ခြေစွမ်းကောင်းရနေတဲ့ မဟာပြိုင်ဘက်၂သင်း စီးချင်းထိုးမယ့်ပွဲစဉ်မှာ ဘယ်အသင်းအနိုင်ရသွားမလဲ
ယနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ တကယ့် ပွဲကြီးပွဲကောင်းအဖြစ် ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့လျက် ရှိနေပါတယ်။ နောက်ဆုံး ၂ပွဲဆက် အနိုင်ရထားသလို ကတ်စ်မဲရိုး၊ အန်တိုနီတို့လို ကစားသမားကောင်းတွေကို ခေါ်ယူထားတဲ့ ယူနိုက်တက်တို့ ၅ပွဲဆက် နိုင်ပွဲရထားတဲ့ အာဆင်နယ်နဲ့ ခြေစွမ်းစမ်းသပ်ခံရမှာ ဖြစ်ပါတယ်။ ပရိသတ်အားပေးမှု အများဆုံးအသင်း၂သင်းလည်းဖြစ်သလို အမြဲတမ်း ပရိသတ်အချင်းချင်း ငြင်းခုန်ကြတဲ့ အသင်းတွေလည်း ဖြစ်တာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်ပြီး ပွဲကောင်း၁ပွဲ ဖြစ်မယ်ဆိုတာ သေချာနေပါတယ်။ ဒီပွဲစဉ်အကြောင်းကို ဘောလုံးစတားအယ်ဒီတာတွေက ပွဲကြိုခန့်မှန်းချက်အဖြစ် တင်ဆက်ထားပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်(၆)
ယူနိုက်တက် - အာဆင်နယ် (ည ၁၀း၀၀)