တစ်ယောက်လျော့နဲ့ကစားရပေမယ့် အစွမ်းကုန်ကြိုးစားအားထုတ်မှုနဲ့အတူ ကျေနပ်လောက်စရာခြေစွမ်းမျိုး ပြသနိုင်ခဲ့တဲ့ လီဗာပူး
လီဗာပူး ၂-၂ ဖူလ်ဟမ် (ပွဲပြီးရလဒ်)
ပထမပိုင်းပွဲချိန်အစောပိုင်းမှာပဲ လီဗာပူးက ပါရဲယားရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရသလို ဘယ်အစွန်နောက်ခံလူရော်ဘတ်ဆန်ပါ တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံရလို့ ကစားသမားတစ်ဦးလျော့နဲ့ ပွဲချိန်ပြည့်နီးပါးကစားသွားခဲ့ရပါတယ်။ ဒါပေမယ့် အိမ်ကွင်းပရိသတ်ရှေ့မှောက် လီဗာပူးက ပွဲချိန်တလျှောက်လုံးတိုက်စစ်ဖွင့်ကစားခဲ့ပြီး အနိုင်ရလဒ်ရရှိဖို့ပါ အစွမ်းကုန်ကြိုးစားသွားခဲ့ပါတယ်။ ဒုတိယပိုင်းစတင်လာချိန်မှာပဲ ဂတ်ပိုက လီဗာပူးအတွက် ချေပဂိုးသွင်းယူပေးခဲ့ပေမယ့် ဧည့်သည်ဖူလ်ဟမ်က မူနစ်ဇ်ရဲ့ပွဲချိန်နှောင်းပိုင်းသွင်းဂိုးနဲ့ ပွဲကို ပြန်လည်ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှင်လီဗာပူးအတွက် ဒုတိယမြောက်ချေပဂိုးကို လူစားဝင်ကစားသမားဂျိုတာက ပြန်လည်သွင်းယူပေးခဲ့လို့ ဖူလ်ဟမ်နဲ့ တစ်မှတ်စီခွဲဝေကာ ပွဲစဉ်ပြီးဆုံးသွားခဲ့ပါတယ်။