက်လိုအပ်နေတဲ့အရေးပါတဲ့ချေပဂိုးကို သွင်းယူပြီး အိမ်ကွင်းသရေရလဒ်ကို ဖန်တီးသွားခဲ့ပါတယ်။

အခြားပွဲစဉ်ရလဒ်များ
------------------
ဘိုဒိုဂလင့် ၂-၀ လာဇီယို
တော့တင်ဟမ် ၁-၁ ဖရန့်ဖတ်
ရိန်းဂျားစ် ဝ-၀ ဘီလ်ဘာအို