The network connection is lost.

Banner Image

အာဆင်နယ်ရဲ့ခြေချော်မှုကို အခွင့်အရေးမယူနိုင်ခဲ့တဲ့ လီဗာပူး


============================================
ဖူလ်ဟမ် ၃-၂ လီဗာပူး (ပွဲပြီးရလဒ်)

လန်ဒန်မြေမှာကစားခဲ့တဲ့ပွဲစဉ်မှာ ကစားသမားတစ်ဦးချင်းအမှားတွေကြောင့် လီဗာပူးအသင်းအတွက် ပေးဆပ်မှုကြီးမားခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း အိမ်ရှင်ဖူလ်ဟမ်က မက်အယ်လစ္စတာရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရပေမယ့် ဆက်ဆီနွန်၊ အီဝိုဘီ၊ မူနစ်ဇ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ ပြန်လာကာ ဂိုးပြတ်ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ လီဗာပူးက အပြောင်းအလဲတွေပြုလုပ်ပြီး လိုအပ်နေတဲ့သွင်းဂိုးတွေရရှိဖို့ကြိုးစားခဲ့ပေမယ့် ဒီယက်ဇ်ရဲ့ချေပဂိုးတစ်ခုတည်းကိုသာ မြင်တွေ့ခဲ့ရပါတယ်။ အခုသီတင်းပတ်ကုန်ပွဲစဉ်တွေအပြီး လီဗာပူးက အဲဗာတန်နဲ့သရေကျခဲ့တဲ့ အနီးဆုံးပြိုင်ဘက်အာဆင်နယ်ထက် ၁၁ မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။