ဘာပေရဲ့လုပ်ခလစာအတွက် ပီအက်စ်ဂျီကို နောက်ဆုံးသတိပေးထားတဲ့ ဘာပေရဲ့ရှေ့နေအဖွဲ့
ရီးရဲလ်အသင်းစတားအသစ် ဘာပေကတော့ လာမယ့်အပတ်မှာ ပီအက်စ်ဂျီနဲ့ တရားဝင်လမ်းခွဲမှာဖြစ်ပေမယ့် အခြေအနေတွေက ရှုပ်ထွေးနေဆဲဖြစ်ပါတယ်။
သတင်းတွေအရ ဘာပေရဲ့ရှေ့နေတွေဟာ မပေးချေရသေးတဲ့လုပ်ခလစာအတွက် ပီအက်စ်ဂျီအသင်းကို နောက်ဆုံးသတိပေးထားတယ်လို့ သိရပါတယ်။ ဘာပေဟာ ဧပြီ ၊ မေလ နဲ့ ဇွန်လတွေရဲ့လုပ်ခလစာတွေမရသေးသလို ဖေဖော်ဝါရီတုန်းက ဘောနပ်စ်လည်း ကျန်နေသေးတာကြောင့် အားလုံးပေါင်း ယူရိုသန်း ၁၀၀ အထိ ရရှိမှာဖြစ်ပါတယ်။
ပီအက်စ်ဂျီဘက်က ဘာပေဟာ အဲ့ထဲကလုပ်ခလစာအချို့ကို မယူဖို့သဘောတူထားတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဘာပေရဲ့ရှေ့နေတွေကတော့ သူ့ကစားသမားထံ တရားဝင်ဆက်သွယ်မှုမရထားဘူးလို့ ဆိုပါတယ်။ အဆိုပါအခြေအနေတွေက တရားရုံးမှာ ဆုံးဖြတ်ချက်ခံယူရဖွယ်ရှိနေပါတယ်။
ပြင်သစ်ကလပ်ဘက်ကတော့ ဘာပေအနေနဲ့ နှုတ်အားဖြင့်သဘောတူထားတယ်လို့ တရားရုံးမှာ တင်ပြဖို့ ပြင်ဆင်နေပါတယ်။ ဘာပေဟာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ မလွယ်ကူခဲ့ပဲ အဆုံးသတ်မှာမှ ရီးရဲလ်အသင်းထံပြောင်းရွှေ့နိုင်ခဲ့တာဖြစ်ပါတယ်။