ရှေ့သို့

31 March, 22:00 PM

မန်စီးတီး Logo

0 : 0

အာဆင်နယ် Logo
မန်စီးတီး

ပွဲပြီး

အာဆင်နယ်
၉၀+၅ မိနစ်

ပွဲအပြီးမှာတော့ အာဆင်နယ်က အီတီတ်မှာ လိုအပ်နေတဲ့ သရေတစ်မှတ်ယူနိုင်ခဲ့ကာ ကျိန်စားဆိုးတွေကို ရပ်တန့်နိုင်ခဲ့ပါတယ်။

၉၀ မိနစ်

ပွဲကစားချိန် မိနစ်၉၀ပြည့်လို့ နာကျင်အချိန်ပို ၅မိနစ် သတ်မှတ်ထားပါတယ်။

၈၇ မိနစ်

မန်စီးတီး - ဟာလန်း ဒဏ်ရာရနေလို့ ပွဲကိုခေတ္တရပ်နားထားပါတယ်။

၈၅ မိနစ်

အာဆင်နယ် - အိုဒီဂတ်ရဲ့ပေးပို့မှုကနေ ထရိုဆက် ကန်သွင်းရာမှာ ဂိုးသမားအော်တီဂါ ကာကွယ်သွားခဲ့ပါတယ်။

၈၂ မိနစ်

မန်စီးတီး - ဂရီးလစ်ချ်ရဲ့ပေးပို့မှုကနေ ဒိုကူပိတ်သွင်းခဲ့ပေမယ့် ဂိုးပေါက်မတည့်ခဲ့ပြန်ပါဘူး။

၇၉ မိနစ်

Image အဝါကတ်

အာဆင်နယ် - ဂိုးလွန်ဘောကိုမကန်ဘဲ အချိန်ဆွဲခဲ့တဲ့ ရာယာ အဝါကတ်ပြခံလိုက်ရပါတယ်။

၇၈ မိနစ်

Image လူလဲ

အာဆင်နယ် - ဆာကာ - အထွက် မာတင်နယ်လီ - အဝင်

၇၆ မိနစ်

မန်စီးတီး - ဒိုကူတောင်ပံကနေ ဆွဲဝင်ပြီးကန်ပေမယ့် ဂိုးပေါက်နဲ့လွဲခဲ့ပါတယ်။

၇၄ မိနစ်

မန်စီးတီး - မန်စီးတီးကတော့ အာဆင်နယ်ခံစစ်ကို ဆက်တိုက်ဆိုသလို ဖိအားပေးနေပြီဖြစ်ပါတယ်။

၇၁ မိနစ်

Image လူလဲ

အာဆင်နယ် - ဂျီးဆပ်စ် - အထွက် ထရိုဆက် - အဝင်

၆၉ မိနစ်

အာဆင်နယ် - အာဆင်နယ်ကတော့ ခံစစ်ကစားသမားတွေသာ အပြောင်းအလဲလုပ်ပြီး ပွဲကိုထိန်းဖို့ ကြိုးစားနေပါတယ်။

၆၆ မိနစ်

Image အဝါကတ်

အာဆင်နယ် - ဂျီးဆပ်စ်ကို အချိန်ဆွဲတယ်ဆိုပြီး ကွင်းလယ်ဒိုင်က အဝါကတ်ပြသတိပေးခဲ့ပါတယ်။

၆၅ မိနစ်

Image လူလဲ

အာဆင်နယ် - ဂျော်ဂျင်ဟို = အထွက် ပါတေး - အဝင် ကီဝီအော - အထွက် တိုမီယာဆု - အဝင်

၆၂ မိနစ်

Image လူလဲ

မန်စီးတီး - ကိုဗာဆစ် - အထွက် ဒိုကူ - အဝင် ဖိုဒန် - အထွက် ဂရီးလစ်ချ် - အဝင်

၆၀ မိနစ်

မန်စီးတီး - ဖရီးကစ်ကနေ ဒီဘရိုင်း တင်ပေးတာကို ကိုင်ဟားဗက်ဇ် ခေါင်းတိုက်ရှင်းထုတ်သွားပါတယ်။

၅၇ မိနစ်

အာဆင်နယ် - ဒုတိယပိုင်းမှာလည်း အာဆင်နယ်က ခံစစ်ကိုသာ အဓိကအားကိုးပြီး မန်စီးတီးကို အမှားစောင့်ကစားနေပါတယ်။

၅၅ မိနစ်

မန်စီးတီး - မန်စီးတီးက ဘောလုံးကိုင်ပြီး ပြန်လည်ထိုးဖောက်မှုတွေ ပြုလုပ်လာပါတယ်။

၅၂ မိနစ်

အာဆင်နယ် - ဆာကာ တောင်ပံကနေ ဖြတ်တင်ဘောပေးရာမှာ ဂျီးဆပ်စ် အချိန်မမီခဲ့လို့ အခွင့်အရေးနဲ့ လွဲချော်သွားပါတယ်။

၅၀ မိနစ်

အာဆင်နယ် - အိုဒီဂတ် ကိုင်ဟားဗက်ဇ်ထံပေးဖို့ ကြိုးစားပေမယ့် အားများပြီး ဂိုးသမားအော်တီဂါထံသာရောက်သွားပါတယ်။

