The network connection is lost.

ပရီးမီးယားလိဂ် သမိုင်းတစ်လျောက် ပင်နယ်တီ သွင်းယူမှု အကောင်းဆုံး ကစားသမား ၁၀ဦး

ပွဲတိုင်းတွင် ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးတဲ့အချိန် အားလုံးက VARဘယ်လို ဆုံးဖြတ်မယ်ဆိုတာကို စောင့်ကြည့်ကြပြီး ပင်နယ်တီတွေဟာ ပရီးမီးယားလိဂ်မှာ အရေးပါကြောင်း မကြာခဏ သက်သေပြနေခဲ့ပါတယ်။ ၁၂ကိုက်အတွင်း လွတ်လွတ်လပ်လပ် ဂိုးပေါက်ကန်ခွင့်ရတာက ပရော်ဖက်ရှင်နယ် ကစားသမားတွေ မလွဲသင့်တဲ့ အရာတစ်ခု ဖြစ်ပေမဲ့ ကစားသမား အများစုကတော့ အနည်းဆုံး ၁ကြိမ်လောက်ထိ ပင်နယ်တီ လွဲချော်ခဲ့ကြဖူးပါတယ်။

ပင်နယ်တီကန်အကောင်းဆုံး ကစားသမား၁၀ဦးစာရင်းထဲ ပါဝင်တဲ့ ဆောက်သမ်တန် ဂန္တဝင် လီ တစ်ဆီယာတောင် ကစားသမားဘဝအတွင်း ပင်နယ်တီ လွဲချော်ခဲ့ဖူးပါတယ်။  အလန်ရှီးယား၊ အဂူရို၊ ရွန်းနီတို့ဟာ ကစားသမားဘဝတစ်လျောက် ပင်နယ်တီ အများအပြား လွဲချော်ခဲ့တာကြောင့် ယခုစာရင်းထဲကို ပါဝင်လာခြင်းတော့ မရှိပါဘူး။

ကစားသမားတွေရဲ့ အံ့အားသင့်စရာ နှစ်တွေအတွင်း ယခုဖော်ပြမှာကတော့ အမြဲသွင်းယူရလေ့ မရှိတဲ့ ပင်နယ်တီကန်သွင်းမှု အကြောင်းကို  ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ OPTAနဲ့ Daily Starတို့ ပူးပေါင်းပြီး စာရင်းပြုစုထားတဲ့ သမိုင်းတစ်လျောက် အကြိမ်ရေအလိုက် ပင်နယ်တီ သွင်းယူမှု အကောင်းဆုံး ကစားသမား၁၀ဦးကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

၈.လေတန် ဘိန်းစ်၊ ကာလမ် ဝဲလ်ဆင်၊ လီဘော့ဖ်၊ ဂယ်ရီ စပိဒ် -၉၀.၉%
--------------------------------
ဝဲလ်ဆင်၊ လီဘော့ဖ်နဲ့ စပိဒ်တို့ဟာ ပင်နယ်တီ ကန်ချက် ၁၁ကြိမ်မှာ ၁ကြိမ်သာ လွဲချော်ခဲ့ဖူးကြပါတယ်။ အဲဗာတန် ဂန္တဝင် ဘိန်းစ်ကတော့ ပင်နယ်တီ ကန်ချက် ၂၂ကြိမ်မှာ ၂ကြိမ်သာ လွဲချော်ခဲ့ဖူးပါတယ်။ နယူးကာဆယ်တိုက်စစ်မှူး ဝဲလ်ဆင်ကတော့ ယခုနှစ်ရာသီ ပင်နယ်တီ ၁လုံး သွင်းယူခဲ့ပြီးဖြစ်တာကြောင့် မကြာခင် အဆိုပါ စာရင်းကနေ နောက်တစ်ဆင့် တက်နိုင်ဖွယ် ရှိနေပါတယ်။

၇.သီယာရီ အွန်နရီ - ၉၂%
-------------------------
ပရီးမီးယားလိဂ်မှာ ၆ယောက်မြောက် ဂိုးသွင်းအများဆုံး ကစားသမားအနေနဲ့ သွင်းယူခဲ့တဲ့ သွင်းဂိုး ၁၇၅ဂိုးမှာ ပင်နယ်တီဂိုးက ၂၃ကြိမ် ပါဝင်ခဲ့ပါတယ်။ အာဆင်နယ် ဂန္တဝင်ဟာ ပင်နယ်တီ လွဲချော်မှု ၂ကြိမ် ရှိခဲ့ပြီး ၁ကြိမ်ကတော့ ပရီးမီးယားလိဂ်မှာ အမှတ်အရနိုင်ဆုံး အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဆိုပါ လွဲချော်မှုက အွန်နရီ လွဲတယ်လို့ မပြောနိုင်ပေမဲ့ ရောဘတ် ပီးရက်စ်က ပင်နယ်တီကို မကန်ပဲ ပြင်သစ်သားကို ချပေးစဉ် အလွဲအချော် ဖြစ်သွားခဲ့တာပါ။

