The network connection is lost.

Banner Image

ဒိန်းမတ်နဲ့ပွဲစဉ်အတွက် သေချာပြင်ဆင်ထားတယ်လို့ ပြောလာတဲ့ နာဂယ်စ်မန်း

ဂျူလီယံနာဂယ်စ်မန်းက ဂျာမနီအသင်းဟာ ယူရို၂၀၂၄ အုပ်စုပွဲစဉ်တွေထံကနေ တန်ဖိုးရှိတဲ့ သင်ခန်းစားတွေယူသွားမှာ ဖြစ်ပေမယ့် မတူညီတဲ့အခြေအနေနဲ့ ရင်ဆိုင်ရမယ့် ဒိန်းမတ်နဲ့ပွဲစဉ်အတွက် သေချာပြင်ဆင်ထားရမယ်လို့ ပြောခဲ့ပါတယ်။

ဂျာမနီအသင်းဟာ စကော့တလန်၊ ဟန်ဂေရီတို့နဲ့ပွဲစဉ်တွေမှာ အနိုင်ရခဲ့ပေမယ့် ဆွစ်ဇာလန်နဲ့ အုပ်စုပိတ်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပါတယ်။ နာဂယ်စ်မန်းက ရှုံးထွက်အဆင့်ကို အုပ်စုပထမနေရာကနေ တက်ရောက်နိုင်ခဲ့ခြင်းက လာမယ့်စိန်ခေါ်မှုတွေအတွက် အကျိုးဖြစ်စေနိုင်ကြောင်း ပြောခဲ့ပါတယ်။

နာဂယ်စ်မန်းက "ကျန်တော်တို့ ထင်ထားတာထက် ပိုလွယ်တဲ့ အဖွင့်ပွဲစဉ်နဲ့ စတင်ခဲ့ပေမယ့် ဟန်ဂေရီနဲ့ပွဲမှာတော့ ပိုမိုရှုပ်ထွေးလာပြီး ကြံ့ခိုင်မှုပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေရှိခဲ့ပါတယ်။ ဆွစ်ဇာလန်နဲ့ပွဲမှာတော့ ချေပဂိုးသွင်းဖို့တောင် ရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော်တို့ ဒီလိုအခြေအနေမျိုးတွေနဲ့ ရင်ဆိုင်နိုင်ဖို့လိုပြီး ဒီထက်ပိုခက်ခဲတဲ့အခြေအနေတွေကို ကျော်ဖြတ်နိုင်ဖို့လိုပါတယ်။ ဒါကြောင့် ရှုံးထွက်ပွဲစဉ်အတွက် ကျွန်တော်တို့ သေချာပြင်ဆင်ထားပါတယ်။ ဒိန်းမတ်က တောင့်တင်းတဲ့ ဖွဲ့စည်းပုံရှိတဲ့အသင်းဖြစ်ပါတယ်။ သူတို့မှာ အတွေ့အကြုံရင့်ကစားသမားအများအပြားပါဝင်သလို ရှင်းလင်းတဲ့ ကစားပုံလည်းရှိတာကြောင့် ခက်ခဲတဲ့ပြိုင်ဘက် ဖြစ်ပါတယ်"လို့ ပြောခဲ့ပါတယ်။