ရှေ့သို့

26 April, 1:30 AM

ဘရိုက်တန် Logo

0 : 4

မန်စီးတီး Logo
ဘရိုက်တန်

ပွဲပြီး

မန်စီးတီး
၉၀+၅ မိနစ်

ပွဲချိန်ကုန်ဆုံးသွားပါပြီ။ ပွဲပြီးချိန်မှာ အိမ်ရှင်ဘရိုက်တန်ကို ဧည့်သည်မန်စီးတီးက ဝ-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

၉၀+၄ မိနစ်

မန်စီးတီး - အယ်လ်ဗာရက်ဇ်ရဲ့ဖန်တီးပေးမှုကို ဒိုကူကန်သွင်းရာ ဂိုးသမားစတီလီ ပိတ်ဆို့ကာကွယ်ခဲ့ပါတယ်။

၉၀+၃ မိနစ်

Image ထောင့်ကန်ဘော

ဘရိုက်တန် - ဘာကိုရဲ့ ဘယ်ခြမ်းဖြတ်တင်ဘောပေးပို့မှုကို အကီရှင်းထုတ်ရာ ထောင့်ကန်ဘော ဖြစ်သွားပါတယ်။

၉၀+၁ မိနစ်

ဘရိုက်တန် - ဘာကိုရဲ့ဖြတ်တင်ဘောကို အေဒင်ဂရာပိတ်သွင်းယူဖို့ ကြိုးစားပေမယ့် ဂိုးပေါက်နဲ့ လွဲချော်သွားပါတယ်။

၉၀ မိနစ်

နာကျင်အချိန်ပို ၅ မိနစ် သတ်မှတ်ပေးထားပါတယ်။

၈၈ မိနစ်

မန်စီးတီး - ဒိုကူရဲ့ထိုးဖောက်လာမှုကို အီဂေါ အချိန်မီတားဆီးနိုင်ခဲ့ပါတယ်။

၈၅ မိနစ်

ဘရိုက်တန် - အီဂေါရဲ့ဖန်တီးပေးမှုမှတဆင့် ဂျာအိုပက်ဒရိုအနီးကပ်ကန်သွင်းရာ ဂိုးပေါက်နဲ့ အံ့အားသင့်ဖွယ် လွဲချော်သွားပါတယ်။

၈၂ မိနစ်

ဘရိုက်တန် - ဘာကိုရဲ့ အေဒင်ဂရာဆီ ဖြတ်တင်ဘောပေးပို့မှုက တိကျမှုအားနည်းခဲ့လို့ မအောင်မြင်ခဲ့ပါဘူး။

၈၀ မိနစ်

ပွဲချိန်နှောင်းပိုင်းရောက်ရှိလာတာနဲ့အမျှ ဧည့်သည်မန်စီးတီးကပဲ ပွဲကိုထိန်းချုပ်ကာ အနိုင်ရလဒ်ဖော်ဆောင်ဖို့ ကြိုးစားလာပါတယ်။

၇၈ မိနစ်

Image လူလဲ

မန်စီးတီး - လီဝစ်၊ ဒိုကူ၊ ဂိုးမက်ဇ်(အဝင်)၊ ဝေါ်လ်ကာ၊ ဘာနာဒိုဆေးလ်ဗား၊ ရိုဒရီ(အထွက်)

၇၆ မိနစ်

Image အဝါကတ်

ဘရိုက်တန် - မာသီးယက်စ်နူနက်စ်ကို နောက်မှဆွဲထားတယ်ဆိုတဲ့ ပြစ်ချက်ဖြင့် ဘာလီဘာကို ကွင်းလယ်ဒိုင်က အဝါကတ်ပြသခဲ့ပါတယ်။

၇၅ မိနစ်

Image လူလဲ

ဘရိုက်တန် - အိုမာဟိုနီ(အဝင်)၊ ဝဲလ်ဘတ်(အထွက်)

