အနာဂတ် ဘော်လွန်းဒီအော်ဆုနှင့်ပတ်သက်ပြီး ပြောကြားလိုက်တဲ့ ရိုဒရီ
ဘောလုံးဆိုတာ အတက်အကျရှိတဲ့ အားကစားတစ်ခုဖြစ်ပြီး ကစားသမားတစ်ဦးကတော့ ပွဲစဉ်အတွင်း ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ကာ ပြီးခဲ့တဲ့ရက်များအတွင်း ဘော်လွန်းဒီအော်ဆုကို ရရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ၁၉၉၆ ခုနှစ်တွင် မက်ဒရစ်မှာ မွေးဖွားခဲ့တဲ့ ရိုဒရီဂို ဟာနန်ဒက်ဇ် ပြီးခဲ့တဲ့ရာသီက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး မန်စီးတီးနှင့် နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂ လအတွင်း ခွဲစိတ်ကုသမှုခံယူပြီးနောက် ပြန်လည်သက်သာဖို့အတွက် လုပ်ဆောင်နေပြီး သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံးနှစ်နဲ့ပတ်သက်ပြီး AS သို့ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ၂၀၂၄ ခုနှစ်ကနေ ခင်များဘာတွေမျှော်လင့်သလဲဆိုတာနဲ့ အဆိုးဆိုးရွားရွားကြီးမဟုတ်ဘဲ ၂၀၂၅ ခုနှစ်ကနေ ဘာတွေမျှော်လင့်ထားသလဲ။
"လက်ရှိကျွန်တော့်ရဲ့ရည်မှန်းချက်က ပြန်လည်သက်သာလာဖို့ပါ။ တစ်စုံတစ်ယောက်က ကာလရှည်ဒဏ်ရာရရှိသွားတဲ့အခါ ခန္ဓာကိုယ်ကို အရင်လိုပဲ အကောင်းဆုံးအနေအထားသို့ ပြန်လည်ရောက်ရှိလိုကြပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်ရဲ့ရည်မှန်းချက်က ကြံ့ခိုင်မှုပြည့်ဝဖို့ဖြစ်ပြီး ဘာပြဿနာမှမရှိဖို့ပါ"
ယူရို၊ ဘော်လွန်းဒီအောနဲ့ ဒဏ်ရာရရှိမှုတွေကြား ဒီနှစ်မှာ အရမ်းကို ခက်ခဲပါတယ်။ အဆိုးနဲ့အကောင်းက ရောနေတာ ဟုတ်တယ်မဟုတ်လား။
"ပုံမှန်အရကြည့်မယ်ဆိုရင် ဒီနှစ်က ဟုတ်တယ်လို့ ထင်ပါတယ်။ စပိန်နဲ့အတူ ယူရိုဖလားရရှိခဲ့ခြင်းက ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်ပြီး ကလပ်ဖြစ်တဲ့ မန်စီးတီးနဲ့အတူ ဆုဖလားတွေရရှိဖို့အတွက် ကြိုးစားရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော်တို့က ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက် ရရှိခဲ့ပြီး သမိုင်းဝင်ပဲဖြစ်ပါတယ်။ ပြီးတော့ ဘော်လွန်းဒီအော်ဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် အနှုတ်သဘောဆောင်တဲ့ ဒဏ်ရာရရှိမှုလည်း ရှိခဲ့ပါတယ်။ အမှန်ပြောရမယ်ဆိုရင် ကျွန်တော်က တော်တော်ကောင်းနေပါပြီ။ ကျွန်တော့်အတွက်ကတော့ အကောင်းဆုံးနှစ်ဖြစ်ပါတယ်"
အိမ်မှာဘော်လွန်းဒီအော်ဆုကိုတွေ့ရတော့ ဘယ်လိုမျိုးထင်လဲ။
"အိမ်ကလူတွေနဲ့အတူ ကြည့်ခဲ့ပြီး အရိုးသားဆုံးပြောရရင် ဒီဆုကို ရရှိမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ ဒီဆုကိုရရှိခဲ့မယ်ဆိုရင် အဲ့ဒီအတွက် ကြိုးစားပြိုင်ဆိုင်ရမယ်လို့ သိနားလည်မိပါတယ်။ ဘာလို့ရော အဲ့ဒီလိုမထင်ရမှာလဲ။ အသင်းအဆင့်မှာ အလုပ်ကြိုးပြီး ရလဒ်ကောင်းရဖို့အတွက် လုပ်ရမှာပါ။ တစ်ဦးချင်းအတွက်လည်း အတူတူပါပဲ။ ဒီနှစ်မှာ လုပ်ခဲ့တာတွေအတွက် ဂုဏ်ယူမိပါတယ်"
နောက်ဆုံးအကြိမ်အဖြစ် စပိန်ကစားသမားဆုရရှိခဲ့တာက ၆၄ နှစ်လောက်ကြာသွားပြီနော်။
