ရှေ့သို့

31 March, 19:30 PM

လီဗာပူး Logo

2 : 1

ဘရိုက်တန် Logo
လီဗာပူး

ပွဲပြီး

ဘရိုက်တန်
၉၀+၆ မိနစ်

ပွဲချိန်ကုန်ဆုံးသွားပါပြီ။ ပွဲပြီးချိန်မှာ အိမ်ရှင်လီဗာပူးက ဧည့်သည်ဘရိုက်တန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

၉၀+၅ မိနစ်

Image အဝါကတ်

လီဗာပူး - ဗက်ဇ်မန်းကို နောက်မှဆွဲထားလို့ ဂတ်ပိုကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။

၉၀+၄ မိနစ်

Image လူလဲ

လီဗာပူး - ဂရာဗန်ဘတ်ချ်(အဝင်)၊ ဆိုဘိုဆလိုင်း(အထွက်)

၉၀+၂ မိနစ်

Image လူလဲ

ဘရိုက်တန် - ဘာကို(အဝင်)၊ အက်စ်တူပီနန်(အထွက်)

၉၀+၁ မိနစ်

လီဗာပူး - မိုဆာလက်ရဲ့ ဧရိယာအတွင်း အနီးကပ်အဆုံးသတ်မှု အတော်လေးကောင်းမွန်ပေမယ့် ဂိုးသမားဗာဗရာဂန် အံ့အားသင့်ဖွယ် ပုတ်ထုတ်ကာကွယ်ခဲ့ပါတယ်။

၉၀ မိနစ်

နာကျင်အချိန်ပို ၆ မိနစ် သတ်မှတ်ပေးထားပါတယ်။

၈၈ မိနစ်

Image လူလဲ

လီဗာပူး - ဂတ်ပို(အဝင်)၊ ဒီယက်ဇ်(အထွက်)

၈၇ မိနစ်

Image အဝါကတ်

လီဗာပူး - ဗန်ဟက်ကီကို ဆွဲလှဲသလိုဖြစ်ခဲ့တဲ့ အန်ဒိုကို ကွင်းလယ်ဒိုင်က အဝါကတ် ပြသခဲ့ပါတယ်။

၈၅ မိနစ်

ဘရိုက်တန် - ဘိုနာနော့တီရဲ့ပေးပို့မှုကို လယ်လာနာကန်သွင်းရာ ဂိုးပေါက်နဲ့ အနည်းငယ်လေး လွဲချော်သွားပါတယ်။

၈၃ မိနစ်

Image လူလဲ

ဘရိုက်တန် - လယ်လာနာ၊ ဖာဂူဆန်(အဝင်)၊ အေဒင်ဂရာ၊ မိုဒါ (အထွက်)

၈၂ မိနစ်

Image လူလဲ

လီဗာပူး - အယ်လီယော့(အဝင်)၊ ဒါဝင်နူနက်ဇ်(အထွက်)

၈၁ မိနစ်

Image ထောင့်ကန်ဘော

လီဗာပူး - ဘယ်ခြမ်းမှတဆင့် လူးဝစ်ဒီယက်ဇ်ရဲ့ထိုးဖောက်ကန်သွင်းမှု အတော်လေးကောင်းမွန်ပေမယ့် ဗန်ဟက်ကီ ကြားဖြတ်တားဆီးရာ ထောင့်ကန်ဘောဖြစ်သွားပါတယ်။

၈၀ မိနစ်

Image ထောင့်ကန်ဘော

ဘရိုက်တန် - မိုဒါရဲ့ပြစ်ဒဏ်ဘောပေးပို့မှုကို ဒန့်ခ်ခေါင်းတိုက်ရာ ဂိုးသမားကလယ်ဟာ ပုတ်ထုတ်ကာကွယ်ခဲ့လို့ ထောင့်ကန်ဘောနဲ့ပဲ အဆုံးသတ်သွားပါတယ်။

၇၈ မိနစ်

လီဗာပူး - ဆိုဘိုဆလိုင်းရဲ့ အဝေးဘောပေးပို့မှုမှတဆင့် နူနက်ဇ်ထိုးဖောက်ဖို့ကြိုးစားပေမယ့် ဒန့်ခ်တားဆီးနိုင်ခဲ့ပါတယ်။

၇၆ မိနစ်

ဘရိုက်တန် - မိုဒါရဲ့ထိုးဖောက်ဖို့ကြိုးပမ်းမှုကို ဗန်ဒိုက်က ပါးပါးနပ်နပ်ထိန်းချုပ်ကာ လက်ပစ်ဘောရယူခဲ့ပါတယ်။

