The network connection is lost.

Banner Image

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဂိုးနည်းပြအဖြစ် ချဲလ်ဆီးက ဟီလာရီယိုကို ခန့်အပ်လိုက်တဲ့ တူချယ်

ဇန်နဝါရီလ ၁ ရက်နေ့မှာ အင်္ဂလန်နည်းပြအဖြစ် စတင်တာဝန်ယူချိန်မှာတော့ တူချယ်ဟာ ချဲလ်ဆီးဂိုးနည်းပြ ဟီလာရီယိုကို နည်းပြအဖွဲ့ဝင်အဖြစ် ခန့်အပ်သွားမှာဖြစ်ပါတယ်လို့ ESPN သို့ သတင်းရင်းမြစ်များက ပြောပါတဘ်။

တူချယ်ဟာ ဟီလာရီယိုကို ခန့်အပ်နိုင်ဖို့ ပစ်မှတ်ထားနေပြီး အသက် ၄၉ နှစ်အရွယ်နည်းပြဟာ စတန်းဖို့ဒ်ဘရစ်ချ်ရှိ သူ့ရဲ့ရာထူးကနေ နှုတ်ထွက်ခဲ့ပြီဖြစ်ပါတယ်လို့ အောက်တိုဘာလ ၁၈ ရက်တုန်းက ESPN က ဖော်ပြခဲ့ပါတယ်။

ESPN က ဆက်သွယ်မေးမြန်းရာတွင် ချဲလ်ဆီးအသင်းက ပြန်လည်ဖြေကြားဖို့ ငြင်းဆိုခဲ့ပြီး ဟီလာရီယိုကတော့ စတန်းဖို့ဒ်ဘရစ်ချ်ရှိ ၁၈ နှစ်တာ ကာလကိုအဆုံးသတ်ကာ တူချယ်ရဲ့နည်းပြအဖွဲ့ဝင်ဖြစ်လာတော့မှာဖြစ်ပါတယ်။

ချဲလ်ဆီးနှင့် ဘိုင်ယန်မြူးနစ်တို့မှာ အတူလုပ်ကိုင်ခဲ့တဲ့ အန်တိုနိဘယ်ရီကို လက်ထောက်နည်းပြအဖြစ် တူချယ်က ခန့်အပ်ခဲ့သလို အင်္ဂလန်နှင့်ပူးပေါင်းဖို့အတွက် ချဲလ်ဆီးရဲ့ စွမ်းဆောင်ရည်ဆိုင်ရာသုံးသပ်သူအကြီးအကဲ ဂျိမ်းစ်ကလည်း အလုပ်ကနေ နှုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။

ဟီလာရီယိုဟာ ၂၀၀၆ ခုနှစ်မှာ ချဲလ်ဆီးသို့ ကစားသမားအဖြစ် ပြောင်းလာခဲ့တာဖြစ်ပြီး နည်းပြအဖွဲ့သို့ မရောက်မီ ကလပ်အတွက် ၃၉ ပွဲ ကစားပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါအခြေအနေနဲ့ပတ်သက်ပြီး ချဲလ်ဆီးနည်းပြ မာရက်စ်ကာ နောက်ဆုံသတင်းကို ပြောကြားပေးမှာဖြစ်ပေမယ့် နောက်ထပ်ဂိုးနည်းပြတစ်ဦးရှိနေတာကြောင့် အသစ်ခန့်အပ်ဖို့ လုပ်ဆောင်သွားဖွယ် မရှိနေတာဖြစ်သလို လက်ထောက်နည်းပြနှင့် ဂိုးသမားဟောင်းဖြစ်သူ ကာဘာရယ်လိုလည်း ရှိနေတာဖြစ်ပါတယ်။

အက်ဖ်အေသို့ ESPN က ဆက်သွယ်ရာမှာလည်း ဖြေကြားဖို့ငြင်းဆန်ခဲ့ပြီး BAME နည်းပြတစ်ဦးကို အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ခြင်းအပေါ် ပြောဆိုမှုတွေရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောထားပါတယ်။ အင်္ဂလန်အသင်းအားလုံးမှာရှိတဲ့ BAME ကိုယ်စားပြုတွေတိုးလာဖို့အတွက် ၂၀၁၈ ခုနှစ်မှာတော့ အက်ဖ်အေဟာ PFA နှင့် ပူးပေါင်းပြီး အဆင့်မြင့်နည်းပြပရိုဂရမ်တစ်ခုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အင်္ဂလန်အမျိုးသားအသင်းဟာ ခရစ္စပိုဝဲလ်၊ ဂျင်မီဖော့ဒ်ဟက်ဆယ်ဘိန့် နှင့် အက်ရှ်လေကိုးလ်တို့ကို နည်းပြအဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ပြီး တူချယ်ရောက်လာချိန်မှာတော့ အက်ရှ်လေကိုးလ်ဟာ ယူ ၂၁ အသင်းမှာ လီကာစလေရဲ့လက်ထောက်နည်းပြအဖြစ် ပြန်လည်ပူးပေါင်းမှာဖြစ်ပါတယ်။