စပိန်ဘောလုံးအတွက် အကြွေးတင်ခဲ့တာဖြစ်ပြီး ကျွန်တော်ရဲ့ဘော်လွန်းဒီအော်ဆုရရှိခဲ့ခြင်းက ပြန်လည်ပေးဆပ်ခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ စပိန်နိုင်ငံသားတွေ ဘော်လွန်းဒီအော်ဆုမရရှိတာ ကြာပါပြီ။ ကျွန်တော်တို့က ဒုတိယအကြိမ်မြောက်ကို ရရှိခဲ့တာဖြစ်ပြီး လာမယ့်နှစ်များအတွင်း ရရှိဖို့အတွက် အလားအလာကောင်းပါတယ်"
၂၀၂၅ ခုနှစ်မှာလား စပိန်မှာ အလားအလာကောင်းတဲ့ ကစားသမားတွေရှိတယ်နော်။
"ကျွန်တော်လည်း အဲ့ဒီလိုထင်ပါတယ်။ အခြားနိုင်ငံတွေမှာလည်း ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေရှိပါတယ်။ ဆုရရှိဖို့အတွက် အလားအလာရှိသူတွေ ကျွန်တော်တို့မှာ ရှိပါတယ်။ အကောင်းဆုံးကစားသမားဖြစ်ဖို့အတွက် အကြောင်းအရာများစွာအပေါ်မူတည်နေပြီး အရှုံးမပေးဖို့အတွက် အရေးကြီးပါတယ်။ ဒီလိုမျှော်လင့်ချက်တွေနဲ့ ကစားသမားအပေါ် ဖိအားပေးတာက မကောင်းပါဘူး။ စပိန်နိုင်ငံသားက ဆုရရှိနိုင်တယ်ဆိုတာ သေချာပါတယ်"
ပဲရစ်ကဆုပေးပွဲမှာ ယာမဲလ်အကြောင်း ပြောခဲ့တာမလား။
"ကျွန်တော်က သူ့အပေါ်မှာ ဖိအားအနည်းငယ်ပေးခဲ့မိပါတယ် (ရယ်လျက်)။ ကျွန်တော့်အတွက်ကတော့ ဆုရရှိဖို့အတွက် သူ့မှာအရာအားလုံးရှိနေပါပြီ။ ဘယ်အချိန်ရမလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ဆုရဖို့ အလားအလာရှိတယ်လို့ ထင်ပါတယ်"
မန်ချက်စတာက ပရိသတ်တွေဆီကနေ အားပေးမှုတွေ ဘယ်လောက်အထိရလဲလို့ ထင်သလဲ။
"အဲ့ဒါကတော့ အံ့ဩဖို့ကောင်းပါတယ်။ မက်ဒရစ်မှာ ဘော်လွန်းဒီအော်ဆုအတွက် အတွေ့အကြုံရှိခဲ့တဲ့ ကိုဗာဆစ်နဲ့ အဲ့ဒီအကြောင်း ကျွန်တော်တို့ပြောဖြစ်ပါတယ်။ ဒီလိုမျိုး တစ်ခါမှမကြုံဖူးလို့ သူက ကျွန်တော့်ကို ပြောပါတယ်"
ဒီလိုမျိုးဒဏ်ရာရရှိတဲ့ သူတွေနဲ့ စကားပြောဖူးလား သူတို့တွေဆီကနေရော အကြံဉာဏ်ယူဖူးလား။ ကန်နယ်လက်စ် နဲ့ အက်ဆန်ဂျိုတို့ကလည်း အရင်က ဒီလိုဒဏ်ရာမျိုး ရရှိခဲ့ဖူးကြတယ်။
"ဟုတ်ပါတယ် အက်ဆန်စီရိုပါ။ သူ့ထံ ကျွန်တော် ဖုန်းဆက်ပြီး နည်းနည်းလောက်မေးတာကို မှတ်မိပါသေးတယ်။ သူက ကျွန်တော်တို့ရဲ့ မျိုးဆက်ကပဲဖြစ်ပြီး သူနဲ့အတူ တော်တော်များများကို တွေ့ကြုံဖူးပါတယ်။ သူ့ဆီကနေ အကြံဉာဏ်တောင်းခဲ့ပြီး သူကလည်း စိတ်ဓာတ်ကြံ့ခိုင်ဖို့အတွက် အများကြီး ကူညီခဲ့ပါတယ်"
ဒီရာသီမှာ ဆုဖလားရရှိမယ်လို့ ထင်မိလား။
ပထမဆုံးအနေနဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာပြီး အကောင်းဆုံးဖြစ်ချင်ပါတယ်။ ပြီးနောက် အရင်ကလိုအဆင့်မျိုးကို ပြန်ရောက်ချင်ပါတယ်"
အရင်လိုမဖြစ်တော့မှာကို စိုးရိမ်မိပါသလား။
"အဲ့ဒီကိုတော့ ကျွန်တော် မစိုးရိမ်ပါဘူး။ ကျွန်တော်က ဘယ်လိုကစားသမားမျိုးလည်းဆိုတာ ကောင်းကောင်းပါတယ်။ ဒီလိုဒဏ်ရာမျိုးက ဒီနေ့ခေတ်မှာ လွန်ခဲ့တဲ့ နှစ် ၃၀ ကလိုမျိုးမဟုတ်တော့ပါဘူး။ ဆေးအဖွဲ့ကလည်း အကောင်းဆုံးလုပ်ပေးနေတာကြောင့် ကျွန်တော်ကတော့ မစိုးရိမ်မိပါဘူး။ အကောင်းဆုံးပြန်လာနိုင်မှာပါ"