The network connection is lost.

Banner Image

ဇန်နဝါရီအပြောင်းအရွှေ့အစီအစဉ်အကြောင်း အရိပ်အမြွက်ပြောကြားလိုက်တဲ့ အာတီတာ

အာဆင်နယ်အသင်းနည်းပြ အာတီတာက လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့အစီအစဉ်အကြောင်း အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ၂ ရာသီမှာ စီးတီးကိုဖိအားပေးနိုင်ခဲ့ပေမယ့် ချန်ပီယံဆုနဲ့လွဲချော်ခဲ့တာဖြစ်ပြီး အခုတတိယအကြိမ် ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ဒါပေမယ့်လည်း လီဗာပူးအသင်းကို ဖိအားပေးနိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး ၁ ပွဲကျန်အပြင် ၆ မှတ်ကွာဟနေဆဲဖြစ်ပါတယ်။

တိုက်စစ်ပိုင်းမှာလည်း ဆာကာကို လက်လွှတ်ထားရတဲ့အပြင် ဂျီးဆပ်စ် ၊ ဟာဗက်ဇ် ၊ မာတီနယ်လီ နဲ့ စတာလင်တို့ကလည်း ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ဆာကာကို လအတော်ကြာလက်လွှတ်ရမယ့်အနေအထားမှာ အာတီတာက ဇန်နဝါရီမှာ ပြင်ဆင်ဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။

“ဆက်လက်စောင့်ကြည့်ကြပါ။ တကယ်လို့ ကျွန်တော်တို့အတွက် အခွင့်အရေးရှိလာမယ်ဆိုရင် လုပ်ဆောင်သွားမှာပါ။ ဘယ်လောက်အခြေအနေရှိလဲဆိုတာ  စောင့်ကြည့်ရပါမယ်။ လက်ရှိအသင်းအခြေအနေက အဆင်ပြေဖို့တော့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အနာဂတ်ကို ဘယ်သူက ကြိုသိနိုင်မှာလဲဗျာ။ကျွန်တော်တို့ တစ်စုံတစ်ခုလိုအပ်တယ်ဆိုရင် ပြင်ဆင်သွားမှာပါ။

အခုဆောင်းဈေးကွက်အပြောင်းအရွှေ့က အလှည့်အပြောင်းများသလို ထိန်းချုပ်နိုင်ဖို့လည်း ခက်ခဲပါတယ်။ အခွင့်အရေးရနိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဈေးကွက်ထဲမှာ ရှိနေမှာပါ”လို့ အာတီတာက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

စပိန်သားရဲ့အာဆင်နယ်အသင်းဟာ လာမယ့်စနေနေ့မှာ ဘရိုက်တန်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် ကာရာဘောင်ဖလားပွဲမှာ နယူးကာဆယ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။