၅.မိုဟာမက် ဆာလက်၊ ဂျူလီယံ ဒစ် - ၉၃.၈%
------------------------------
လီဗာပူး ကြယ်ပွင့်ရော ဆာလက်ရော ၊ ဝက်စ်ဟမ်း ဂန္တဝင် ဂျူလီယံ ဒစ်ပါ ပင်နယ်တီ ၁၆ကြိမ်မှာ ၁၅ကြိမ် ဝင်အောင် ကန်နိုင်ခဲ့ပါတယ်။ ဆာလက်ဟာ လွန်ခဲ့တဲ့ ၄နှစ် ဟက်ဒါးစ်ဖီးလ်နဲ့ ပွဲမှာသာ ပင်နယ်တီ လွဲချော်ခဲ့ပြီး ယခုဆက်ကစားနေသေးတာကြောင့် စံချိန်ဆက်တင်လို့ ရနိုင်သေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ယခုနှစ်ရာသီ အစောပိုင်း အေစီမီလန်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ပင်နယ်တီ လွဲချော်ခဲ့တာကို ကြည့်ရင် ဆာလက်လည်း လူသားတစ်ယောက်ဆိုတာကို မြင်နိုင်ပါတယ်။


၄။  ဂျိမ်းစ် ဘီတီ - ၉၄.၁ %
----------------------------------------------
ဆောက်သမ်တန်နင့် အဲဗာတန်ကစားသမားဟောင်း ဘက်တီဟာ ပရီးမီးယားလိဂ်မှာ ၂၃ဂိုးသာ သွင်းဖူးပါတယ်။ ဒါပေမဲ့ သူဟာ ပင်နယ်တီ ကန်သွင်းရာမှာ ဆရာတစ်ဆူ ပါပဲ။ သူဟာ ပင်နယ်တီ ၁၇ကြိမ်ကန်ရာမှာ ၁ကြိမ်သာ ဂိုးမရခဲ့ဘဲ ပင်နယ်တီတွင် ဂိုးရရှိမှု ၉၄% အထိ ရှိပါတယ်။ ဘီတီဟာ လက်ရှိ ချန်ပီယံရှစ်ကလပ်  ဝီဂမ်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်နေပါတယ်။

၃။ ဒန်နီ မာဖီ - ၉၄.၇%
----------------------------------------
ဘီတီထက် ပင်နယ်တီ ၂ကြိမ်ထက် မနည်း ပိုကန်ထားတဲ့ လီဗာပူးနှင့် ဖူလ်ဟမ် ကွင်းလယ်လူဟောင်း ဒန်နီမာဖီက ပင်နယ်တီကန်သွင်းမှု အကောင်းဆုံး တတိယနေရာမှာ ရှိနေပါတယ်။ ဖူလ်ဟမ်အသင်းအတွက် ပင်တိုင် ပင်နယ်တီကန်သွင်းသူ တစ်ယောက်ဖြစ်ခဲ့သလို ချာလ်တန်၊ လီဗာပူးအသင်းတွေမှာလည်း ပင်နယ်တီ ကန်သွင်းမှုတွေ ရခဲ့ပါတယ်။ မာဖီဟာ ပင်နယ်တီသွင်းရာမှာ တစ်ကြိမ်သာ လွဲဖူးပြီး ၂၀၀၈ခုနှစ် မန်စီးတီးနဲ့ရင်ဆိုင်ရာတွင် ဖြစ်ပါတယ်။ သူရဲ့ ကန်ချက်ကို မန်စီးတီးဂိုးသမား ဂျိုးဟတ်က ကာကွယ်ခဲ့တာ ဖြစ်ပါတယ်။

၂။ မက်လီ တစ်စီရာ - ၉၆.၂ %
----------------------------------------------

ပင်နယ်တီကန်သွင်းမှု အကောင်းဆုံးမှာ တစ်စီရာ ထိပ်ဆုံးမှာ ရှိမနေတဲ့အတွက် အားလုံးက အံ့အားသင့်နေပါလိမ့်မယ်။ ဒါပေမဲ့ ဆောက်သမ်တန်ဂန္တဝင်ကစားသမားဟာ ပင်နယ်တီတွင် တစ်ကြိမ် လွဲချော်ခဲ့ဖူးပါတယ်။ သူဟာ ပင်နယ်တီ ၂၆ကြိမ်ကန်ရာမှာ ၂၅ဂိုးအထိ ရယူပေးခဲ့ပြီး ဝင်အောင်မကန်ခဲ့တဲ့ တစ်ကြိမ်ကတော့ ၁၉၉၃ခုနှစ် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ဖြစ်ပါတယ်။ တစ်စီရာရဲ့ ကန်ချက်ကို ဂိုးသမား ခရော့စ်လေက ကာကွယ်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ တစ်စီရာဟာ ကစားသမားဘဝတစ်လျောက် ပင်နယ်တီ ၄၈ကြိမ် ကန်ခဲ့ပြီး ၄၇ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

၁။ ယာယာတိုရေး - ၁၀၀%
-------------------------------------------
ပရီးမီးယားလိဂ်မှာ ပင်နယ်တီ ၁၀ကြိမ်အထက် ကန်သွင်းနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ပြီး ၁၁ကြိမ်မှာ ၁၁ကြိမ်စလုံး ကန်သွင်းနိုင်ခဲ့ပါတယ်။ မန်စီးတီး ဂန္တဝင်ကစားသမား ယာယာတိုရေးဟာ ပရီးမီးယားလိဂ် ဆုဖလား ၃ကြိမ်အထိ ရရှိခဲ့ပြီး ၂၀၁၃-၁၄ရာသီမှာ တစ်ဦးတည်း သွင်းဂိုး ၂၀ ရယူခဲ့ပါတယ်။၂၀၁၄ခုနှစ် ဖူလ်ဟမ်နဲ့ကစားရာတွင် ပင်နယ်တီ ၂လုံး သွင်းခဲ့ပြီး စီးတီးအတွက် သူရဲ့ နောက်ဆုံး ပင်နယ်တီ သွင်းယူမှုက ၂၀၁၇ ဖေဖော်ဝါရီလ ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ ဖြစ်ပါတယ်