ရီးရဲလ်မက်ဒရစ်ပစ်မှတ် အယ်လ်ဖွန်ဆိုဒေးဗီးစ်နဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ဆွေးနွေးနေတဲ့ ဘိုင်ယန်
အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို အသင်းမှာ ဆက်ထိန်းထားနိုင်ရေးမျှော်လင့်ချက်ကို ဘယ်တော့မှ စွန့်လွှတ်သွားမှာမဟုတ်ဘူးလို့ ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာ ခရစ္စတိုဖရိုင်က ပြောပါတယ်။
စာချုပ်သက်တမ်းနောက်ဆုံး ၁၂ လဆီ ဝင်ရောက်လာပြီဖြစ်တဲ့ ကနေဒါလက်ရွေးစင်ဘယ်နောက်ခံလူကို ခေါ်ယူနိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်ကလည်း စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ ကစားသမားကို ဆက်ထိန်းထားနိုင်ဖို့ ယုံကြည်မျှော်လင့်နေဆဲပဲလို့ ဖရိုင်က ပြောပါတယ်။
“စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးခဲ့ပြီးပါပြီ။ အခုတော့ ဒေးဗီးစ်က အားလပ်ရက်ရရှိနေပါတယ်။ တံခါးတွေလည်း မပိတ်ထားပါဘူး။ အရေးအကြီးဆုံးကတော့ သူ့အတွက် ကောင်းမွန်တဲ့ ရာသီကြိုပြင်ဆင်မှုတစ်ခုဖြစ်လာဖို့နဲ့ သူ့ရဲ့ခြေစွမ်းပြန်ရလာဖို့ပဲ ဖြစ်ပါတယ်။ လတ်တလောနှစ်တွေမှာ ဒေးဗီးစ်က အသင်းရဲ့အဓိက ကစားသမား ဖြစ်လာပါတယ်”လို့ ဖရိုင်က ဆိုပါတယ်။