The network connection is lost.

Banner Image

ဘာစီလိုနာရဲ့ ၁၂၅ နှစ်မြောက်နှစ်ပတ်လည်အထိမ်းအမှတ်ပွဲကို တက်ရောက်မယ့် မက်ဆီ

သတင်းတွေအရ အင်တာမိုင်ယာမီစတား မက်ဆီတစ်ယောက် ဘာစီလိုနာရဲ့ ၁၂၅ နှစ်မြောက်အထိမ်းအမှတ်ပွဲကို တက်ရောက်မယ်လို့သိရပါတယ်။

မက်ဆီဟာ ၂၀၀၀ ခုနှစ်တုန်းက အသက် ၁၃ နှစ်အရွယ်မှာတင် ဘာစီလိုနာရဲ့လာမာစီယာအကယ်ဒမီကို ရောက်လာခဲ့တာဖြစ်ပြီး အဲ့နောက် နည်းပြ ဖရန့်ခ်လက်အောက် ၂၀၀၄ ခုနှစ်မှာ စီနီယာပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ အဲ့ကတည်းက မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး ၂၀၂၁ အထိ အသင်းမှာကစားခဲ့ပါတယ်။

ဘော်လွန်းဒီအော်ဆု ၈ ကြိမ်ရ အာဂျင်တိုင်းသားဟာ အဆိုပါနွေရာသီမှာ အသင်းနဲ့ဘဏ္ဍာရေးဆိုင်ရာပြဿနာတက်ခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းထံပြောင်းရွှေ့ခဲ့ပါတယ်။ ကတ္တလန်အခြေစိုက်သတင်းဌာနကတော့ လာပေါ်တာဟာ မက်ဆီကို အသင်းတည်ထောင်ခြင်း ၁၂၅ မြောက်အထိမ်းအမှတ်ပွဲကို တက်ရောက်ဖို့ သီးသန့်ဖိတ်ကြားမယ်လို့ ဆိုပါတယ်။

အဆိုပါပွဲကို ဂွါဒီယိုလာအပြင် ဘာစီလိုနာကစားသမားဟောင်းတွေလည်း တက်ရောက်မှာဖြစ်ပြီး မက်ဆီလည်း တက်ရောက်နိုင်ချေရှိနေတယ်လို့ သိရပါတယ်။ မက်ဆီ အခုတစ်ကြိမ်တက်ရောက်တာက ဘာစီလိုနာကနေထွက်ခွာပြီးနောက် ပထမဆုံးအကြိမ်ဖြစ်လာဖွယ်ရှိနေပြီး အင်နီယေစတာအနားယူတုန်းက နိုင်ငံအသင်းဆီရောက်နေတာကြောင့် မက်ဆီတစ်ယောက် လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဟာ အဆိုပါပွဲတင်ဆက်သူအဖြစ် နည်းပြဟောင်း ဗန်ဟားလ်ကို ဖိတ်ကြားထားပြီး မက်ဆီ နဲ့ နယ်သာလန်နည်းပြဟောင်းတို့ ၂၀၂၂ ကမ္ဘာ့ဖလားဖိုင်နယ်အပြီး ပထမဆုံးအကြိမ်ပြန်လည်တွေ့ဆုံမှာဖြစ်ပါတယ်။

အာဂျင်တိုင်းသားဟာ မေဂျာလိဂ်ရပ်နားခဲ့ပြီဖြစ်တာကြောင့် အနားရနေပြီး ဘာစီလိုနာရဲ့ပွဲကိုတက်ရောက်ရင်း လာမယ့်နိုဝင်ဘာ ၃၀ ရက်နေ့မှာကန်မယ့် လက်စ်ပါးမက်စ်နဲ့ပွဲကို တက်ရောက်ဖွယ်ရှိနေပါတယ်။