၄၇ မိနစ်

မန်စီးတီး - ကိုဗာဆစ် အဝေးကန်ချက်နဲ့ကန်သွင်းရာမှာ ဂိုးပေါက်နဲ့ကပ်လွဲသွားပါတယ်။

၄၆ မိနစ်

ဒုတိယပိုင်းပြန်ကစားနေပါပြီ။

၄၅ မိနစ်

ပထမပိုင်းအပြီးမှာတော့ မန်စီးတီးတို့ သရေရလဒ်သာရရှိထားပါသေးတယ်။

၄၀ မိနစ်

မန်စီးတီး - မန်စီးတီးက လက်ရှိချိန်ထိ ဘောလုံးကိုင်ပြီး တိုက်စစ်ဆင်နေဆဲဖြစ်ပါတယ်။

၃၇ မိနစ်

မန်စီးတီး - ဂျီဗာဒီအောရဲ့ဖြတ်တင်ဘောကနေ ဟာလန်း ခေါင်းတိုက်သွင်းရာမှာ ဂိုးပေါက်နဲ့လွဲချော်သွားပါတယ်။

၃၅ မိနစ်

အာဆင်နယ် - ကိုဗာဆစ်ရဲ့အမှားကနေ အိုဒီဂတ် အခွင့်အရေးရခဲ့ပေမယ့် ဂိုးအဖြစ် အသုံးချနိုင်ခဲ့ခြင်းမရှိပါဘူး။

၃၂ မိနစ်

မန်စီးတီး - ဒီယက်စ် ခံစစ်ကနေ ဖိုဒန်ရဲ့ပြေးလမ်းကြောင်းထဲ ချပေးခဲ့ပေမယ့် အားများပြီး ရာယာဖမ်မိသွားပါတယ်။

၃၀ မိနစ်

အာဆင်နယ် - ဂျီးဆပ်စ် ဧရိယာအပြင်ဘက်ကနေ ထိုးဖောက်ကန်သွင်းရာမှာ ဂိုးပေါက်နဲ့ကပ်လွဲသွားပြန်ပါတယ်။

၂၈ မိနစ်

မန်စီးတီး - မန်စီးတီးရဲ့တိုက်စစ်တွေကို အာဆင်နယ်ဘက်က တုံ့ပြန်ကစားနေတာကို တွေ့ရပါတယ်။

၂၆ မိနစ်

Image လူလဲ

မန်စီးတီး - အကီ - အထွက် လူးဝစ် - အဝင်

၂၅ မိနစ်

အာဆင်နယ် - ဂျီးဆပ်စ်ရဲ့ပေးပို့မှုကနေ ဟားဗက်ဇ် ကန်သွင်းဖို့ကြိုးစားပေမယ့် ဂိုးသမားအော်တီဂါ ဖမ်းယူသွားပါတယ်။

၂၃ မိနစ်

အာဆင်နယ် - အာဆင်နယ်က ခံစစ်ပိတ်ကစားနေတဲ့အတွက် မန်စီးတီးအသင်း နေရာလွတ်ရဖို့အတွက် ရုန်းကန်နေရပါတယ်။

၂၀ မိနစ်

အာဆင်နယ် - အာဆင်နယ်က တန်ပြန်တိုက်စစ်စဖို့ကြိုးစားပေမယ့် ဆာကာကို ဂျီဗာဒီယော အကောင်းဆုံးတားဆီးသွားပါတယ်။

၁၇ မိနစ်

နှစ်သင်းလုံးက အမှားစောင့်ကစားနေလို့ ပွဲကအနည်းငယ်အေးလာပါတယ်။

၁၅ မိနစ်

မန်စီးတီး - ထောင့်ကန်ဘောကနေ အကီခေါင်းတိုက်သွင်းရာမှာ ဂိုးသမားရာယာဖမ်းမိသွားပါတယ်။

၁၃ မိနစ်

မန်စီးတီး - မန်စီးတီးရဲ့တိုက်စစ်တွေက ပိုပြီးထိရောက်လာတာကြောင့် အာဆင်နယ်ခံစစ် အသည်းအသန်ကာကွယ်နေရပါတယ်။

၁၀ မိနစ်

မန်စီးတီး - အကန်ဂျီ တောင်ပံကနေ ဖြတ်တင်ဘောပေးရာမှာ ဂိုးသမားရာယာ ဖမ်းမိခဲ့ပါတယ်။

၇ မိနစ်

အာဆင်နယ် - တောင်ပံဖြတ်တင်ဘောကနေ ဂျီးဆပ်စ် တစ်ချက်ထိန်းပြီးကန်ရာမှာ ဂိုးပေါက်နဲ့ကပ်လွဲသွားပါတယ်။

၅ မိနစ်

မန်စီးတီး - မန်စီးတီးအသင်းက အိမ်ရှင်ဖြစ်တာနဲ့အညီ ထိုးဖောက်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။

၃ မိနစ်

အာဆင်နယ် - အာဆင်နယ်ကတော့ အပြောင်းအလဲသိပ်မရှိဘဲ ထရိုဆက်နေရာမှာ ဂျီးဆပ်စ် ပါဝင်လာခဲ့ပါတယ်။

၂ မိနစ်

မန်စီးတီး - မန်စီးတီးအသင်းမှာ အပြောင်းအလဲတွေအဖြစ် ဂိုးသမား အော်တီဂါ၊ နောက်ခံလူ ဂျီဗာဒီအော၊ ကွင်းလယ်လူ ကိုဗာဆစ်တို့ လူစာရင်းထဲ ပါဝင်လာခဲ့ပါတယ်။

၁ မိနစ်

စူပါဆန်းဒေးရဲ့ပွဲကြီးပွဲကောင်းပွဲစဉ်ကတော့ စတင်ကစားနေပါပြီ။