ရှေ့သို့

30 March, 21:00 PM

ဖရန့်ဖတ် Logo

0 : 0

ယူနီယံဘာလင် Logo
ဖရန့်ဖတ်

ပွဲပြီး

ယူနီယံဘာလင်
Image

ဘွန်ဒက်စ်လီဂါပွဲစဉ် (၂၇) ဖရန့်ဖတ်-ယူနီယံဘာလင် ပွဲကြိုခန့်မှန်းချက် (ည ၉:၀၀)

10:31 AM, 30, March 2024

ဖရန့်ဖတ်-ယူနီယံဘာလင်  ဒဏ်ရာရပွဲပယ်
-------------
ဖရန့်ဖတ် - အော်ရယ်လီယိုဘူတာ(ပွဲပယ်ပြစ်ဒဏ်)၊ ဆာဆာကာလာဇစ်၊ ဆီဘတ်စတီယန်ရိုဒီ(သေချာပေါက်လွဲ)
ယူနီယံဘာလင် - အန်ဒရာရှဖာ(ပွဲပယ်ပြစ်ဒဏ်)၊ ဘန်နဒစ်ဟိုလာဘတ်(မသေချာ)

ဖရန့်ဖတ်က ပြီးခဲ့တဲ့ပွဲစဉ်မှာ ဒေါ့မွန်ကို ဦးဆောင်ဂိုးသွင်းယူနိုင်ပြီးမှ ပေးဂိုးတွေခွင့်ပြုရပြီး ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။ ဖရန့်ဖတ်က ယူရိုပါကွန်ဖရန့်လိဂ်မှ စောစောစီးစီးထွက်ခွာလာရလို့ လာမယ့်ရာသီဥရောပပြိုင်ပွဲဝင်ခွင့်ရရှိဖို့ လိဂ်ရပ်တည်မှုကောင်းမွန်အောင် ကြိုးစားရပါလိမ့်မယ်။

ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ စောစောစီးစီးပဲထွက်ခွာလာရပြီးနောက် ယူနီယံဘာလင်က ရလဒ်ပိုင်းကောင်းမွန်ရေး ကြိုးစားကစားလာပါတယ်။ ဒါပေမယ့် ယူနီယံဘာလင်ရဲ့ ခံစစ်ပိုင်းက အားရစရာအခြေအနေမရှိဘဲ နောက်ပိုင်းပွဲစဉ်တွေမှာ ပေးဂိုးတွေ ခပ်စိတ်စိတ် မြင်တွေ့လာရပါတယ်။ တိုက်စစ်ဖွင့်ကစားလေ့ရှိတဲ့ ဖရန့်ဖတ်နဲ့ သွင်းဂိုးပေးဂိုးမျှတနေတဲ့ ယူနီယံဘာလင်တို့ ထိပ်တိုက်တွေ့ဆုံမှုမှာ အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရပြီး ဂိုးပေါ်သွားနိုင်ပါတယ်။
 
ဖရန့်ဖတ် - ယူနီယံဘာလင် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
----------------------------------------------------------------------
ယူနီယံဘာလင် ၀ - ၃ ဖရန့်ဖတ် (၄-နိုဝင်ဘာ-၂၀၂၃)
ဖရန့်ဖတ် ၂ - ၀ ယူနီယံဘာလင် (၄-ဧပြီ-၂၀၂၃)
ယူနီယံဘာလင် ၂ - ၀ ဖရန့်ဖတ် (၁၉-မတ်-၂၀၂၃)
ဖရန့်ဖတ် ၂ - ၀ ယူနီယံဘာလင် (၁-အောက်တိုဘာ-၂၀၂၂)
ယူနီယံဘာလင် ၂ - ၀ ဖရန့်ဖတ် (၁၇-ဧပြီ-၂၀၂၂)
.
ဖရန့်ဖတ် နောက်ဆုံး (၅) ပွဲရလဒ်
--------------------------
ဒေါ့မွန် ၃ - ၁ ဖရန့်ဖတ် (၁၇-မတ်-၂၀၂၄)
ဖရန့်ဖတ် ၃ - ၁ ဟော့ဖန်ဟိမ်း (၁၀-မတ်-၂၀၂၄)
ဟိုင်ဒင်ဟိမ်း ၁ - ၂ ဖရန့်ဖတ် (၂-မတ်-၂၀၂၄)
ဖရန့်ဖတ် ၂ - ၂ ဝုဖ်ဘတ် (၂၅-ဖေဖော်ဝါရီ-၂၀၂၄)
ဖရန့်ဖတ် ၁ - ၂ ယူနီယံစိန့််ဂီလွိုက်စ် (၂၃-ဖေဖော်ဝါရီ-၂၀၂၄)
.
ယူနီယံဘာလင် နောက်ဆုံး (၅) ပွဲရလဒ်
----------------------------------
ယူနီယံဘာလင် ၂ - ၁ ဝါဒါဘရီမင် (၁၆-မတ်-၂၀၂၄)
စတုဂတ် ၂ - ၀ ယူနီယံဘာလင် (၉-မတ်-၂၀၂၄)
ယူနီယံဘာလင် ၀ - ၂ ဒေါ့မွန် (၂-မတ်-၂၀၂၄)
ယူနီယံဘာလင် ၂ - ၂ ဟိုင်ဒင်ဟိမ်း (၂၄-ဖေဖော်ဝါရီ-၂၀၂၄)
ဟော့ဖန်ဟိမ်း ၀ - ၁ ယူနီယံဘာလင် (၁၇-ဖေဖော်ဝါရီ-၂၀၂၄)

#ပွဲကြိုသုံးသပ်ချက် #ယူနီယံ ဘာလင် #ဖရန့်ဖတ် #ဘွန်ဒက်စ်လီဂါ