၇၄ မိနစ်

ဘရိုက်တန် - ၀ဲလ်ဘတ်ရဲ့အဝေးကန်ချက်က ဂိုးပေါက်နဲ့လွဲချော်သွားပါတယ်။

၇၂ မိနစ်

ဘရိုက်တန် - ဘာလီဘာရဲ့ပေးပို့မှုမှတဆင့် အေဒင်ဂရာထိုးဖောက်ဖို့ ကြိုးစားရာ မအောင်မြင်ခဲ့ပါဘူး။

၇၀ မိနစ်

Image လူလဲ

မန်စီးတီး - မာသီးယက်စ်နူနက်စ်၊ ဂရီးလစ်ရှ်(အဝင်)၊ ဒီဘရိုင်း၊ ဖိုဒန်(အထွက်)

၆၈ မိနစ်

ဘရိုက်တန် - ဂျာအိုပက်ဒရိုရဲ့ထိုးဖာက်မှု အတော်လေးကောင်းမွန်ပေမယ့် ဂျီဗာဒီအော အချိန်မီတားဆီးနိုင်ခဲ့ပါတယ်။

၆၆ မိနစ်

မန်စီးတီး - ဝေါ်လ်ကာရဲ့ဖန်တီးပေးမှု အတော်လေးကောင်းမွန်ပေမယ့် ဘရိုက်တန်ခံစစ်ကြောင်းက အချိန်မီတားဆီးနိုင်ခဲ့ပါတယ်။

၆၄ မိနစ်

ဘရိုက်တန် - အေဒင်ဂရာရဲ့ထိုးဖောက်ကန်သွင်းမှု ကောင်းမွန်ပေမယ့် ဂျီဗာဒီအော ပိတ်ဆို့တားဆီးခဲ့ပါတယ်။

၆၂ မိနစ်

Image ဂိုး

မန်စီးတီး - အီဒါဆန်ရဲ့ပေးပို့မှုမှတဆင့် ဝေါ်လ်ကာဖန်တီးပေးရာ အယ်လ်ဗာရက်ဇ်က အနီးကပ်ကန်သွင်းပြီး မန်စီးတီးအတွက် စတုတ္ထမြောက်ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။

၆၀ မိနစ်

ဘရိုက်တန် - ၀ဲလ်ဘတ်ရဲ့ ဂျာအိုပက်ဒရိုဆီဖန်တီးပေးမှုက လူကျွံဘောနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။

၅၇ မိနစ်

Image ထောင့်ကန်ဘော

ဘရိုက်တန် - အေဒင်ဂရာရဲ့ညာခြမ်းဖြတ်တင်ဘောကို အကီတားဆီးရာ ထောင့်ကန်ဘောဖြစ်သွားပါတယ်။

၅၅ မိနစ်

Image လူလဲ

ဘရိုက်တန် - အီဂေါ(အဝင်)၊ မိုဒါ(အထွက်)

၅၂ မိနစ်

ဘရိုက်တန် - ဂျာအိုပက်ဒရိုရဲ့ထိုးဖောက်ကန်သွင်းမှု အတော်လေးကောင်းမွန်ပေမယ့် ဂိုးသမားအီဒါဆန် ပုတ်ထုတ်ကာကွယ်ခဲ့ပါတယ်။

၅၀ မိနစ်

မန်စီးတီး - အယ်လ်ဗာရက်ဇ်အပေါ် အေဒင်ဂရာတားဆီးပုံ အနည်းငယ်ကြမ်းတမ်းခဲ့လို့ ဘရိုက်တန်ဂိုးဧရိယာညာယွန်းယွန်းမှာ မန်စီးတီးတို့ ဖရီးကစ်ကန်ခွင့် ရရှိခဲ့ပါတယ်။

၄၈ မိနစ်

ဘရိုက်တန် - ဂရော့ဘ်ရဲ့ထိုးဖောက်မှုအပေါ် ရိုဒရီတားဆီးရာ အငြင်းပွားစရာအနေအထားရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပယ်နယ်တီအဖြစ် မသတ်မှတ်ပေးခဲ့ပါဘူး။

