အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေချိန်မှာ ရက်ရှ်ဖို့ဒ်အကြောင်းပြောကြားလာတဲ့ အာမိုရင်
ယူနိုက်တက်နည်းပြ အာမိုရင်က မိမိတို့အသင်းဟာ ရက်ရှ်ဖို့ဒ်နဲ့အတူ ပိုကောင်းလာတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ မန်ချက်စတာဒါဘီမှာ စီးတီးကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ချန်လှပ်ခံခဲ့ရပြီးနောက် ရက်ရှ်ဖို့ဒ်တစ်ယောက် အသင်းကနေထွက်ခွာနိုင်တယ်လို့ သတင်းတွေထွက်လာခဲ့တာဖြစ်ပါတယ်။
အဆိုပါအခြေအနေနဲ့ပတ်သက်ပြီး အင်္ဂလန်သားက ဟင်နရီဝင်းတားနဲ့အင်တာဗျူးမှာ “ကျွန်တော် စိန်ခေါ်မှုအသစ်တွေအတွက် အသင့်ဖြစ်နေပြလို့ ထင်ပါတယ်။ ပြီးတော့ နောက်တစ်ဆင့်လည်း တက်နိုင်ဖို့ အသင့်ပါပဲ။ ကျွန်တော် ထွက်ခွားချိန်မှာ ခက်ခဲတဲ့ခံစားချက်မခံစားရလောက်ပါဘူး။ ခင်ဗျားအနေနဲ့ ကျွန်တော်ဆီကနေလည်း ယူနိုက်တက်နဲ့ပတ်သက်လို့ အနုတ်လက္ခဏာဆောင်တာတွေ ဘာမှကြားရမှာမဟုတ်ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။
အာမိုရင်က ရက်ရှ်ဖို့ဒ်အခြေအနေကို တိုက်ရိုက်မပြောရသေးပေမယ့် သူ့အနေနဲ့ အင်္ဂလန်သားကို ထိပ်တန်းအဆင့်ပြန်ရောက်အောင် ကူညီပေးသွားမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်အနေအထားနဲ့ပတ်သက်ပြီး အာမိုရင်က “မှန်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုအသင်းမျိုးက ကြီးမားတဲ့အရည်အချင်းရှိတဲ့ကစားသမားတွေလိုအပ်ပါတယ်။ သူက ထိပ်တန်းအဆင့်မှာ စွမ်းဆောင်ပြဖို့ လိုအပ်ပါတယ်။ အဲ့တာက ကျွန်တော် အာရုံစိုက်တာပါ။ ကျွန်တော် မားကပ်စ်ကို ကူညီပေးချင်ပါတယ်။
သူက ကျွန်တော်တို့ကစားသမားပါ။ ပြီးတော့ လာမယ့်ပွဲမှာ သူအဆင်သင့်ဖြစ်နေပါလိမ့်မယ်။ ကျွန်တော် မားကပ်စ်အပြင် အခြားကစားသမားတွေဆီကနေ အကောင်းဆုံးလိုချင်ပါတယ်။ အနာဂတ်အကြောင်း ကျွန်တော်မပြောချင်ပါဘူး။ ကျွန်တော်လက်ရှိအကြောင်းပဲပြောပါတယ်။ ကျွန်တော် သူတို့ဆီကနေ အကောင်းဆုံးလိုချင်ပါတယ်။ ကျွန်တော် အသင်းကိုအနိုင်ရအောင် ပိုကောင်းအောင်ကူညီပေးချင်ပါတယ်။
ပြီးတော့ မားကပ်စ်ကိုလည်း ပိုကောင်းကူညီပေးချင်ပါတယ်။ အဲ့တာက ရိုးရှင်းပါတယ်။ ကျွန်တော်တို့ အရင်မားကပ်စ်ကို မြင်ရအောင် ကူညီပေးချင်ပါတယ်”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။ အာမိုရင်က မန်ချက်စတာဒါဘီမှာ ဂါနာချို နဲ့ ရက်ရှ်ဖို့ဒ်တို့ိုကို မထည့်လာတာနဲ့ပတ်သက်ပြီး ကာရာဘောင်ဖလားပွဲကန်ရဦးမှာဖြစ်တာကြောင့်လို့ ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်ဟာ ပွဲကျပ်တွေကို ရင်ဆိုင်နေရပြီး ကြာသပတေးနေ့မှာ တော့တင်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် တနင်္ဂနွေနေ့မှာ ဘုန်းမောက်နဲ့ရင်ဆိုင်ရမှာဖြစ်ကာ Boxing Day မှာ ဝုဗ်နဲ့ထပ်မံရင်ဆိုင်ရမှာဖြစ်ပါတယ်။