ရှေ့သို့

30 March, 21:30 PM

ချဲလ်ဆီး Logo

2 : 2

ဘန်လေ Logo
ချဲလ်ဆီး

ပွဲပြီး

ဘန်လေ
၉၀+၅ မိနစ်

ပွဲအပြီးမှာတော့ ချဲလ်ဆီးတို့ အိမ်ကွင်းမှာ ၁၀ယောက်ကျန်ဘန်လေကို မနိုင်ရခဲ့ဘဲ စိတ်ပျက်စရာရလဒ်တစ်ခုသာ ရရှိခဲ့ပါတယ်။

၉၀ မိနစ်

ပွဲကစားချိန် မိနစ်၉၀ပြည့်လို့ နာကျင်အချိန်ပို ၅မိနစ်သတ်မှတ်ထားပါတယ်။

၈၉ မိနစ်

ဘန်လေ - ရိုဒရီဂွက်ဇ် အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် အံ့အားသင့်ဖွယ် လွဲချော်သွားခဲ့ပါတယ်။

၈၇ မိနစ်

Image လူလဲ

ချဲလ်ဆီး - ဂတ်စ်တို - အထွက် ဂလစ်ချ်စတစ် - အဝင်

၈၅ မိနစ်

ချဲလ်ဆီး - ပယ်လ်မာရဲ့ကန်တင်ပေးမှုကနေ စတာလင် ခေါင်းတိုက်သွင်းရာမှာ ဂိုးပေါက်နဲ့လွဲခဲ့ပါတယ်။

၈၂ မိနစ်

ချဲလ်ဆီး - မာဒူကီ တောင်ပံကနေ ဆွဲဝင်ပြီးကန်ရာမှာ ဂိုးပေါက်နဲ့ကပ်လွဲသွားခဲ့ပါတယ်။

၈၀ မိနစ်

Image ဂိုး

ဘန်လေ - မိနစ်၈၀မှ​ာ ဘန်လေအသင်း ချေပဂိုးရခဲ့ပြီး ထောင့်ကန်ဘောကနေ အိုရှေးက ခေါင်းတိုက်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

၇၈ မိနစ်

Image ဂိုး

ချဲလ်ဆီး - ၇၈မိနစ်မှာ ချဲလ်ဆီးအသင်း ဦးဆောင်ဂိုးရခဲ့ပြီး စတာလင်ရဲ့နောက်ပေါက်နဲ့ချပေးမှုကနေ ပယ်လ်မာက အပိုင်ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

၇၆ မိနစ်

ချဲလ်ဆီး - ပယ်လ်မာ တစ်ကိုယ်တော်အစွမ်းနဲ့ ထိုးဖောက်ကန်သွင်းရာမှာ ဂိုးသမားမူရစ် ဖမ်းမိခဲ့ပါတယ်။

၇၃ မိနစ်

Image လူလဲ

ချဲလ်ဆီး - ကိုင်စီဒို - အထွက် စတာလင် - အဝင်

၇၁ မိနစ်

Image လူလဲ

ဘန်လေ - အိုဒိုဘတ် - အထွက် ရိုဒရီဂွက်ဇ် - အဝင် ဖော်စတာ - အထွက် ဂွတ်ဒ်မန်ဆန် - အဝင်

၆၉ မိနစ်

ချဲလ်ဆီး - ဒီတစ်ကြိမ်မှာလည်း ဂျက်ဆန်ရဲ့ပေးပို့မှုကနေ မာဒူကီကန်သွင်းရာမှာ မူရစ် ကာကွယ်သွားပြန်ပါတယ်။

၆၆ မိနစ်

ဘန်လေ - ဘန်လေအသင်းဟာ ဒီညပွဲမှာ ဂိုးပေါက်ကာကွယ်မှု၆ကြိမ်အထိပြုလုပ်ပြီး လက်စွမ်းပြနေခဲ့ပါတယ်။

၆၃ မိနစ်

ချဲလ်ဆီး - မာဒရစ်ခ်ရဲ့ဖြတ်တင်ဘောကနေ ဂျက်ဆန် ပိတ်သွင်းရာမှာ ဂိုးသမားမူရစ် အကောင်းဆုံးကာကွယ်သွားခဲ့ပါတယ်။

