The network connection is lost.

Banner Image

အင်္ဂလန်အသင်းကစားသမားဟောင်း ၃ ဦးအထိ ပါဝင်ခဲ့တဲ့ ဟယ်ရီကိန်းရဲ့ရွေးချယ်မှု

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ကိန်းတစ်ယောက် Mounr Rushmore ရွေးချယ်မှုမှာ ခေတ်တစ်ခေတ်ရဲ့အကောင်းဆုံးကစားသမား ၄ ဦးအထိ ရွေးချယ်ခဲ့ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ရွေးချယ်တဲ့ကစားသမား ၄ ဦးထဲမှာ ယခင်အင်္ဂလန်စတားဟောင်းတွေဖြစ်တဲ့ ရွန်းနီ ၊ ဘက်ခမ်း နဲ့ မိုရီတို့ပါဝင်ခဲ့ကာ ပြည်ပကစားသမားအဖြစ် ဘရာဇီးဂန္ထဝင်ဟောင်း ရော်နယ်ဒိုသာ ပါဝင်ခဲ့ပါတယ်။

ကိန်းဟာ နိုင်ငံအသင်းကစားသမားဘဝမှာ မေးခွန်းတွေအထုတ်ခံခဲ့ရပေမယ့် ဒီရာသီဘိုင်ယန်အတွက် ၁၆ ပွဲမှာ ၁၇ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအပြီးမှာလည်း အနားယူဖို့ အစီအစဉ်မရှိသေးကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။

မကြာသေးခင်တုန်းကလည်း ကိန်းဟာ ရွန်းနီရဲ့နိုင်ငံအသင်းဂိုးသွင်းစံချိန်ကို ကျော်ဖြတ်ကာ အင်္ဂလန်အသင်းသမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

“ကျွန်တော် ဘက်ခမ်းကိုရွေးချယ်ချင်ပါတယ်။ သူ့ကိုကြည့်ရင်း ကျွန်တော်ကြီးပြင်းလာခဲ့ရတာပါ။ သူက အင်္ဂလန်အသင်းရဲ့ဂန္ထဝင်ဟောင်းတွေထဲကတစ်ဦးဖြစ်သလို အားကျအတုယူရမယ့်သူတစ်ယောက်ပါ။

ဒါကြောင့် သူက ဒီနေရာမှာ ပါဝင်သင့်ပါတယ်။ နောက်ထပ်ကစားသမားအဖြစ်တော့ ရွန်းနီကိုရွေးချယ်ချင်ပါတယ်။ သူအင်္ဂလန်အတွက် ဘာတွေလုပ်ပြထားလဲဆိုတာကို မြင်မှာပါ။

သူနဲ့တွဲဖက်ကစားခွင့်ရလိုက်တာ တကယ်ကံကောင်းပါတယ်။ ကျွန်တော့်အတွက်တော့ ရွန်းနီကလည်း ဒီနေရာမှာ ပါဝင်သင့်တယ်လို့ ထင်ပါတယ်။

နောက်ထပ်ကစားသမားအဖြစ် ဘရာဇီးဂန္ထဝင် ရော်နယ်ဒိုကိုရွေးချင်ပါတယ်။ သူကလည်း ကျွန်တော်ကြည့်ပြီး ကြီးပြင်းခဲ့ရတဲ့ကစားသမားတွေထဲတစ်ဦးပါ။ သူက ဂိုးသွင်းစွမ်းရည်အပြင် ဖြတ်ကျော်မှုတွေမှာလည်း အရည်အချင်းရှိပါတယ်။ 

ကျွန်တော်မြင်ဖူးသမျှတကယ့်ထိပ်တန်းတိုက်စစ်မှူးတွေထဲကတစ်ယောက်ပါ။ ဒါ့အပြင် နောက်ထပ်အင်္ဂလန်ဂန္ထဝင်ဟောင်း ဘော်ဘီမိုးကိုလည်း ရွေးချယ်ချင်ပါတယ်။ သူက အင်္ဂလန်အသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး ကမ္ဘာ့ဖလားရယူထားနိုင်ခဲ့ပါတယ်။

ကျွန်တော်လည်း တစ်နေ့မှာ သူ့လိုမျိုးဦးဆောင်ပြီး အင်္ဂလန်နဲ့အတူ ကမ္ဘာ့ဖလားကိုင်မြှောက်ချင်ပါတယ်။ ဒါကြောင့် သူ့ကိုလည်း ဒီနေရာမှာ ရွေးချယ်ချင်ပါတယ်”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။

ကိန်းဟာ လာမယ့်နိုဝင်ဘာ ၂၂ ရက်နေ့ အော့စ်ဘတ်နဲ့ပွဲမှာ ဘိုင်ယန်အတွက် ပါဝင်လာဖွယ်ရှိနေပြီး အဲ့နောက် ဘိုင်ယန်ဟာ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။