Terms and Service
BalloneStar Redeem Code အသုံးပြုမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ (Terms & Conditions)
၁။ အထွေထွေ
Redeem Code ဖြင့် BalloneStar ဝန်ဆောင်မှုကိုအသုံးပြုနိုင်ပါပြီ။ Redeem Code ကို ဝယ်ယူခြင်း၊ Activate ပြုလုပ်ခြင်း သို့မဟုတ် အသုံးပြုခြင်းဖြင့် ယခု စည်းမျဉ်းစည်းကမ်းများအား အပြည့်အဝ သဘောတူလက်ခံသည်ဟု မှတ်ယူပါမည်။
၂။ Redeem Code ဝယ်ယူနိုင်မှု
Redeem Code များကို BalloneStar မှ တရားဝင် ခန့်အပ်အတည်ပြုထားသော Reseller များမှ တစ်ဆင့်သာ ဝယ်ယူနိုင်ပါသည်။ အတည်မပြုထားသော တတိယပါတီများထံမှ ဝယ်ယူထားသော Redeem Code များအတွက် BalloneStar မှ မည်သည့်ဝန်ဆောင်မှုမှ ပေးမည်မဟုတ်ပါ။
၃။ Redeem Code အသုံးပြုနည်း
Redeem Code ကို BalloneStar Web / App တွင် သတ်မှတ်ထားသော Redeem နေရာတွင် ထည့်သွင်း၍ Activate ပြုလုပ်ရပါမည်။ Redeem Code တစ်ခုလျှင် တစ်ကြိမ်သာ Activate ပြုလုပ်နိုင်ပါသည်။
၄။ အသုံးပြုကာလ (Validity)
Redeem Code တစ်ခုစီတွင် သတ်မှတ်ထားသော အသုံးပြုနိုင်သည့် ကာလ ရှိပါသည်။ Activate ပြုလုပ်ပြီးနောက် သတ်မှတ်ထားသော ကာလကုန်ဆုံးသည်နှင့် အလိုအလျောက် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။
၅။ အသုံးပြုကန့်သတ်ချက်များ
Activate ပြုလုပ်ပြီးသော Redeem Code ကို ပြန်လည်ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ မိတ္တူကူးယူခြင်း မပြုလုပ်ရပါ။ မမှန်ကန်သော နည်းလမ်းများဖြင့် အသုံးပြုထားကြောင်း တွေ့ရှိပါက BalloneStar သည် ဝန်ဆောင်မှုကို ချက်ချင်းရပ်ဆိုင်းနိုင်ပါသည်။
၆။ Refund & Liability
Redeem Code ကို Activate ပြုလုပ်ပြီးပါက Refund၊ Exchange သို့မဟုတ် Replacement ပြုလုပ်မည်မဟုတ်ပါ။ Code အမှား၊ ပျက်စီးမှု၊ အသုံးမပြုနိုင်မှုများအတွက် ဝယ်ယူခဲ့သော Reseller သို့ တိုက်ရိုက်ဆက်သွယ်ရပါမည်။ BalloneStar သည် Reseller များ၏ လုပ်ဆောင်ချက်များကြောင့် ဖြစ်ပေါ်လာသော ထိခိုက်နစ်နာမှုများအတွက် တာဝန်မယူပါ။
၇။ ဝန်ဆောင်မှု ပြောင်းလဲနိုင်မှု
BalloneStar သည် ဝန်ဆောင်မှုများ၊ Redeem Code ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အကြိုအသိပေးခြင်းမရှိဘဲ ပြောင်းလဲ၊ ရပ်ဆိုင်း သို့မဟုတ် ဖျက်သိမ်းနိုင်ခွင့် ရှိပါသည်။
၈။ အဆုံးသတ်
ယခု စည်းမျဉ်းစည်းကမ်းများသည် BalloneStar ၏ Redeem Code အသုံးပြုသူအားလုံးအတွက် တရားဝင် အကျုံးဝင်ပါသည်။