The network connection is lost.

Banner Image

ကွန်ဒီအတွက် အာဆင်နယ်ရဲံ ချဉ်းကပ်မှုကို တုံ့ပြန်လိုက်တဲ့ ဘာစီလိုနာ

ကွန်ဒီဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဆီဗီလာမှ ယူရိုသန်း ၅၀ (ပေါင် ၄၁.၈ သန်း) ဖြင့် ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘာစီလိုနာနှင့်အတူ ဒုတိယရာသီကို ကစားခဲ့တာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ဗဟိုခံစစ်နှင့် ညာနောက်တန်းတွင် ကစားနိုင်သော်လည်း ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာရဲ့ ညာခြမ်းတွင် အဓိကကစားခဲ့ပြီး ယူရို ၂၀၂၄ ရှိ ပြင်သစ်ရဲ့ အုပ်စု ၃ ပွဲတွင် အဆိုပါနေရာမှာပဲ ကစားခဲ့တာဖြစ်ပါတယ်။

Jijantes ရဲ့ အဆိုအရ အာဆင်နယ်ဟာ ဒီနွေရာသီမှာ ကွန်ဒီကို ခေါ်ယူနိုင်ဖို့နှင့်ပတ်သက်ပြီး ဘာစီလိုနာထံ စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ထားပေမယ့် လာလီဂါကလပ်ကတော့ ပြင်သစ်လက်ရွေးစင်ကစားသမားကို မရောင်းချလိုနေတာဖြစ်ပါတယ်။

"လောလောဆယ်မှာ သူထွက်ခွာမှာမဟုတ်ဘူးလို့ ဘာကာက သူတို့ကိုပြောထားပြီး ကွန်ဒီ ထွက်ခွာဖို့အတွက် မြင့်မားတဲ့ကမ်းလှမ်းမှုတစ်ခုလိုမှာပါ"

"အရူဂျိုအတွက်သာ စောင့်နေတယ်ဆိုတာကို အာဆင်နယ်ကို ပြောထားပြီး ဒါဟာ သူနဲ့ဘာတွေဖြစ်မလဲဆိုတာ မူတည်ပါတယ်"

"ကွန်ဒီကိုရောင်းဖို့ သံသယတွေ အများကြီး ရှိပါတယ်။ နှစ်ယောက်စလုံးကိုမရောင်းနိုင်ဘူး ဒါမှမဟုတ် တစ်ယောက် မဟုတ် တစ်ယောက်ကို ရောင်းရမယ်ဆိုတာ ကျွန်တော် သဘောတူတယ်" လို့ Jijantes ရဲ့အစီစဉ်တင်ဆက်သူ ရိုမီရိုကပြောကြားခဲ့ပါတယ်။

ကွန်ဒီဟာ ဘာစီလိုနာနှင့် စာချုပ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ယူရို ၁ ဘီလီယံ (ပေါင် ၈၃၇ သန်း) အထိ စာချုပ်ဖျက်သိမ်းခရှိနေပြီး နောက်ခံလူအတွက် ပြောင်းရွှေ့ကြေးကို ညှိနှိုင်းရန် လိုအပ်မှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပင် ဘာစီလိုနာဟာ ရော်နယ်အရူဂျိုရဲ့ အနာဂတ်က ရှင်းရှင်းလင်းလင်းဖြစ်နေပြီး ဥရုဂွေးလက်ရွေးစင်အတွက် ကမ်းလှမ်းမှုများပြုလုပ်ရန် ကလပ်ကလမ်းဖွင့်ထားတာဖြစ်ပါတယ်။

အရူဂျိုရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၆ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် သူ့ကိုခေါ်ယူရန် ယူနိုက်တက်နှင့် ဘိုင်ယန်မြူးနစ်တို့အပါအဝင် ဥရောပတစ်ဝှမ်းရှိ ကလပ်အများအပြားက စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြပါတယ်။

ရန်ပုံငွေရှာဖွေရန်ဖို့ ဘာစီလိုနာဟာ အရူဂျိုအတွက် ယူရိုသန်း ၁၀၀ (ပေါင် ၈၄.၆ သန်း) လိုချင်နေတယ်လို့ သတင်းများထွက်ပေါ်နေသော်လည်း အဆိုပါစျေးနှုန်းဟာ နွေရာသီတွင် ကန့်သတ်ဘတ်ဂျက်ဖြင့် လုပ်ဆောင်နေတဲ့ ယူနိုက်တက်အတွက် ဆွဲဆောင်မှုမဖြစ်နိုင်နေတာဖြစ်ပါတယ်။

မတ်လအတွင်းက ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာက ကလပ်ရဲ့ဦးစားပေးမှုဟာ အရူဂျိုကို ဆက်လက်ထားရှိရန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။လာပေါ်တာက "ကျွန်တော် သူ့ကို တစ်သက်လုံး သက်တမ်းတိုးပေးမှာပါ"

"သူက အံ့ဩစရာကောင်းတဲ့ကစားသမားပါ။ သူက ကလပ်ရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူတွေထဲက တစ်ယောက်ပါ" လို့ ပြောပါတယ်။လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းမှာ ကစားခွင့်ရဖို့ အာမခံနိုင်မလားလို့ မေးတဲ့အခါမှာတော့ အရူဂျိုက "ကျွန်တော် ကိုပါအမေရိကဖလားအတွက်ကိုသာ ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ထားပါတယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။