
The network connection is lost.

ဘွန်ဒက်စ်လီဂါပြိုင်ပွဲအတွင်း ၁၁ကြိမ်ဆက် ချန်ပီယံဖြစ်ထားအပြီးမှာ ချန်ပီယံဆုကို ထပ်မံကာကွယ်ခွင့်ရရေးနဲ့ ဥရောပပြိုင်ပွဲအတွင်းမှာပါ အောင်မြင်မှုရရန် ပြင်ဆင်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းက ဟယ်ရီကိန်းအပြင် အခြားပရီးမီးယားလိဂ် အရည်အသွေးမြင့် ကစားသမားတစ်ဦးဖြစ်တဲ့ ပယ်လင်ဟာကိုပါ ခေါ်ယူနိုင်ရန်နီးစပ်ခဲ့ဖူးပေမဲ့ ဖူလ်ဟမ်အသင်းက စာချုပ်သက်တမ်းတိုးမြှင့်နိုင်လိုက်တာပဲ ဖြစ်ပါတယ်။
ဂျာမနီဘက်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ကလပ်အသင်းက အသက် ၂၈နှစ်အရွယ် ဖူလ်ဟမ်အသင်းရဲ့ ပေါ်တူဂီကွင်းလယ် ကစားသမားကို အပြောင်းအရွှေ့ကာလ မပိတ်သိမ်းမီ ခေါ်ယူနိုင်ရန် လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကရာဗန်ကော့တေ့ချ် ပရိသတ်တွေရဲ့ အသည်းကျော် ကစားသမားဖြစ်တဲ့ ပေါ်တူဂီစတားက ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာ အထူးတလည် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး သွင်းဂိုး ၄ဂိုး သွင်းယူကာ ဖူလ်ဟမ်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
စပို့တင်းလစ္စဘွန်အသင်းကနေ ရောက်လာခဲ့ပြီး ပွဲဦးထွက် ရာသီမှာ အဆင့်အတန်းမြင့်မားတဲ့ ခြေစွမ်းပိုင်း ပြသထားနိုင်ခဲ့တဲ့ ပယ်လင်ဟာက ကွင်းလယ်ပိုင်း လိုအပ်ချက်များနေတဲ့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ပစ်မှတ်ကစားသမားအဖြစ် စိတ်ဝင်စားခြင်းခံနေရတာလည်း ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းက ပယ်လင်ဟာကို ခေါ်ယူရေးအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၇သန်းဖြင့် ကမ်းလှမ်းခဲ့တာဖြစ်ပေမဲ့ လန်ဒန်ကလပ်အသင်းဘက်မှ ပေါင် သန်း ၇၀ အထိတောင်းဆိုခဲ့တာကြောင့် ခေါ်ယူနိုင်ခဲ့ခြင်းမရှိတာလည်း ဖြစ်ပါတယ်။
ဖူလ်ဟမ်အသင်းက ပေါ်တူဂီစတားရဲ့ ၂၀၂၇ခုနှစ် နှစ်ကုန်မှာ စာချုပ်ပြည့်မှာဖြစ်တဲ့ မူလစာချုပ်ကို ၂၀၂၈ခုနှစ်အထိ သက်တမ်းကျန်စေမယ့် စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုရန် ကစားသမားနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပယ်လင်ဟာရဲ့ ဖူလ်ဟမ်အသင်းက ရှေ့လာမယ့်အပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ပရီးမီးယားလိဂ်ကို တန်းတက်လာပြီး ပုံစံကောင်းရရန် ရုန်းကနေရတဲ့ လူတန်တောင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပဲ ဖြစ်ပါတယ်။