ယူရို ၂၀၂၄ မှာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ရဲ့ အရန်ခုံမှာထားခြင်းခံရတဲ့အပေါ် ပြောကြားလိုက်တဲ့ ပယ်လ်မာ
ပယ်လ်မာဟာ စလိုဗေးနီးယားနှင့် ဂိုးမရှိသရေကျခဲ့တဲ့ပွဲရဲ့ နောက်ဆုံးမိနစ် ၃၀ တွင် မဝင်ရောက်မရှိအချိန်အထိ အင်္ဂလန်ရဲ့ ပထမဆုံးအုပ်စုနှစ်ပွဲဖြစ်တဲ့ ဆားဘီးယားနှင့် ဒိန်းမတ်တို့ပွဲမှာ ဝင်ရောက်မကစားခဲ့ရတဲ့ အရန်ကစားသမားသာဖြစ်ခဲ့ပါတယ်။
အင်္ဂလန်ရဲ့ ပွဲစဉ်တွေမှာ ကစားချိန်ပိုများလာစေရန် ပယ်လ်မာအတွက် ပြောဆိုသံများ ထွက်ပေါ်လာပြီး စလိုဗက်ကီးယားနှင့်ကစားမယ့် ၁၆သင်းအဆင့်ပွဲတွင် ပါဝင်ကစားသင့်တယ်လို့ ဝေဖန်သူအများအပြားက ယုံကြည်နေကြပါတယ်။
အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ရဲ့ကြယ်ပွင့်တွေထဲကတစ်ဦးဖြစ်ပြီး ၂၂ ဂိုးသွင်းယူကာ ၁၁ ဂိုးဖန်တီးမှုပြုလုပ်ထားကာ ချဲလ်ဆီးနဲ့ ပထမဆုံးရာသီမှာ အံ့အားသင့်ဖွယ်အကောင်းဆုံးကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
ယူရိုမှာ နေရာမရရှိတာကို ပယ်လ်မာက သတိပြုမိသော်လည်း ဆာကာ၊ ဖိုဒန်နှင့် ဘယ်လင်ဂမ်တို့ရှိနေတာကြောင့် ဆောက်ဂိတ်ရဲ့ပွဲထွက်စာရင်းမှာ နောက်ရောက်နေတယ်ဆိုတာ နားလည်နေတာဖြစ်ပါတယ်။
"ပရိသတ်တွေ ဘယ်လိုထင်လဲ ဆိုရှယ်မီဒီယာပေါ်မှာ မြင်နိုင်တယ်။ လူတွေက ကစားချင်တဲ့အသင်းတွေ အများကြီးရှိတော့ ဒါက ပုံမှန်ပါပဲ။ ဒီလိုမြင်ရတာ ဝမ်းသာပါတယ် ဒါပေမယ့် သူတို့နဲ့ မဆိုင်ဘူး မဟုတ်လား"
"ကိုယ်ရေးကိုယ်တာအရတော့ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပေမယ့် အဲဒါက ကျွန်တော့်အတွက်မဟုတ်ဘူး။ အချိန်ကိုစောင့်ရုံပဲ ကျွန်တော်တက်နိုင်တာကြောင့် လုပ်စရာရှိတာကို လုပ်ဖို့ကြိုးစားနေပါတယ်။ မိနစ် ၂၀ လောက်ကစားဖို့ စိတ်လှုပ်ရှားနေပြီး တစ်ခုခုလုပ်ဖို့ ဒါမှမဟုတ် အကျိုးသက်ရောက်မှုရှိအောင် လုပ်မယ်လို့ တွေးလိုက်ပါတယ်"
"ကျွန်တော် စိတ်မရှည်ဘူးလို့ မပြောဘူးဆိုတော့က ဒါဟာ ကျွန်တော့်ရဲ့ပထမဆုံးပြိုင်ပွဲဖြစ်ပြီး အသင်းမှာ ဆာကာ၊ ဖိုဒန်နဲ့ ဘယ်လင်ဂမ်တို့လို ကစားသမားတွေရှိတယ်ဆိုတာ နားလည်ထားရမှာပါ။ ဒါပေမယ့် ကျွန်တော်လုပ်တဲ့အခါ အထင်ကြီးဖို့ ကြိုးစားချင်ရုံပါပဲ" လို့ ပယ်လ်မာက ပြောပါတယ်။
အင်္ဂလန်ရဲ့ ယူရိုပြိုင်ပွဲက အဆင်ချောနေတာမဟုတ်သော်လည်း ဆောက်ဂိတ်က တနင်္ဂနွေနေ့ စလိုဗက်ကီးယားနှင့် ယှဉ်ပြိုင်ရမယ့်ပွဲအတွက် သူ့ရဲ့အသင်းကို အပြောင်းအလဲတစ်ခုသာ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရပါတယ်။ဆလိုဗက်ကီးယားဟာ အကောင်းဆုံးတတိယနေရာဖြင့် တက်တဲ့အသင်းတစ်သင်းပြီး အင်္ဂလန်နှင့်ကစားရမှာဖြစ်လို့ ရုန်းကန်ရမှာဖြစ်ကြောင်း အင်္ဂလန်ကစားသမားဟောင်း အလန်ရှီးယားက ပြောကြားခဲ့ပါတယ်။
Betfair သို့ ရှီးယားက "ဒီမှာ ကျွန်တော် ခန့်မှန်းထားတာ တစ်ခုပဲရှိပါတယ်။ အင်္ဂလန်ပါ သူတို့ တိုးတက်လာပါလိမ့်မယ်။ သူတို့က အခု တတိယနဲ့ စတုတ္ထ ဂီယာကို စပြီး လုပ်တော့မှာပါ""ဒါဆို အင်္ဂလန်က သံသယကင်းကင်းလုပ်မှာပါ။ စိတ်ချယုံကြည်ရတဲ့ နိုင်ပွဲလို့ မြင်နိုင်ပါတယ်။ ကျွန်တော်လည်း အဲ့ဒီလို မျှော်လင့်ပါတယ်""သူတို့က ခွန်အားတွေ ပိုပြမယ် ယုံကြည်မှုတွေ ပိုရှိလာမယ်။ ဒါက အင်္ဂလန်အတွက် ပြိုင်ပွဲစတော့မှာပါ" လို့ ပြောပါတယ်။