The network connection is lost.

Banner Image

တိုက်စစ်မှူး မပါဘဲ နယ်သာလန်မြေမှာ ပီအက်စ်ဗွီကို ဂိုးပြတ်ချေမှုန်းခဲ့တဲ့ အာဆင်နယ်

ပီအက်စ်ဗွီ ၁ - ၇ အာဆင်နယ် (ပွဲပြီးရလဒ်)

အာဆင်နယ်အသင်းဟာ ယနေ့ညပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့ အဆုံးသတ်စွမ်းရည်ကို ပြသခဲ့ပြီး နေရာစုံက ဂိုးသွင်းကာ ဂိုးပြတ်နိုင်ပွဲတစ်ခုကို ဖန်တီးသွားနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ဟာ ယုံကြည်မှု ပျောက်ဆုံးနေတာကြောင့် ဝေဖန်မှုတွေ ဆက်တိုက်ကြုံခဲ့ရပေမယ့် ယနေ့ညပွဲမှာတော့ နှစ်ဂိုးသွင်း တစ်ဂိုးဖန်တီးကာ အကောင်းဆုံးစွမ်းဆောင်ပြသွားခဲ့ပါတယ်။
ပီအက်စ်ဗွီကတော့ တိုက်စစ်ပိုင်းစွမ်းဆောင်ရည်ကောင်းပေမယ့် ခံစစ်စွမ်းဆောင်ရည် အတော်လေးအားနည်းခဲ့ပြီး အိမ်ကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့ရပါတယ်။
ဂန်းနားတို့ဟာ ယနေ့ည နယ်သာလန်မြေက ဂိုးပြတ်နိုင်ပွဲကြောင့် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ သေချာသလောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

အခြားပွဲစဉ်ရလဒ်များ

ဘရုဂျက် ၁ - ၃ အက်စတွန်ဗီလာ
ဒေါ့မွန် ၁ - ၁ လိုင်လီ
ရီးရဲလ်မက်ဒရစ် ၂ - ၁ အက်သလက်တီကို