ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုအပေါ် တုံ့ပြန်လိုက်တဲ့ အူဂါတီ
ယူနိုက်တက်ဟာ ယခုရက်သတ္တပတ်တွင် ဥရုဂွေးလက်ရွေးစင်ကို စိတ်ဝင်စားမှုဖြစ်နေတာဖြစ်ပြီး ပြင်သစ်ချန်ပီယံတွေဟာ လက်ရှိတန်ကြေးထက် သိသိသာသာနည်းနေတဲ့ ကနဦးကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။
အူဂါတီဟာ ပြီးခဲ့တဲ့နွေရာသီက ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ ပျက်ပြယ်ခဲ့ပြီးနောက် စပို့တင်းလစ္စဘွန်းမှ ပီအက်စ်ဂျီသို့ ပေါင် ၅၁ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပါတယ်။အင်းနရစ်ရဲ့လက်ထက် ပထမရာသီဝက်တွင် ပထမအသင်း ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သော်လည်း ရာသီဒုတိယရာသီဝက်မှာတော့ နေရာမရရှိခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီဟာ အသက် ၂၃ နှစ်အရွယ်ကစားသမားအတွက် သုံးစွဲခဲ့တဲ့ ပေါင် ၅၁ သန်းကို ပြန်လည်ရယူရန် စိတ်အားထက်သန်နေပြီး စာချုပ်အတွက်ဆွေးနွေးရန် သောကြာနေ့တွင် ယူနိုက်တက်က ထပ်မံရောက်ရှိခဲ့ကြောင်း သတင်းများထွက်ပေါ်လျက်ရှိတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားပါတယ်။
အရေးကြီးတာက အူဂါတီဟာ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိထားတဲ့ မန်ချက်စတာအခြေစိုက်အသင်းထံသို့ ပြောင်းရွှေ့ရန် လမ်းဖွင့်ထားတာဖြစ်ပါတယ်။ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၈ နဲ့ ပြီးဆုံးခဲ့ပေမယ့် အက်ဖ်အေဖလားရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ဝင်ခွင့်ကို ရယူနိုင်ခဲ့ပါတယ်။
အိုးထရက်ဖို့ဒ်မှာ အလုပ်များနေတဲ့ နွေရာသီမှာ ယူနိုက်တက်ဟာ ကက်စ်မဲရိုးရဲ့ အနာဂတ် မသေချာမရေရာမှုတွေနဲ့အတူ ကွင်းလယ်ကစားသမားတစ်ဦးအပြင် ဗဟိုခံစစ်ကစားသမားတစ်ဦးနဲ့ တိုက်စစ်မှူးတစ်ဦးတို့ကို ခေါ်ယူဖို့ မျှော်လင့်နေပါတယ်။ဘရန့်ဝိတ်အတွက် အဖွင့်ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးနောက် အဲဗာတန်ဟာ ၎င်းတို့၏တန်ဖိုးကြီး ကစားသမားအတွက် ပေါင်သန်း ၇၀ အလိုရှိနေတာဖြစ်ပါတယ်။
ယူနိုက်တက်က ထိုစျေးနှုန်း လိုက်ပါဖြည့်ဆည်းရန် ဆန္ဒမရှိဘဲ အဲဗာတန်က တောင်းဆိုမှုများကို လျှော့မပေးပါက ကစားသမားကိုခေါ်ယူရေးမှ နှုတ်ထွက်ရန် ပြင်ဆင်ထားပါတယ်။ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒီလစ်ချ်က နောက်ထပ် ရွေးချယ်စရာတစ်ခုဖြစ်နေပြီး ဘရန့်ဝိတ်ကိုခေါ်ယူနိုင်ရေးကလည်း ကြိုးစားနေတာကြောင့် စိတ်ဝင်းစားဖို့ကောင်းနေကြောင်း The Athletic က ဖော်ပြထားပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ပေါင်သန်း ၆၀ ဝန်းကျင်ဖြင့် ဒီလစ်ချ်အတွက် သဘောတူညီမှုရရှိရန် စောင့်ဆိုင်းနေသော်လည်း ယူနိုက်တက်က အဆိုပါပမာဏရဲ့ တစ်ဝက်ခန့်သာ ပေးချေရန် ပြင်ဆင်ထားပါတယ်။ အသက် ၂၄ နှစ်အရွယ် ဒီလစ်ချ်ဟာ အေဂျက်စ်မှာတုန်းက အဲရစ်တန်ဟက်ရဲ့လက်အောက်မှာ ကစားခဲ့ဖူးတာဖြစ်ပါတယ်။