၆၁ မိနစ်

Image လူလဲ

ချဲလ်ဆီး - ဂယ်လာဟာ - အထွက် မာဒူကီ - အဝင်

၅၈ မိနစ်

ဘန်လေ - တောင်ပံဖြတ်တင်ဘောကနေ ဖော်စတာ ခေါင်းတိုက်သွင်းရာမှာ ပက်ထရိုဗစ် လက်စွမ်းပြကာကွယ်သွားပါတယ်။

၅၆ မိနစ်

ချဲလ်ဆီး - အန်ဇို ကွင်းလယ်ကနေ ဂတ်စ်တိုထံ ဘောလုံးပေးပို့ခဲ့ပေမယ့် ဂိုးသမားမူရစ် ဖမ်းမိသွားပါတယ်။

၅၃ မိနစ်

ချဲလ်ဆီး - ချဲလ်ဆီးက ဘောလုံးကိုင်ပြီးထိုးဖောက်နေပေမယ့် ထိရောက်တဲ့ ခြိမ်းခြောက်မှုမျိုး မလုပ်နိုင်သေးပါဘူး။

၅၀ မိနစ်

ချဲလ်ဆီး - ချေပဂိုးပေးလိုက်ရတဲ့ချဲလ်ဆီးတို့ ဦးဆောင်ဂိုးရရေး ပြန်လည်ထိုးဖောက်နေခဲ့ပါတယ်။

၄၇ မိနစ်

Image ဂိုး

ချဲလ်ဆီး - ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာတင် ဘန်လေအသင်း ချေပဂိုးရခဲ့ပြီး ကူလန်က ဘရောင်းဟေးလ်နဲ့ အပေးအယူလုပ်ပြီး လှလှပပကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

၄၆ မိနစ်

ဒုတိယပိုင်းပြန်ကစားနေပါပြီ၊

၄၅ မိနစ်

ပထမပိုင်းအပြီးမှာတော့ ချဲလ်ဆီးတို့ ပယ်လ်မာရဲ့ပင်နယ်တီဂိုးနဲ့အတူ ပွဲကို ဦးဆောင်ထားခဲ့ပါတယ်။

၄၄ မိနစ်

Image ဂိုး

ချဲလ်ဆီး - ရရှိလာတဲ့ ပင်နယ်တီကို ပယ်လ်မာက ပင်နယ်ကာကန်ချက်နဲ့သွင်းယူကာ ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးရရှိစေခဲ့ပါတယ်။

၄၂ မိနစ်

Image အနီကတ်

ဘန်လေ - ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို ပြင်းထန်စွာစောဒတက်ခဲ့တဲ့ နည်းပြကွန်ပနီလည်း တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံလိုက်ရပါတယ်။

၄၁ မိနစ်

ဘန်လေ - ဒါ့အပြင် မာဒရစ်ခ်ကို ဆွဲထားခဲ့တဲ့ အဆင်နန်ကိုလည်း ၂ဝါ၁နီနဲ့ ကွင်းလယ်ဒိုင်က ထုတ်ပယ်ခဲ့ပါတယ်။

၄၀ မိနစ်

ချဲလ်ဆီး - မိနစ်၄၀မှာ ဧရိယာထဲ မာဒရစ်ခ်ကို အဆင်နန် ဆွဲထားတယ်ဆိုပြီး ချဲလ်ဆီးအသင်း ပင်နယ်တီကန်ခွင့်ရခဲ့ပါတယ်။

၃၉ မိနစ်

ဘန်လေ - အိုဒိုဘတ်ရဲ့ဖြတ်တင်ဘောကနေ လာဆင် ခေါင်းတိုက်သွင်းရာမှာ ဂိုးပေါက်နဲ့လွဲချော်သွားပါတယ်။

၃၆ မိနစ်

Image အဝါကတ်

ချဲလ်ဆီး - အဆင်နန်ကို ကစားပုံကြမ်းခဲ့တဲ့ ကူကူရယ်လာ အဝါကတ်ထိသွားပါတယ်။

၃၄ မိနစ်

ချဲလ်ဆီး - ဂျက်ဆန်ရဲ့ပေးပို့မှုကနေ မာဒရစ်ခ် ကန်သွင်းရာမှာ ဂိုးသမားမူရစ် ဖမ်းမိခဲ့ပါတယ်။

၃၂ မိနစ်

ချဲလ်ဆီး - ချဲလ်ဆီးကလည်း ထိုးဖောက်မှုတွေမှာ အားနည်းချက်တွေများနေလို့ ထင်သလောက်ထိရောက်ခြင်းမရှိသေးပါဘူး။

