နေလောင်ခံထားတဲ့ ကြေးနီရောင် အသားအရေကို လှစ်ပြခဲ့တဲ့ အလန်ရှီးယားရဲ့သမီး ဟိုလီ
အင်္ဂလန်ဂန္တဝင်ကစားသမားကြီး အလန်ရှီးယားရဲ့ သမီးဟိုလီကတော့ လက်ရှိမှာ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး အင်စတာဂရမ်မှာ follower ၅၆၀၀၀ ကျော် ပိုင်ဆိုင်ထားတဲ့ နာမည်ကျော်တစ်ဦး ဖြစ်နေပါပြီ။ အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ ဟိုလီကတော့ သူမရဲ့အင်စတာဂရမ်မှာ ကြိုးတစ်ချောင်းဘီကီနီနဲ့ နေလောင်ခံထားတဲ့ အသားအရည်ကို ပြသခဲ့ပါတယ်။
ဝိုင်တစ်ပုလင်းကိုင်ပြီး လှေပေါ်ကနေ ခြေဆင်းထိုင်နေတဲ့ ဟိုလီရဲ့ ပုံစံက အရမ်းကိုမိုက်နေပြီး ကပ်ရှင်ကိုတော့ “ flotin ” ဆိုပြီးပင်လယ်ရေလှိုင်းတွေပေါ်ရောက်နေပုံကို ရည်ညွှန်းထားပါတယ်။ တေးရေး၊တေးဆိုဟိုလီဟာ ဂီတမှာလည်း အောင်မြင်မှုရရှိနေပြီး Spotify မှာ လစဉ်နားဆင်သူ ၂၇၀၀၀ ကျော်ပိုင်ဆိုင်ထားပါတယ်။ ဒီလအစောပိုင်းကတင် အားလပ်ရက်မှာ ရေကူးနေတဲ့ ပုံတွေကို တင်ခဲ့သေးတာကြောင့်လည်း ပရိသတ်တွေကို တော်တော်လေး လှုပ်ခတ်စေခဲ့ပါတယ်။
နယူးကာဆယ်ဂန္တဝင်ကြီးရဲ့ သမီးဟာ အင်္ဂလန်ရက်ဘီကြယ်ပွင့် ဂျိုးမားချန့်နဲ့ တွဲနေတယ်လို့လည်း ကောလာဟလထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီသတင်းက အမှန်ဖြစ်ကြောင်းကို ဟိုလီကိုယ်တိုင်က ၂၅ နှစ်အရွယ် မားချန့်နဲ့ အတူတူတွဲရိုက်ထားတဲ့ ပုံကိုတင်ပြီး အတည်ပြုခဲ့ပါတယ်။ ဖခင်ရှီးယားကတော့ သမီးဖြစ်သူကို စိတ်ကြိုက်ရွေးချယ်ခွင့်ပေးထားပြီး ဟိုလီရဲ့သီချင်းတွေကိုလည်း အားပေးလေ့ရှိပါတယ်။ ၂၀၂၀ တုန်းကထွက်ခဲ့တဲ့ ဟိုလီရဲ့ single သီချင်း Leave Right Now ဟာ အခုဆိုရင် spotify မှာ နားထောင်သူ ၆၀၀၀၀၀ နီးပါး ရှိနေပါပြီ။ ဟိုလီမှာ ကိုးလ်လို့ခေါ်တဲ့ အစ်မတစ်ယောက်နဲ့ ဝီလ်လို့ခေါ်တဲ့ မောင်လေးတစ်ယောက်လည်း ရှိပါတယ်။