၇၄ မိနစ်

လီဗာပူး - တန်ပြန်တိုက်စစ်မှတဆင့် ဒီယက်ဇ်ရဲ့ဖန်တီးပေးမှုကို မိုဆာလက်အဆုံးသတ်ရာ ဂိုးသမားဗာဗရက်ကန် အမိအရဖမ်းယူသွားပါတယ်။

၇၂ မိနစ်

Image အဝါကတ်

ဘရိုက်တန် - ဒါဝင်နူနက်ဇ်အပေါ် ကစားပုံကြမ်းတမ်းတဲ့ ဗန်ဟက်ကီကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။

၇၀ မိနစ်

လီဗာပူး - မိုဆာလက်ရဲ့ဖန်တီးပေးမှုမှတဆင့် ဒီယက်ဇ် သွင်းဂိုးရယူခဲ့ပေမယ့် စည်းကြပ်ဒိုင်က အလံထောင်ကာ လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အခုဆုံးဖြတ်ချက်ကို VAR ကလည်း ထပ်ဆင့်အတည်ပြုပေးခဲ့ပါတယ်။

၆၉ မိနစ်

Image လူလဲ

ဘရိုက်တန် - ဘိုနာနော့တီ (အဝင်)၊ လမ့်ပ်တေ(အထွက်)

၆၇ မိနစ်

လီဗာပူး - ဆိုဘိုဆလိုင်းရဲ့ဖြတ်တင်ဘောကို ဘာလီဘာရှင်းထုတ်ရာ ဂိုးပေါက်နဲ့ အနည်းငယ်လေး လွဲချော်သွားလို့ OWN GOAL တော့ မမြင်တွေ့ခဲ့ရပါဘူး။

၆၅ မိနစ်

Image ဂိုး

လီဗာပူး - ဆိုဘိုဆလိုင်းရဲ့ ညာခြမ်းအဝေးဘောပေးပို့မှုကို မက်အယ်လစ္စတာက တစ်ချက်ထိန်းကာ ဖန်တီးပေးလာခဲ့ပြီး မိုဆာလက်က လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းပြီး လီဗာပူးအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။

၆၄ မိနစ်

လီဗာပူး - ဆိုဘိုဆလိုင်းရဲ့ဖန်တီးပေးမှုကို နူနက်ဇ် ထောင့်ဖြတ်အပြင်းကန်သွင်းရာ ဂိုးသမားဗာဗရက်ဂန် ပုတ်ထုတ်ကာကွယ်ခဲ့ပါတယ်။

၆၂ မိနစ်

လီဗာပူး - မက်အယ်လစ္စတာရဲ့တိုက်စစ်လမ်းကြောင်းဖွင့်မှုမှတဆင့် ဘရက်ဒ်လေရဲ့ ညာခြမ်းဖန်တီးပေးမှုကို လီဝစ်ဒန့်ခ် တားဆီးနိုင်ခဲ့ပါတယ်။

၆၀ မိနစ်

အမှတ်ပေးချန်ပီယံဆုပြေးလမ်းအတွက် ရမှတ်လိုအပ်ချက်ရှိနေတဲ့ လီဗာပူးတို့ တိုက်စစ်ဖွင့်ကစားနေသလို ဘရိုက်တန်ကလည်း အဝေးကွင်းမှာ အကောင်းဆုံးတုံ့ပြန်ကစားနေပါတယ်။

၅၈ မိနစ်

Image အဝါကတ်

လီဗာပူး - အက်စ်တူပီနန်ရဲ့ တန်ပြန်တိုက်စစ်စတင်ဖို့ ကြိုးပမ်းမှုအပေါ် ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တဲ့ ဂျိုဂိုးမက်ဇ်ကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။

၅၆ မိနစ်

ဘရိုက်တန် - အက်စ်တူပီနန်ရဲ့ ဘယ်ခြမ်းဖြတ်တင်ဘောပေးပို့မှုကို ကွင်ဆာ အမှားအယွင်းမရှိ ရှင်းထုတ်ခဲ့ပါတယ်။

၅၄ မိနစ်

လီဗာပူး - ဂိုးမက်ဇ်ရဲ့ဖြတ်တင်ဘောကို မက်အယ်လစ္စတာခေါင်းတိုက်အဆုံးသတ်ရာ ဂိုးပေါက်နဲ့ လွဲချော်သွားပါတယ်။

