The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ဆီ မပြောင်းရွှေ့ခင် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ထုတ်ဖော်ပြောဆိုလိုက်တဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက် အမ်ဘာပေက ပီအက်စ်ဂျီအသင်းမှာ ရှိနေချိန် သူ့ကို မပျော်မရွှင်ဖြစ်အောင် လူပုဂ္ဂိုလ်အချို့ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြောလိုက်ပါတယ်။ အမ်ဘာပေက ပြီးခဲ့တဲ့တနင်္လာနေ့မှာပဲ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရီးရဲလ်မက်ဒရစ်ဆီ ရောက်ရှိလာခဲ့ပြီး ကာလရှည်ဇာတ်လမ်းတစ်ပုဒ်ကို အဆုံးသတ်သွားစေခဲ့ပါတယ်။

အင်္ဂါနေ့၊ ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အမ်ဘာပေက “ ပီအက်စ်ဂျီမှာ ကျွန်တော် မပျော်ရွှင်ခဲ့ရဘူးလို့ ပြောလိုက်မယ်ဆိုရင် ဒါက ကျွန်တော့်အပေါ် ကာကွယ်ပေးခဲ့သူတွေရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော် ပီအက်စ်ဂျီမှာ အမြဲတမ်းပျော်ရွှင်ခဲ့ပါတယ်။ တချို့ကိစ္စလေးတွေကတော့ ကျွန်တော့်ကို မပျော်မရွှင်ဖြစ်စေခဲ့ပေမယ့် ခေါင်းဆောင်တစ်ဦးဖြစ်နေတဲ့ ကျွန်တော့်လိုကစားသမား အနေနဲ့ ဒါကို ထုတ်မပြခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်က တက်နိုင်သမျှ အကောင်းဆုံးဖြစ်နေဖို့ပဲ ကြိုးစားခဲ့ပါတယ်။ နည်းပြနဲ့ ကစားသမားတွေ၊ အသင်းဝန်ထမ်းတွေက ကျွန်တော့်ကို ထောက်ခံအားပေးခဲ့ပြီး ကျွန်တော်မပျော်ရွှင်ခဲ့ဘူးလို့ ပြောလိုက်မယ်ဆိုရင် အတော်လေးကို ဆိုးရွားသွားပါလိမ့်မယ်။ ဒါပေမယ့် အချို့ကိစ္စတွေနဲ့ အချို့လူပုဂ္ဂိုလ်တွေက ကျွန်တော့်ကို မပျော်မရွှင်ဖြစ်အောင် လုပ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

အမ်ဘာပေက ပြီးခဲ့တဲ့နွေရာသီကာလအတွင်း ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီနဲ့အတူ ရာသီကုန်ကာလ၊ စာချုပ်သက်တမ်းတိုး၊မတိုး ဆွေးနွေးမှုတွေမှာ တောက်လျှောက်ဆိုသလို ပါဝင်ပတ်သက်ခဲ့ပါတယ်။ ဆက်လက်ပြီး အသက်-၂၅ နှစ်အရွယ်ကစားသမားက ပါရီကလပ်အသင်းအနေဖြင့် သူ့ကို ပွဲကစားခွင့်မပေးဖို့ ဆုံးဖြတ်လိုက်ချိန် သူ့ဘက်မှာ ကလပ်အသင်းနည်းပြ လူးဝစ်အင်းနရစ်နဲ့ အားကစားဒါရိုက်တာလူးဝစ်ကမ်ပို့စ်တို့ ရပ်တည်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့တွေက ကျွန်တော့်ရှေ့မှာ ပွဲကစားခွင့်မပေးနိုင်ဘူးလို့ ပြင်းပြင်းထန်ထန်ပြောဆိုခဲ့ပါတယ်။ လူးဝစ်အင်းနရစ်နဲ့ လူးဝစ်ကမ်ပို့စ်တို့ကတော့ ကျွန်တော့်ကို ကာကွယ်ပေးခဲ့ပါတယ်။ သူတို့နှစ်ဦးသာ မရှိခဲ့ရင် ကျွန်တော် ဘောလုံးကွင်းထဲခြေချခွင့်ရှိမှာတောင် မဟုတ်ပါဘူး”လို့ အမ်ဘာပေက ပြောပါတယ်။

အမ်ဘာပေနဲ့ ပြင်သစ်လက်ရွေးစင် အသင်းက ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်းအဖြစ် လူဇင်ဘော့၊ ကနေဒါတို့နဲ့ ခြေစမ်းပွဲကစားသွားပါလိမ့်မယ်။ ယူရို-၂၀၂၄ အုပ်စုအဆင့်မှာတော့ ပြင်သစ်လက်ရွေးစင်အသင်းက သြစတြီးယား၊ နယ်သာလန်၊ ပိုလန်တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပါတယ်။