The network connection is lost.

Banner Image

ရွန်းနီအမေရိကားကို ပြောင်းသွားတာက ကောလင်းကို စိတ်ဓာတ်ကျစေတယ်လို့ သူငယ်ချင်းဖွင့်ဟ

အသက် ၃၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမားကြီး ဝိန်းရွန်းနီတစ်ယောက် တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်ပြီး ၂၀၂၃ မှသက်တမ်းကုန်မယ့် စာချုပ်တစ်ရပ်ကို ဝါရှင်တန်မြို့အခြေစိုက် ဒီစီယူနိုက်တက်နဲ့ စာချုပ် ချုပ်သွားခဲ့ပါပြီ။ ဒီစာချုပ်က ရွန်းနီသူ့သဘောနဲ့တူ ချုပ်ခဲ့တဲ့စာချုပ်ပါ။ ဇနီးသည်ကောလင်းရဲ့ ခွင့်ပြုချက်မပါပဲ ချုပ်ခဲ့တဲ့စာချုပ်ဖြစ်တာကြောင့် ကလေး ၄ ယောက်အမေ ကောလင်းအတွက်တော့ အရမ်းကိုခက်ခဲနေကြောင်း သူငယ်ချင်း ဒန်နီရယ်လွိုက်က ပြောခဲ့ပါတယ်။

အသက် ၃၆ နှစ်ပဲဖြစ်တဲ့ ကောလင်းကတော့ ယူကေမှာသာ ကလေးတွေနဲ့အတူနေခဲ့ပြီး ဒီကိစ္စက ကောလင်းကို တော်တော်လေး ဒေါသထွက်စေခဲ့တယ်လို့ မော်ဒယ်ဟောင်း ဒန်နီရယ်ကပြောပါတယ်။

ဒန်နီရယ်က “ကောလင်းအတွက်တော့ ခက်ခဲတာပေါ့။ နည်းနည်းတော့ ဒေါသထွက်ချင်စရာပါပဲ၊ ဒါပေမယ့် သူဘာလို့ ယူကေမှာပဲ နေခဲ့လဲဆိုတာ ကျွန်မသိပါတယ်။ အမေရိကမှာနေရတာကို သူမကြိုက်ပါဘူး၊ အဲ့ဒီမှာလည်း ခက်ခဲပါတယ်။ နေရာသစ်တစ်ခုမှာ အခြေကျဖို့ဆိုတာ မလွယ်ပါဘူး၊ သူ့မှာ သားလေးယောက်နဲ့ နိုင်ငံပြောင်းပြီးပါ အခြေချဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲ့ဒါကြောင့် ဒီနိုင်ငံမှာပဲ သူဆက်နေချင်တဲ့ သူ့ရဲ့ဆန္ဒကိုအပြစ်မတင်နိုင်ပါဘူး”လို့ပြောခဲ့ပါတယ်။

ရွန်းနီကလည်း ကောလင်းနဲ့ သား ၄ ယောက်မပါပဲ အမေရိကန်ကို မပြောင်းဘူးဆိုပြီး အတည်ပြုခဲ့ပါသေးတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ပြန်ပြင်ပြီးတဲ့နောက် အမေရိကန်နိုင်ငံကို တစ်ယောက်တည်း ထွက်ခွာသွားခဲ့ပါတယ်။ ရွန်းနီကစားသမားဘဝမှာ ဒီစီယူနိုက်တက်အတွက် ကစားစဉ်တုန်းကတော့ တစ်မိသားစုလုံး အမေရိကန်ကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၈ ကနေ ၂၀၂၀ ထိ နေခဲ့ပေမယ့် ကောလင်းအနေနဲ့ နိုင်ငံရပ်ခြားမှာ အခြေကျဖို့ ရုန်းကန်ခဲ့ရပါတယ်။