ရှေ့သို့

30 March, 21:00 PM

လိုက်ပ်ဇစ် Logo

0 : 0

မိန့်ဇ် Logo
လိုက်ပ်ဇစ်

ပွဲပြီး

မိန့်ဇ်
Image

ဘွန်ဒက်စ်လီဂါပွဲစဉ် (၂၇) လိုက်ပ်ဇစ်-မိန့်ဇ် ပွဲကြိုခန့်မှန်းချက် (ည ၉:၀၀)

9:57 AM, 30, March 2024

လိုက်ပ်ဇစ်-မိန့်ဇ်  ဒဏ်ရာရပွဲပယ်
-------------
လိုက်ပ်ဇစ် - အမာဒူဟိုင်ဒါရာ(ပွဲပယ်ပြစ်ဒဏ်)၊ ဝီလီအော်ဘန်၊ လူးကပ်စ်ကလော်စတာမန်း(မသေချာ)
မိန့်ဇ် - ဒိုမီနစ်ခေါလ်(ပွဲပယ်ပြစ်ဒဏ်)၊ ဝီဖာ၊ စတီဖန်ဘဲလ်၊ မက်ဇင်လိုက်စ် (မသေချာ)

လိုက်ပ်ဇစ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် အဆုံးအဖြတ်ကာလဆီ ရောက်ရှိလာခဲ့သလို ပထမအကျော့ရှုံးကြွေးကိုလည်း အကောင်းဆုံးပြန်ဆပ်နိုင်ဖို့ ကြိုးစားရပါမယ်။ လတ်တလောကစားသမားတွေ ပြန်လည်စုံလင်လာတဲ့အချက်က အိမ်ရှင်တွေအတွက် ခွန်အားဖြစ်စေပါလိမ့်မယ်။

မိန့်ဇ်က ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်အရေးနိမ့်ပြီးနောက် ဘိုချမ်ကို အနိုင်ယူကာ တန်းဆင်းဇုန်လွတ်မြောက်နိုင်ရေး မျှော်လင့်နေပါတယ်။ ဒါပေမယ့် မိန့်ဇ်က က ပြီးခဲ့တဲ့ရာသီ၊ လိုက်ပ်ဇစ်ကို အဝေးကွင်းမှာ အနိုင်ရပြီးကတည်းက လိဂ်အဝေးကွင်းအနိုင်သုံးမှတ်အပြည့် မရရှိခဲ့တာ ၁၇ ပွဲဆက်တိုက် ရှိလာခဲ့ပါပြီ။ လက်ရှိခြေစွမ်းပိုင်းအရ လိုက်ပ်ဇစ်က သာလွန်နေပေမယ့် နှစ်ဂိုးပြတ်အနိုင်ရမှ ကြေးအောင်မှာဖြစ်လို့ အစဉ်အလာပိုင်းအသာရနေတဲ့ မိန့်ဇ်နဲ့ စွန့်စားကြည့်မယ်။
 
လိုက်ပ်ဇစ် - မိန့်ဇ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
----------------------------------------------------------------------
မိန့်ဇ် ၂ - ၀ လိုက်ပ်ဇစ် (၄-နိုဝင်ဘာ-၂၀၂၃)
လိုက်ပ်ဇစ် ၀ - ၃ မိန့်ဇ် (၁-ဧပြီ-၂၀၂၃)
မိန့်ဇ် ၁ - ၁ လိုက်ပ်ဇစ် (၈-အောက်တိုဘာ-၂၀၂၂)
လိုက်ပ်ဇစ် ၄ - ၁ မိန့်ဇ် (၈-ဇန်နဝါရီ-၂၀၂၂)
မိန့်ဇ် ၁ - ၀ လိုက်ပ်ဇစ် (၁၅-သြဂုတ်-၂၀၂၁)
.
လိုက်ပ်ဇစ် နောက်ဆုံး (၅) ပွဲရလဒ်
-----------------------------
ကိုလုံး ၁ - ၅ လိုက်ပ်ဇစ် (၁၆-မတ်-၂၀၂၄)
လိုက်ပ်ဇစ် ၂ - ၀ ဒမ်စတက် (၉-မတ်-၂၀၂၄)
ရီးရဲလ်မက်ဒရစ် ၁ - ၁ လိုက်ပ်ဇစ် (၇-မတ်-၂၀၂၄)
ဘိုချမ် ၁ - ၄ လိုက်ပ်ဇစ် (၂-မတ်-၂၀၂၄)
ဘိုင်ယန်မြူးနစ် ၂ - ၁ လိုက်ပ်ဇစ် (၂၅-ဖေဖော်ဝါရီ-၂၀၂၄)
.
မိန့်ဇ် နောက်ဆုံး (၅) ပွဲရလဒ်
-----------------------------
မိန့်ဇ် ၂ - ၀ ဘိုချမ် (၁၆-မတ်-၂၀၂၄)
ဘိုင်ယန်မြူးနစ် ၈ - ၁ မိန့်ဇ် (၉-မတ်-၂၀၂၄)
မိန့်ဇ် ၁ - ၁ မိုချန်ဂလာဘတ် (၂-မတ်-၂၀၂၄)
လေဗာကူဆင် ၂ - ၁ မိန့်ဇ် (၂၄-ဖေဖော်ဝါရီ-၂၀၂၄)
မိန့်ဇ် ၁ - ၀ အော့စ်ဘတ် (၁၇-ဖေဖော်ဝါရီ-၂၀၂၄)

#ပွဲကြိုသုံးသပ်ချက် #လိုက်ပ်ဇစ် #မိန့်ဇ် #ဘွန်ဒက်စ်လီဂါ