
အစ်ဆွစ်ချ်ကို ဂိုးဒါဇင်ဝက်သွင်းယူပြီး TOP 4 စာရင်းဝင်ရောက်လာတဲ့ မန်စီးတီး
အစ်ဆွစ်ချ် ဝ-၆ မန်စီးတီး (ပွဲပြီးရလဒ်)
အခုပွဲစဉ်တလျှောက်လုံး မန်စီးတီးက လျှင်မြန်လှတဲ့တိုက်စစ်တွဲလုံးတွေနဲ့အတူ ပြိုင်ဘက်အစ်ဆွစ်ချ်ကို အဖက်ဖက်မှအသာစီးရယူကာ ဂိုးပြတ်နိုင်ပွဲတစ်ခု ဖော်ဆောင်ခဲ့ပါတယ်။ မန်စီးတီးအတွက် ဖိုဒန်(၂ဂိုး)၊ ကိုဗာဆစ်၊ ဒိုကူ၊ ဟာလန်း၊ မက်အာတီတို့က သွင်းဂိုးတွေ ရယူပေးခဲ့ပါတယ်။ အခုဂိုးပြတ်နိုင်ပွဲနဲ့အတူ ပက်ဂွါဒီယိုလာရဲ့အသင်းက နယူးကာဆယ်ကို ရမှတ်တူ၊ ဂိုးကွာခြားချက်အသာဖြင့် ကျော်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်းဆီ ဝင်ရောက်လာခဲ့ပါတယ်။