Terms and Service
BalloneStar Mobile Application သို့မဟုတ် BalloneStar Web Portal ကိုအသုံးမပြုမီ ဤစည်းမျဉ်းစည်းကမ်းများကို ဖတ်ရှုနားလည်သိရှိထားရန်လိုအပ်ပါသည်။
ဤစည်းမျဉ်းစည်းများအရ BalloneStar Mobile Application သို့မဟုတ် BalloneStar Web Portal တို့ကို စီမံဆောင်ရွက်လျှက်ရှိပါသည်။
သင်သည် BalloneStar Mobile Application သို့မဟုတ် BalloneStar Web Portal သို့ ဝင်ရောက်အသုံးပြုနေသူဖြစ်ပါက ဤစည်းမျဉ်းစည်းကမ်းများကို သဘောတူလက်ခံပြီးဖြစ်ကြောင်း အတည်ပြုပါသည်။
ဤစည်းမျဉ်း စည်းကမ်းများ၏ အကြောင်းအရာတစ်ခုခုကို လက်ခံသဘောတူညီမှုမရှိပါက BalloneStar Mobile Application သို့မဟုတ် BalloneStar Web Portal ကို အသုံးပြုနိုင်မည် မဟုတ်ပါ။
User ကန့်သတ်ချက်
BalloneStar Mobile Application သို့မဟုတ် BalloneStar Web Portal ကိုအသုံးပြုသူသည် အသက် ၁၈ နှစ်ပြည့်ပြီး သူဖြစ်ရပါမည်။ အသက် ၁၈ နှစ်အောက် ဖြစ်ခဲ့ပါက အုပ်ထိန်းသူ၏ ခွင့်ပြုချက် ရယူပြီးမှသာ အသုံးပြုရပါမည်။
BalloneStar Mobile Application သို့မဟုတ် BalloneStar Web Portal ဝန်ဆောင်မှုအား အခပေးစနစ်ဖြစ် အသုံးပြုနိုင် ပါသည်။ ATOM ဆင်းမ်ကတ်ပိုင်ရှင် သို့မဟုတ် ဆင်းမ်ကတ်အသုံးပြုရန် ပိုင်ရှင်၏ခွင့်ပြုချက် ရရှိထားသူများကို အခပေး သုံးစွဲသူအဖြစ် သတ်မှတ်သွားမည်ဖြစ်သည်။
အသုံးပြုသူသည် သင်၏ ဖုန်းအတွင်းသို့ထည့်သွင်းမည်ဆိုပါက အောက်ဖော်ပြပါ စည်းကမ်း သတ်မှတ်ချက်များကို သဘော တူညီမှုပြုလုပ်ရန်လိုအပ်ပါသည်။
အသုံးပြုသူ၏ အချက်အလက်များလုံခြုံရေး
အသုံးပြုသူ၏ မည်သည့် အကြောင်းအရာ အချက်အလက် များကိုမှ တရားဝင်မဟုတ်သောနည်းလမ်း နှင့် ဖေါ်ပြခြင်းမှ ကာကွယ်နိုင်ရန် အတွက် Electronic Procedures များကိုအသုံးပြုထားပါသည်။
စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ခြင်း
စည်းမျဉ်းစည်းကမ်းများကို လိုအပ်သည့်အချိန်၌ ပြင်ဆင်ခြင်း သို့မဟုတ် ဖြည့်စွက်ခြင်း စသည်တို့အားလုပ်ပိုင်ခွင့်ရှိပါသည်။ ထိုဆောင်ရွက်မှုများ အကောင်အထည်ပေါ်လာပါက စည်းမျဉ်းစည်းကမ်း အသစ်များကို စတင်အသုံးမပြုမီ ၁၅ ရက်ခန့် ကြိုတင်၍ အကြောင်းကြားနိုင်ရန်ကြိုးစားပါမည်။
BalloneStar Mobile Application သို့မဟုတ် BalloneStar Web Portal ကို အခပေး အသုံးပြုနေသော သူများအတွက် အခါအားလျှော်စွာ ကျင်းပပြု လုပ်လေ့ ရှိသော Promotion များနှင့် အခြားသော Campaign များအတွက် လိုအပ်သောစည်းမျဉ်းစည်းများကို လိုအပ်သလို ထုတ်ပြန် ကြေငြာသွားမည်ဖြစ်ပြီး အငြင်းပွားမှုကိစ္စ အကြောင်းအရာ တစ်စုံတစ်ရာ ရှိခဲ့ပါက “ဘောလုံးစတား” ဆုံးဖြတ်ချက် အတိုင်းသာ သဘောတူ နားလည်ပြီး လိုက်နာဆောင်ရွက်ရမည်ကို သိရှိပြီးဖြစ်ပါသည်။
