The network connection is lost.

Banner Image

ချဲလ်ဆီးထံကိုသာ ပြောင်းချင်နေတဲ ယူနိုက်တက်စတား

သတင်းတွေအရ ယူနိုက်တက်စတား ဂါနာချိုတစ်ယောက် အခုနွေရာသီမှာ ချဲလ်ဆီးအသင်းထံကိုသာ ပြောင်းချင်နေတယ်လို့ သိရပါတယ်။ ဂါနာချိုဟာ အာမိုရင်လက်အောက်မှာ နေရာရဖို့မသေချာတော့တာကြောင့် ယူနိုက်တက်ကနေထွက်ခွာရတော့မှာဖြစ်ပါတယ်။ တိုက်စစ်တောင်ပံနေရာမှာ ခြေစွမ်းကောင်းတွေရှိနေတာကြောင့် ချဲလ်ဆီးက အခုနွေရာသီမှာ အလိုရှိနေပါတယ်။ 

ဂါနာချို နဲ့ ချဲလ်ဆီးတို့ကြား ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီဖြစ်ပေမယ့် ယူနိုက်တက်တောင်းဆိုတဲ့တန်ကြေးကို လိုက်မီဖို့တော့ ချဲလ်ဆီးအနေနဲ့ လိုအပ်နေဆဲဖြစ်ပါတယ်။ ယူနိုက်တက်ဘက်က ဂါနာချိုအတွက် ပေါင်သန်း ၅၀ အလိုရှိနေပေမယ့် ချဲလ်ဆီးဘက်က ပေါင်သန်း ၃၀ လောက်သာ ပေးချင်နေပါတယ်။ ဂါနာချိုအနေနဲ့ ချဲလ်ဆီးအသင်း နဲ့ ယူနိုက်တက်တို့ကြား သဘောတူညီမှုရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကလည်း ဂါနာချိုကိုခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေပါတယ်။

ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ ဂျာမန်ကလပ်ထံ သူ့အနေနဲ့ ချဲလ်ဆီးအသင်းကိုသာ ပြောင်းချင်ကြောင်း အသိပေးထားခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ ဂါနာချိုကိုခေါ်ယူနိုင်ဖို့အတွက် ကစားသမားအရင်ရောင်းချရဖို့များနေပါတယ်။ အန်ကူကူကိုရောင်းချဖို့ ပြင်ဆင်နေကာ အပြီးသတ်သာရောင်းချချင်နေပါတယ်။ ဘိုင်ယန်ဟာ ချဲလ်ဆီးအသင်းစတားကို အငှားနဲ့ခေါ်ယူဖို့ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ဒါ့အပြင် နောက်ထပ်တိုက်စစ်မှူး ဂျက်ဆင်ကလည်း ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။

ဂါနာချိုအပြင် ချဲလ်ဆီးအသင်းဟာ လိုက်ပ်ဇစ်စတား ဇာဗီဆိုင်မွန်ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဆိုင်မွန်ကိုခေါ်ယူဖို့ ပြင်ဆင်နေပေမယ့်  ချဲလ်ဆီးအနေနဲ့ နယ်သာလန်အတွက် တန်ကြေးပေးချေနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အခုရာသီအစမှာ ပဲလေ့စ်အသင်းကို ဂိုးမရှိသရေကျခဲ့တာဖြစ်ပါတယ်။ မာရက်စ်ကာရဲ့အသင်းဟာ လန်ဒန်ဒါဘီပွဲအဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ဒုတိယပွဲရင်ဆိုင်ရမှာဖြစ်ပါတယ်။