The network connection is lost.

Banner Image

၀က်စ်ဟမ်းနဲ့ပွဲစဉ်ကို ရူးသွပ်စရာပွဲတစ်ပွဲဖြစ်အောင် အာဆင်နယ်ကလုပ်ခဲ့တာလို့ ဝန်ခံလိုက်တဲ့ အာတီတာ

မီကယ်အာတီတာက မနေ့ညက ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲစဉ်ကို ရူးသွပ်လောက်စရာပွဲတစ်ပွဲဖြစ်အောင် အာဆင်နယ်က လုပ်ခဲ့တာလို့ ဝန်ခံသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အဆိုပါပွဲစဉ်ကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီး လေးဂိုးဆက်တိုက် သွင်းယူနိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းက နှစ်ဂိုးဆက်ပြန်သွင်းခဲ့တာကြောင့် ပွဲကအတော်လေးကြည့်ကောင်းခဲ့ပါတယ်။
ဒါပေမယ့် ပထမပိုင်းပြီးခါနီးမှာတင် ဆာကာက ပင်နယ်တီနဲ့ ဦးဆောင်ဂိုးထပ်သွင်းခဲ့တာကြောင့် ၅-၂ဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ပွဲကိုထိန်းကာ ဂိုးပြတ်နိုင်ပွဲရှာဖွေသွားနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာ အာတီတာက အာဆင်နယ်အသင်းရဲ့ ပွဲကိုထိန်းချုပ်နိုင်မှုအပေါ် ချီးကျူးခဲ့ပေမယ့် ကစားသမားတွေကို သတိပေးမှုတွေလည်း ပြုလုပ်သွားခဲ့ပါတယ်။
အာတီတာက "ကျွန်တော်တို့ ဒီပွကြို ရူးသွပ်စရာကောင်းအောင် လုပ်ခဲ့တာပါ။ ကျွန်တော်တို့ ဒီပွဲမှာ အကောင်းဆုံးစတင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ လေးဂိုးဆက်သွင်းပြီးတဲ့နောက် သူတို့က နှစ်ဂိုးပြန်သွင်းလိုက်တာကြောင့် ပွဲကပြန်အသက်ဝင်လာပါတယ်။ ကျွန်တော်တို့ အဲ့ဒီအချိန်မှာ ပွဲကိုထိန်းချုပ်နိုင်ဖို့ လိုခဲ့ပြီး အကောင်းဆုံလည်း လုပ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲက ခက်ခဲတဲ့ပွဲစဉ်တွေဖြစ်ပြီး ဒီပွဲတွေမှာ ဂိုးတွေအများကြီးသွင်းနိုင်ခဲ့တာက ကြီးကျယ်ပါတယ်။"လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အသင်းခေါင်းဆောင် အိုဒီဂတ် ပြန်လည်ပါဝင်လာခြင်းနဲ့အတူ နောက်ဆုံးသုံးပွဲမှာ ၁၃ဂိုးအထိ သွင်းယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်တက်လာခဲ့ပါတယ်။
ဂန်းနားတွေဟာ လာမယ့်ဗုဒ္ဓဟူးညမှာတော့ ယူနိုက်တက်အသင်းနဲ့ ပွဲကြီးပွဲကောင်းပွဲစဉ် ဆက်ကစားရမှာ ဖြစ်ပါတယ်။