၅၂ မိနစ်

လီဗာပူး - နူနက်ဇ်ရဲ့ ဘယ်ခြမ်းဖန်တီးပေးမှုမှတဆင့် ဘရက်ဒ်လေအပြင်းကန်သွင်းရာ ဘရိုက်တန်ခံစစ်မှူးတွေ ကြားဖြတ်တားဆီးသွားပါတယ်။

၅၀ မိနစ်

Image အဝါကတ်

လီဗာပူး - ဘာလီဘာကို နောက်မှဆွဲထားခဲ့လို့ ဗန်ဒိုက်ကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။

၄၈ မိနစ်

Image အဝါကတ်

ဘရိုက်တန် - ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အပေါ် စောဒကတက်လာတဲ့ ဝဲလ်ဘတ်ကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသသွားပါတယ်။

၄၆ မိနစ်

ဒုတိယပိုင်းပွဲချိန် ပြန်လည်စတင်ပါပြီ။

၄၅ မိနစ်

ပထမပိုင်းပွဲချိန်ပြီးဆုံးသွားပါပြီ။ အိမ်ရှင်လီဗာပူးနဲ့ ဧည့်သည်ဘရိုက်တန်တို့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်နေပါတယ်။

၄၂ မိနစ်

ဘရိုက်တန် - ဗက်ဇ်မန်းအပေါ် ဂျိုးဂိုးမက်ဇ်ကစားပုံအနည်းငယ်ကြမ်းတမ်းခဲ့လို့ ဘရိုက်တန်တို့ ပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့ပါတယ်။

၄၀ မိနစ်

ဘရိုက်တန် - အေဒင်ဂရာရဲ့ထိုးဖောက်ဖို့ကြိုးပမ်းမှုကို ဘရက်ဒ်လေ တည်တည်ငြိမ်ငြိမ်ဖြင့် ထိန်းချုပ်သွားခဲ့ပါတယ်။

၃၈ မိနစ်

လီဗာပူး - မက်အယ်လစ္စတာရဲ့ မိုဆာလက်ဆီ တိုက်ရိုက်အဝေးဘောဖန်တီးပေးပို့မှု အတော်လေးကောင်းမွန်ခဲ့သလို ဂိုးသမားဗာဗရက်ဂန်ကလည်း ရှေ့တက်ရှင်းထုတ်ထားလို့ လက်ပစ်ဘောဖြစ်သွားခဲ့ပါတယ်။

၃၆ မိနစ်

လီဗာပူး - ဒီယက်ဇ်ရဲ့တန်ပြန်တိုက်စစ်စတင်မှုကို အက်စ်တူပီနန် အမှားအယွင်းမရှိ ရှင်းထုတ်သွားပါတယ်။

၃၄ မိနစ်

Image ထောင့်ကန်ဘော

ဘရိုက်တန် - ၀ဲလ်ဘတ်ရဲ့ဖန်တီးပေးမှုကို မိုဒါ အပြင်းကန်သွင်းရာ ဗန်ဒိုက်ကြားဖြတ်ဟန့်တားခဲ့လို့ ထောင့်ကန်ဘောနဲ့ပဲ အဆုံးသတ်သွားပါတယ်။

၃၂ မိနစ်

လီဗာပူး - ဘရက်ဒ်လေရဲ့အနီးကပ်ဖန်တီးပေးမှုကို ဒီယက်ဇ်ကန်သွင်းရာ ဂိုးသမားဗာဗရက်ဂန် အမှားအယွင်းမရှိ အမိအရဖမ်းယူခဲ့ပါတယ်။

၃၀ မိနစ်

လီဗာပူး - နူနက်ဇ်ရဲ့ဖန်တီးပေးမှုမှတဆင့် မိုဆာလက် တစ်ကိုယ်တော် အပိုင်ကန်သွင်းခွင့် ရရှိခဲ့ရာ အားပျော့သွားလို့ ဂိုးသမားဗာဗရက်ဂန် အမှားအယွင်းမရှိ ဖမ်းယူသွားပါတယ်။

၂၇ မိနစ်

Image ဂိုး

လီဗာပူး - ဆိုဘိုဆလိုင်းရဲ့ထောင့်ကန်ဘောပေးပို့မှုကို ဘရိုက်တန်ခံစစ်ကြောင်း ရှင်းထုတ်ရာမှတဆင့် လျှံကျလာတဲ့ဘောလုံးကို ဒီယက်ဇ် အနီးကပ်လျှပ်တပြက်ပိတ်သွင်းယူကာ လီဗာပူးအတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။

၂၄ မိနစ်

လီဗာပူး - ဆိုဘိုဆလိုင်းရဲ့ထောင့်ကန်ဘောပေးပို့မှုကို ဘရိုက်တန်ခံစစ်ကြောင်းက အချိန်မီရှင်းထုတ်ခဲ့ပါတယ်။

