
ဂွန်ကာလိုရာမို့စ်ရဲ့ နောက်ကျသွင်းဂိုးဖြင့် ဘာစီလိုနာကို အနိုင်ယူခဲ့တဲ့ ပီအက်စ်ဂျီ
ဘာစီလိုနာ ၁-၂ ပီအက်စ်ဂျီ (ပွဲပြီးရလဒ်)
လက်ရှိဥရောပရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးကလပ်အသင်းနှစ်ခုထိပ်တိုက်တွေ့ဆုံမှုက အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်မှုတွေနဲ့အတူ အကြိတ်အနယ်ရှိတဲ့ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဖွင့်ဂိုးကိုတော့ ဘာစီလိုနာတိုက်စစ်မှူးဖာရန်တောရက်စ်က သွင်းယူခဲ့ပြီး ပထမပိုင်းပွဲချိန်မပြီးဆုံးခင်မှာတင် မာယူလူက ဧည့်သည်တွေအတွက် အလွန်အရေးပါတဲ့ချေပဂိုးကို ရယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာလည်း တဖက်နဲ့တဖက် ရေကုန်ရေခမ်းယှဉ်ပြိုင်ကစားသွားခဲ့ပြီး သာမန်ပွဲကစားချိန်ပြည့်မြောက်ချိန်မှာ ဘာစီလိုနာအသင်းရဲ့လူကျွံထောင်ခြောက်ကို ဖောက်ထွက်သွားတဲ့ လူစားဝင်တိုက်စစ်မှူးဂွန်ကာလိုရာမို့စ်က အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။