အဖိုးအခ ကောက်ခံခြင်း
BalloneStar Mobile Application သို့မဟုတ် BalloneStar Web Portal ကိုအသုံးပြုနိုင်ရန်အတွက် ဝန်ဆောင်ခ တစ်ရက်လျှင် ၁၀၅ ကျပ် ကျသင့်မည်ဖြစ်ပါသည်။
BalloneStar Mobile Application သို့မဟုတ် BalloneStar Web Portal ဝန်ဆောင်မှုသည် စာရင်းပေးသုံးစွဲသောဝန်ဆောင်မှု ရယူထားရန်လိုအပ်ပါ သည်။ လူကြီးမင်းသည် ATOM အား လူကြီးမင်း အတည်ပြု ရွေးချယ်ထားသည့် စာရင်းပေးသုံးစွဲမှု အမျိုးအစား ဝန်ဆောင်မှု၊ ပက်ကေ့ချ် နှင့် အဖိုးအခကောက်ခံသည့် အကြိမ်ရေအပေါ်မူတည်၍ စာရင်းပေး သုံးစွဲခကို စာရင်းပေးသုံးစွဲမှု ရပ်စဲသည့် အချိန်ထိ လူကြီးမင်း၏ အကောင့်ထဲမှ အမှန်တကယ် အလို အလျောက် ဖြတ်တောက် နှုတ်ယူရန် အခွင့်ပေး ပါသည်။
အဆိုပါ စည်းကမ်းချက်များ သည် လူကြီးမင်းအနေဖြင့် စာရင်းပေး သုံးစွဲမှုကိုရပ်တန့်ခြင်း သို့မဟုတ် အဆိုပါ စည်းကမ်းချက်များအရ ဝန်ဆောင်မှု အလိုအလျောက် ရပ်စဲခြင်း အချိန်ထိ တရားဝင် တည်ရှိမည်ဖြစ်သည်။
ဝန်ဆောင်မှုဆိုင်ရာအဖိုးအခကောက်ခံခြင်းဆိုင်ရာစည်းကမ်းချက်များ
စာရင်းပေးသုံးစွဲ မှုရယူထားသော ဝန်ဆောင်မှု၏တရားဝင်အသုံးပြုနိုင်သည့်ကာလမှာ ၃၆၅ ရက်ဖြစ်ပြီး နေ့စဉ်/ အပတ်စဉ်/လစဉ်အရစ်ကျငွေပေးချေမှုစနစ်ဖြင့် ရွေးချယ်ထားသောဝန်ဆောင်မှုပေါ်မူတည်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။
အသုံးပြုမှုအတွက်အဖိုးအခကို ကောက်ခံသည့်အကြိမ်ရေမှာ တစ်ကြိမ် (ဥပမာသက်တမ်းတိုးမှုမပါသော သို့မဟုတ် နေ့စဉ်ကောက်ခံမှုမရှိသော) သို့မဟုတ် အစဉ်အဆက်လိုက် (ဥပမာ-အပတ်အလိုက်/ လအလိုက်ကောက်ခံမှုရှိသည့်၃၆၅ရက် အသုံးပြုနိုင်သည့်ဝန်ဆောင်မှု) ဖြစ်နိုင်ပါသည်။
အကယ်၍ အက်တမ်၏ မိတ်ဖက်ကုမ္မဏီများမှ ဝန်ဆောင်မှုတွင်အခမဲ့ စမ်းသပ်အသုံးပြုကာလပါရှိပါက အသုံးပြုသူသည်သတ်မှတ်ထားသည့် အခမဲ့စမ်းသပ်အသုံးပြုကာလ အတွက်သာဝန်ဆောင်မှုကိုအခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။ ထိုအခမဲ့စမ်းသပ်ကာလပြီးဆုံးပါက သင်၏ မိုဘိုင်းလက်ကျန်ငွေထဲမှဝန်ဆောင်မှုအတွက် နေ့စဉ်/ အပတ်စဉ်/ လစဉ်ကျသင့်ငွေကို ကောက်ခံမည်ဖြစ်သည်။
သုံးစွဲသူဘက်မှ ရယူထားသည့်ဝန်ဆောင်မှုအသုံးပြုနေခြင်းကို ပယ်ဖျက်နိုင်ပါတယ်။ ထိုသို့စာရင်းပယ်ဖျက်ရန် အကြောင်းကြားမှုလက်ခံရရှိပြီးနောက် ကျွန်ုပ်တို့ အက်တမ်အနေဖြင့် ဝန်ဆောင်မှုအသုံးပြုခကို ကောက်ခံတော့မည်မဟုတ်ပါ။
ဝန်ဆောင်မှုကိုရယူသည်ဟု အတည်ပြုမှုသည် ဤဝန်ဆောင်မှုဆိုင်ရာ အဖိုးအခကောက်ခံခြင်း ဆိုင်ရာစည်းကမ်းချက်များကို ကိုယ်တိုင်အသိအမှတ်ပြု လက်ခံကြောင်းအတည်ပြုပါသည်။ ဝန်ဆောင်မှုကိုလက်ခံပြီးသည်နှင့်တစ်ပြိုင်နက်စည်းမျဉ်းစည်းကမ်းချက်များကိုလက်ခံပြီး ဖြစ်ပါသည်။
