The network connection is lost.

Banner Image

ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲက ပေါက်ကွဲမှုတွေကို ပီအက်စ်ဂျီနဲ့ပွဲမှာ အသုံးချဖို့ အာတီတာတိုက်တွန်း

ဘုန်းမောက်အသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် ဖြစ်ပေါ်လာတဲ့ "ဒေါသ၊ စိတ်ပျက်မှု၊ ပေါက်ကွဲမှု" တွေကို စုစည်းပြီး ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီအသင်းကို အနိုင်ယူရန်နည်းပြ အာတီတာက အာဆင်နယ်ကစားသမားတွေကို တိုက်တွန်းလိုက်ပါတယ်။

မနေ့ညက အိမ်ကွင်းမှာ ဘုန်းမောက်အသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အာတီတာက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ဗုဒ္ဓဟူးနေ့ ပီအက်စ်ဂျီအသင်းနဲ့ ကစားရမယ့်ပွဲအတွက် ပြင်ဆင်မှုတွေဟာ မပြည့်စုံခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ထားတာကြောင့် ပါ့ခ်ဒယ်ပရင့်စ်ကွင်းမှာ အနည်းဆုံး (၂) ဂိုးအသာနဲ့ အနိုင်ရရှိမှသာ နောက်တစ်ဆင့်တက်နိုင်မှာဖြစ်ပါတယ်။ အာတီတာက "ဒါက မှန်ကန်တဲ့ခြေစွမ်းကို မဖြစ်ပေါ်စေခဲ့ပါဘူး။ ဒေါသတွေ၊ စိတ်ပျက်မှုတွေ၊ အမျက်ဒေါသတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒါတွေကို ဗုဒ္ဓဟူးနေ့မှာ အသုံးချရပါမယ်။ ကျွန်တော်တို့ လုပ်ရမှာက အဲဒါပါပဲ" လို့ ပြောကြားခဲ့ပါတယ်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ အသင်းရဲ့ စိတ်ခံစားချက်နဲ့ပတ်သက်ပြီး "ကျွန်တော်တို့က ကောင်းမွန်တဲ့ခံစားချက်တွေ၊ ရလဒ်ကောင်းတွေရရှိပြီး ဗုဒ္ဓဟူးနေ့အတွက် အကောင်းဆုံးပြင်ဆင်ချင်ခဲ့တာပါ။ အခုတော့ ကျွန်တော်တို့ဟာ ဒေါသတွေ၊ စိတ်ပျက်မှုတွေ၊ အမျက်ဒေါသတွေနဲ့ ဗိုက်ထဲမှာ ခံစားချက်မကောင်းတာတွေ ဖြစ်ပေါ်နေပါတယ်။ ဒါတွေကို ဗုဒ္ဓဟူးနေ့မှာ ပါရီမှာ ခြေစွမ်းပြပြီး အနိုင်ရကာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့အတွက် အသုံးချရပါမယ်" လို့ အာတီတာက ရှင်းပြခဲ့ပါတယ်။