ရှေ့သို့

31 March, 2:30 AM

ဘာစီလိုနာ Logo

1 : 0

လက်စ်ပါးမား Logo
ဘာစီလိုနာ

ပွဲပြီး

လက်စ်ပါးမား
Image

လာလီဂါပွဲစဉ် (၃၀) ဘာစီလိုနာ-လက်စ်ပါးမား ပွဲကြိုခန့်မှန်းချက် (နံနက် ၂:၃၀)

10:43 AM, 30, March 2024

ဘာစီလိုနာ-လက်စ်ပါးမား  ဒဏ်ရာရပွဲပယ်
-------------
ဘာစီလိုနာ - ဂါဗီ၊ အလီဂျန်ဒရိုဘယ်လ်ဒီ၊ မားကို့စ်အလွန်ဆို၊ ဖာရန်တောရက်စ်၊ ဒီဂျောင်၊ ပက်ဒရီ၊ ခရစ္စတန်ဆန်(သေချာပေါက်လွဲ)
လက်စ်ပါးမား - ဂျူလီယန်အရူဂျို(သေချာပေါက်လွဲ)

ဘာစီလိုနာက အခုပွဲစဉ်မှာ အနိုင်ရလဒ်ရှာဖွေထားနိုင်မယ်ဆိုရင် ဘီလ်ဘာအိုနဲ့ ပွဲကျပ်ကစားရမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ငါးမှတ်အကွာတက်လှမ်းလာပြီး ချန်ပီယံပြေးလမ်းကို အကောင်းဆုံးဖိအားပေးထားနိုင်ပါလိမ့်မယ်။ ဘာစီလိုနာနည်းပြဇာဗီကတော့ အသင်းကို ဒဏ်ရာပြဿနာတွေရှိနေချိန်မှာပဲ အကောင်းဆုံးပဲ့ကိုင်ပေးနေပြီး နောက်ဆုံးဆယ်ပွဲဆက် ရှုံးပွဲမရှိအောင် လမ်းပြပေးထားပါတယ်။

အမှတ်ပေးဇယားအလယ်နားမှာ ရပ်တည်နေတဲ့ လက်စ်ပါးမားက နောက်ဆုံးနှစ်ပွဲဆက် သွင်းဂိုးမရရှိခဲ့သလို ရှုံးနိမ့်ခဲ့ပြီး ခံစစ်ပိုင်းလည်း အားလျော့နေပါတယ်။ နဂိုကပင် အဝေးကွင်းအားနည်းတဲ့ လက်စ်ပါးမားတို့ အခုပွဲစဉ်မှာ ဘာတွေလုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာမရှိပါဘူး။ ကတ္တလန်မြေမှာ အနိုင်သေချာနေတဲ့ ဘာစီလိုနာတို့ ဂိုးမိုးရွာနိုင်မယ်လို့ ယူဆမိတာကြောင့် ဘွတ်ကီတွေကလည်း ပြင်းရှတဲ့ဖွင့်လှစ်မှုတစ်ခု ပြုလုပ်ထားပါတယ်။ ဒီပွဲစဉ်အပြီး ချန်ပီယံလိဂ်ပွဲကြပ်ရှိနေလို့ ဘာစီလိုနာတို့ ဂိုးပြတ်အနိုင်ကစားမယ်လို့ မယူဆမိတာကြောင့် ဧည့်သည်တွေနဲ့ ရပ်တည်မယ်။
 
ဘာစီလိုနာ - လက်စ်ပါးမား ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
-----------------------------------------------------
လက်စ်ပါးမား ၁ - ၂ ဘာစီလိုနာ (၅-ဇန်နဝါရီ-၂၀၂၄)
လက်စ်ပါးမား ၁ - ၁ ဘာစီလိုနာ (၂-မတ်-၂၀၁၈)
ဘာစီလိုနာ ၃ - ၀ လက်စ်ပါးမား (၁-အောက်တိုဘာ-၂၀၁၇)
လက်စ်ပါးမား ၁ - ၄ ဘာစီလိုနာ (၁၅-မေ-၂၀၁၇)
ဘာစီလိုနာ ၅ - ၀ လက်စ်ပါးမား (၁၄-ဇန်နဝါရီ-၂၀၁၇)
.
ဘာစီလိုနာ နောက်ဆုံး (၅) ပွဲရလဒ်
--------------------------
အက်သလက်တီကို ၀ - ၃ ဘာစီလိုနာ (၁၈-မတ်-၂၀၂၄)
ဘာစီလိုနာ ၃ - ၁ နာပိုလီ (၁၃-မတ်-၂၀၂၄)
ဘာစီလိုနာ ၁ - ၀ မာယော့ကာ (၉-မတ်-၂၀၂၄)
ဘီလ်ဘာအို ၀ - ၀ ဘာစီလိုနာ (၄-မတ်-၂၀၂၄)
ဘာစီလိုနာ ၄ - ၀ ဂီတာဖေး (၂၄-ဖေဖော်ဝါရီ-၂၀၂၄)
.
လက်စ်ပါးမား နောက်ဆုံး (၅) ပွဲရလဒ်
-----------------------------------
လက်စ်ပါးမား ၀ - ၁ အယ်လ်မီရီယာ (၁၇-မတ်-၂၀၂၄)
လက်စ်ပါးမား ၀ - ၂ ဘီလ်ဘာအို (၁၀-မတ်-၂၀၂၄)
ဂီတာဖေး ၃ - ၃ လက်စ်ပါးမား (၃-မတ်-၂၀၂၄)
လက်စ်ပါးမား ၁ - ၁ အိုဆာဆူနာ (၂၆-ဖေဖော်ဝါရီ-၂၀၂၄)
အက်သလက်တီကို ၅ - ၀ လက်စ်ပါးမား (၁၇-ဖေဖော်ဝါရီ-၂၀၂၄)

#လာလီဂါ #ဘာစီလိုနာ #ပွဲကြိုသုံးသပ်ချက် #လက်စ်ပါးမား