၂၉ မိနစ်

ဘန်လေ - ဘန်လေအသင်းက အခွင့်အရေးတွေရနေပေမယ့် အဆုံးသတ်ပေးပို့မှုတွေမှာ အားနည်းချက်တွေရှိနေပါတယ်။

၂၆ မိနစ်

ဘန်လေ - ကူလန် ဧရိယာအပြင်ဘက်ကနေ ကန်သွင်းခဲ့ရာမှာ ဂိုးသမား ပက်ထရိုဗစ် ဖမ်းမိခဲ့ပါတယ်။

၂၄ မိနစ်

ချဲလ်ဆီး - ဂယ်လာဟာ တောင်ပံမှာလွတ်နေတဲ့ ပယ်လ်မာကို မပေးဘဲ ကန်ခဲ့ရာမှာ လူနဲ့ထိပြီး ဂိုးသမားထံသာ ရောက်သွားပါတယ်။

၂၂ မိနစ်

ချဲလ်ဆီး - မိနစ်၂၀မှာ ချဲလ်ဆီးအသင်း ဦးဗဆာင်ဂိုးရခဲ့ပြီး မာဒရစ်ခ်ရဲ့ဖြတ်တင်ဘောကနေ ဒီဆာဆီက ခေါင်းတိုက်သွင်းယူသွားခဲ့ပေမယ့် လက်ထိဘောဆိုပြီး VARက ဂိုးကို ပယ်ဖျက်သွားခဲ့ပါတယ်။

၁၉ မိနစ်

ချဲလ်ဆီး - ပယ်လ်မာရဲ့ပေးပို့မှုကနေ ဂျက်ဆန် နောက်ခံလူတစ်ဦးကိုကျော်ဖြတ်ပြီး ကန်သွင်းယူရာမှာ ဂိုးသမားမူရစ် ကာကွယ်သွားပါတယ်။

၁၇ မိနစ်

Image အဝါကတ်

ဘန်လေ - မာဒရစ်ခ်ကို နောက်ကနေ ဆွဲခဲ့တဲ့ အဆင်နန် အဝါကတ်ပြခံလိုက်ရပါတယ်။

၁၅ မိနစ်

ဘန်လေ - အိုဒိုဘတ် ဧရိယာထဲဆွဲဝင်ပြီးကန်သွင်းရာမှာ ဂိုးသမား ပက်ထရိုဗစ် ကာကွယ်သွားပါတယ်။

၁၃ မိနစ်

ချဲလ်ဆီး - ပယ်လ်မာ ဂယ်လာဟာနဲ့အပေးအယူလုပ်ပြီး ကန်သွင်းခဲ့ရာမှာ ဂိုးပေါက်နဲ့လွဲပြန်ပါတယ်။

၁၁ မိနစ်

ချဲလ်ဆီး - ပယ်လ်မာ ဧရိယာအပြင်ဘက်ကနေ ကန်သွင်းခဲ့ရာမှာ ဂိုးပေါက်နဲ့လွဲချော်သွားပါတယ်။

၉ မိနစ်

ချဲလ်ဆီး - အန်ဇိုဖာနန်ဒက်ဇ် ဧရိယာထဲ အခွင့်အရေးရပြီး ကန်သွင်းခဲ့ရာမှာ ဂိုးသမားမူရစ် ကာကွယ်သွားပါတယ်။

၆ မိနစ်

ဘန်လေ - ဘန်လေအသင်းက ပွဲအစပိုင်းမှာ ကစားပုံပိုကောင်းပြီး ချဲလ်ဆီးခံစစ်ကို ထိုးဖောက်ကစားနေပါတယ်။

၃ မိနစ်

ဘန်လေ - ဘန်လေအသင်းက စတင်ထိုးဖောက်ကစားနေရာမှာ ဘီးကုပ်ထိပ်နား ဖရီးကစ်ကန်ခွင့်ရခဲ့ပါတယ်။

၂ မိနစ်

ချဲလ်ဆီး - ချဲလ်ဆီးလူစာရင်းမှာ ပရိသတ်အချစ်တေ​ာ် စတာလင် ချန်လှပ်ခံထားရပြီး မာဒရစ်ခ် ပါဝင်လာတာကို တွေ့ရပါတယ်။

၁ မိနစ်

ပြိုင်ပွဲစတင်ကစားနေပါပြီ။