၂၂ မိနစ်

လီဗာပူး - ဆိုဘိုဆလိုင်း၊ နူနက်ဇ်၊ ဒီယက်ဇ်တွဲလုံးဖြင့် ထိုးဖောက်ဖို့ ကြိုးစားရာ ဒီယက်ဇ် လူကျွံနေခဲ့ပါတယ်။

၂၀ မိနစ်

Image အဝါကတ်

ဘရိုက်တန် - မက်အယ်လစ္စတာအပေါ် ကစားပုံကြမ်းတမ်းတဲ့ ဂရော့ခ်ကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။

၁၈ မိနစ်

လီဗာပူး - ဘရက်ဒ်လေရဲ့ အနီးကပ်ဖန်တီးပေးမှုကို မိုဆာလက် ကန်သွင်းရာ ဂိုးပေါက်နဲ့ ထပ်မံလွဲချော်ခဲ့ပါတယ်။

၁၆ မိနစ်

လီဗာပူး - မက်အယ်လစ္စတာရဲ့ပေးပို့မှုကို မိုဆာလက်ပိတ်သွင်းယူရာ ဂိုးပေါက်နဲ့ အနည်းငယ်လေး လွဲချော်သွားပါတယ်။

၁၄ မိနစ်

Image အဝါကတ်

လီဗာပူး - အေဒင်ဂရာရဲ့တန်ပြန်တိုက်စစ်စတင်မှုအပေါ် တားဆီးပုံအနည်းငယ်ကြမ်းတမ်းတဲ့ မက်အယ်လစ္စတာကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။

၁၂ မိနစ်

လီဗာပူး - မက်အယ်လစ္စတာရဲ့ ဧရိယာထိပ်အဝေးကန်ချက်က ဂိုးပေါက်နဲ့ အတော်လေး လွဲချော်သွားပါတယ်။

၁၀ မိနစ်

ဘရိုက်တန် - ဂရော့ဘ်ရဲ့ထောင့်ကန်ဘောပေးပို့မှုက အတော်လေးများသွားလို့ ဂိုးလွန်ဘော ဖြစ်သွားပါတယ်။

၈ မိနစ်

ဘရိုက်တန် - အေဒင်ဂရာရဲ့ဘယ်ခြမ်းထိုးဖောက်ဖန်တီးပေးမှု အတော်လေးကောင်းမွန်ပေမယ့် ပိတ်သွင်းယူမယ့်ကစာသမားမရှိလို့ သွင်းဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။

၆ မိနစ်

လီဗာပူး - ဆိုဘိုဆလိုင်းရဲ့ပေးပို့မှုကို ဒါဝင်နူနက်ဇ်အဆုံးသတ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။

၄ မိနစ်

ဘရိုက်တန် - လမ့်ပ်တေးရဲ့ ညာခြမ်းထိုးဖောက်မှုက ဘေးစည်းကျော်သွားလို့ လက်ပစ်ဘောဖြစ်သွားပါတယ်။

၂ မိနစ်

Image ဂိုး

ဘရိုက်တန် - တန်ပြန်တိုက်စစ်မှတဆင့် ရရှိလာတဲ့အခွင့်အရေးကို ဝဲလ်ဘတ်က ဂိုးဧရိယာထိပ်မှ အပြင်းကန်သွင်းပြီး ဧည့်သည်ဘရိုက်တန်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

၁ မိနစ်

ဘရိုက်တန် - ဗာဗရက်ဂန်(ဂိုး)၊ ဗန်ဟက်ကီ၊ ဗက်ဇ်မန်း၊ လီဝစ်ဒန့်ခ်၊ အက်စ်တူပီနန်၊ လမ့်ပ်တေး၊ ဘာလီဘာ၊ ဂရော့ခ်၊ မိုဒါ၊ အေဒင်ဂရာ၊ ဝဲလ်ဘတ်။

၁ မိနစ်

လီဗာပူး - ကလယ်ဟာ(ဂိုး)၊ ဂျိုဂိုးမက်ဇ်၊ ဗန်ဒိုက်၊ ကွင်ဆာ၊ ဘရက်ဒ်လေ၊ အန်ဒို၊ မက်အယ်လစ္စတာ၊ ဆိုဘိုဆလိုင်း၊ မိုဆာလက်၊ ဒီယက်ဇ်၊ ဒါဝင်နူနက်ဇ်။

၁ မိနစ်

ပွဲစတင်ပါပြီ။