The network connection is lost.

Banner Image

အာဆင်နယ်စတားဟာ ရော်နယ်ဒိုအဆင့်မျိုးရောက်နိုင်တယ်လို့ အာတီတာ ထောက်ခံ

အာဆင်နယ်အသင်းနည်းပြ အာတီတာက တောင်ပံကစားသမား ဆာကာဟာ ရော်နယ်ဒိုလိုအဆင့်မျိုးရောက်နိုင်တယ်လို့ ထောက်ခံလိုက်ပါတယ်။ ဆာကာဟာ လက်ရှိမှာအာဆင်နယ်အတွက် အရေးပါတဲ့ကစားသမားဖြစ်လာနေပြီး ပြိုင်ပွဲစုံနောက်ဆုံး ၃ ပွဲမှာ ၇ ဂိုးသွင်း ၊ ၇ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် နောက်ဆုံးပွဲမှာလည်း ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ၅-၂ နဲ့အနိုင်ယူနိုင်ခဲ့ကာ ဆာကာက ၁ ဂိုးသွင်း ၊  ၂ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ အာတီတာက အင်္ဂလန်သားရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး အသက် ၂၃ နှစ်သားဟာ ရော်နယ်ဒိုလိုအဆင့်မျိုးရောက်နိုင်တယ်လို့ မျှော်လင့်နေပါတယ်။

စပိန်သားနည်းပြက ဆာကာရဲ့စိတ်ပိုင်းဆိုင်ရာ ၊ ကျွမ်းကျင်မှု နဲ့ အလုပ်အပေါ်အားထုတ်မှုက ရော်နယ်ဒိုနဲ့ဆင်တူဖို့လိုအပ်တယ်လို့ ဆိုလိုက်ပါတယ်။ “အမြဲတမ်းကောင်းနေဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ချေရှိနေပါတယ်။ ရော်နယ်ဒိုက ယူနိုက်တက်အသင်းကိုပြောင်းလာချိန်မှာ ကစားသမားဘဝကို စတင်ခဲ့တာပါ။ ဘယ်သူမှ ရာသီအနည်းငယ်အတွင်း သူလုပ်ပြနိုင်လိမ့်မယ်လို့ မျှော်လင့်မထားပါဘူး။

ဒါပေမယ့် အဲ့လိုလုပ်နိုင်တာက သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ၊ အလုပ်အပေါ်ထားတဲ့ကျင့်ဝတ် နဲ့ သူ့ရဲ့ကျွမ်းကျင်မှု ၊ အသင်းနဲ့အချိတ်ဆက်မိမှုတွေကြောင့်ပါ။ အဲ့တာက အရမ်းကိုအရေးပါပါတယ်။ တကယ်လို့ ဆာကာအနေနဲ့ ရော်နယ်ဒိုလိုမျိုးဖြစ်ချင်တယ်ဆိုရင် သေချာလေးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ 

အဲ့တာက အပေါင်းလက္ခဏာဆောင်တယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ အာတီတာက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဆာကာဟာ အခုလာမယ့်ယူနိုက်တက်နဲ့ပွဲမှာ  ခြေစွမ်းပြနိုင်ဖို့ ပစ်မှတ်ထားနေပြီး အိမ်ကွင်းမှာ မဟာပြိုင်ဘက်ကို ဧည့်ခံရမှာဖြစ်ပါတယ်။