တတိယအဖွဲ့အစည်း ဝန်ဆောင်မှုသို့ ချိတ်ဆက်ခြင်း
BalloneStar Mobile Application သို့မဟုတ် BalloneStar Web Portal တွင် အခြားကြော်ငြာ websites (သို့) Mobile App (Linked Site) များ (သို့) ချိတ်ဆက် Link များ ပါဝင်နိုင်ပါသည်။
ထိုကြော်ငြာ Linked Sites များသည် ကျွနုပ်တို့ ၏ ထိန်းချူပ်မှုအောက်တွင်မရှိပဲ Linked Site များ Update ပြုလုပ်ခြင်း (သို့) ပြောင်းလဲခြင်း တစ်စုံတစ်ရာ (သို့) ကန့်သတ်ခြင်းများ မရှိဘဲ မည်သည့် Linked Site အတွက်မဆို တာဝန်မရှိပေ။
အသုံးပြုသူ၏ ရနိုင်သော အခွင့်အရေး၊ ရပိုင်ခွင့် နှင့် တာဝန်များ
ယခု BalloneStar Mobile Application သို့မဟုတ် BalloneStar Web Portal သည် တရားဝင် မူပိုင်ခွင့်မှတ်ပုံတင်ထား ပြီး ပြဌာန်းထားသော တည်ဆဲတရားဥပဒေ၏ ကာကွယ်မှုအောက်တွင် တည်ရှိသည်။
BalloneStar Mobile Application သို့မဟုတ် BalloneStar Web Portal တွင်ပါဝင်သည့် HTML နှင့် အခြား Code များ, ဖွဲ့စည်းထားသည့် မာတိကာ(Contents)များ၊ အကြောင်းအရာ၊ စာသားများ၊ ပုံများ စသည်တို့အား ကူးယူသုံးစွဲခြင်း၊ ဆင်တူရိုးမှား၊ ထင်ယောင်ထင်မှား တုပပြုလုပ်ခြင်းများကို ပြင်းထန်စွာ တားမြစ်သည်။
BalloneStar ၏ Logo အား ဆင်တူရိုးမှား၊ ထင်ယောင်ထင်မှား တုပပြုလုပ်ခြင်းများကိုလည်း ပြင်းထန်စွာ ထားမြစ်ထားသည်။
အခပေး အသုံးပြုသူများသည် ဘောလုံးစတား အက်ပလီကေးရှင်း မှ အခါအားလျှော်စွာ ကျင်းပလေ့ရှိသော Promotion အစီအစဉ်များ နှင့် အခြား Campaign အစီအစဉ်များတွင် ထုတ်ပြန်ကြေငြာ ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ပါဝင်ခွင့်ရှိပါသည်။
အသုံးပြုသူသည် နေ့စဉ်လွှင့်တင်နေသော သတင်းအကြောင်းအရာများကို အချိန်နှင့် တစ်ပြေးညီ ဖတ်ရှုနိုင်ရန်အ တွက် Internet (Mobile Data/ Wi Fi) ချိတ်ဆက်အသုံးပြုရန်လိုအပ်ပါသည်။
BalloneStar Mobile Application သို့မဟုတ် BalloneStar Web Portal တွင် လွှင့်တင်ထားသော သတင်းအကြောင်းအရာများကို အများနှင့် သက်ဆိုင်သော နေရာများတွင် ပြန်လည်ဖြန့်ဝေခြင်း၊ တစ်ဦး တစ်ယောက်၏ ပုဂ္ဂလိက အကျိုးစီးပွား၊ အသင်းအဖွဲ့၊ ကုမ္ပဏီ စသည်တို့၏ အကျိုးစီးပွား အတွက် ဖြန့်ဝေခြင်း၊ ရောင်းချခြင်းများကို ပြင်းထန်စွာ တားမြစ်သည်။
BalloneStar Mobile Application အား တရားဝင်ခွင့်ပြုထားသော download link များမှဖြစ်စေ၊ blue tooth, Apk Share, Zapyar, Flash Transter စသည်တို့ဖြင့် လွတ်လပ်စွာ ဖြန့်ဝေသုံးစွဲနိုင်ပါသည်။အထက်ပါအချက်အလက်များကို ဖတ်ရှုနားလည်သဘောတူညီပြီးဖြစ်ပါက အသုံးပြုရန် ဆက်လက်လုပ်ဆောင်နိုင်ပြီ ဖြစ်ပါ သည်။