၄၆ မိနစ်

ဒုတိယပိုင်းပွဲချိန် ပြန်လည်စတင်ပါပြီ။

၄၆ မိနစ်

Image လူလဲ

ဘရိုက်တန် - အော့ဖ်ဖီယာ၊ အေဒင်ဂရာ(အဝင်)၊ လယ်လာနာ၊ ဗက်ဇ်မန်း(အထွက်)

၄၅ မိနစ်

ပထမပိုင်းပွဲချိန် ပြီးဆုံးသွားပါပြီ။ အိမ်ရှင်ဘရိုက်တန်ကို ဧည့်သည်မန်စီးတီးက ဝ-၃ ဂိုးဖြင့် ဦးဆောင်နေပါတယ်။

၄၃ မိနစ်

Image ထောင့်ကန်ဘော

မန်စီးတီး - ဒီဘရိုင်းရဲ့ အယ်လ်ဗာရက်ဇ်ဆီ ဖန်တီးပေးမှုကို လီဝစ်ဒန့်ခ်တားဆီးရာ ဂိုးစည်းကျော်သွားလို့ ထောင့်ကန်ဘောဖြစ်သွားပါတယ်။

၄၀ မိနစ်

မန်စီးတီး - ဖိုဒန်ရဲ့ထိုးဖောက်လာမှုကို ဘရိုက်တန်ခံစစ်ပိုင်းက အမှားအယွင်းမရှိ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

၃၈ မိနစ်

ဘရိုက်တန် - ဗန်ဟက်ကီရဲ့ပေးပို့မှုမှတဆင့် ဝဲလ်ဘတ်ထိုးဖောက်ဖို့ ကြိုးစားပေမယ့် လူကျွံနေခဲ့ပါတယ်။

၃၆ မိနစ်

Image ထောင့်ကန်ဘော

ဘရိုက်တန် - ဘာကိုရဲ့ ဘယ်ခြမ်းဖြတ်တင်ဘောပေးပို့မှုက ဘာနာဒိုဆေးလ်ဗားနဲ့ထိပြီး ဂိုးစည်းကျော်သွားလို့ ဘရိုက်တန်တို့ ထောင့်ကန်ဘောကန်ခွင့် ရရှိခဲ့ပါတယ်။

၃၄ မိနစ်

Image ဂိုး

မန်စီးတီး - ဘရိုက်တန်ခံစစ်ပိုင်းရဲ့ပေါ့ဆမှုကို အကောင်းဆုံးအသုံးချကာ ဖိုဒန်က မန်စီးတီးအတွက် တတိယမြောက်ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

၃၂ မိနစ်

Image အဝါကတ်

ဘရိုက်တန် - ဖိုဒန်အပေါ် ကစားပုံကြမ်းတမ်းတဲ့ ဗက်ဇ်မန်းကို ကွင်းလယ်ဒိုင်က အဝါကတ် ပြသခဲ့ပါတယ်။

၃၀ မိနစ်

မန်စီးတီး - ဝေါ်လ်ကာရဲ့ညာခြမ်းဖြတ်တင်ဘောပေးပို့မှု ကောင်းမွန်ပေမယ့် ဂိုးသမားစတီလီ အမိအရဖမ်းယူခဲ့ပါတယ်။

၂၈ မိနစ်

ဘရိုက်တန် - ဘာကိုအပေါ် ဖိုဒန် ကစားပုံအနည်းငယ်ကြမ်းခဲ့လို့ ဘရိုက်တန်တို့ ပြစ်ဒဏ်ဘောကန်ခွင့် ရရှိခဲ့ပါတယ်။

၂၆ မိနစ်

Image ဂိုး

မန်စီးတီး - ဒီဖရီးကစ်ကိုပဲ ဖိုဒန်က တိုက်ရိုက်ကန်သွင်းရာ ဂရော့ဘ်နဲ့ထိပြီး ဂိုးပေါက်ထဲဝင်သွားလို့ မန်စီးတီးတို့ ဒုတိယမြောက်ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

၂၄ မိနစ်

မန်စီးတီး - ဖိုဒန်ရဲ့ထိုးဖောက်မှု အတော်လေးကောင်းမွန်ပေမယ့် လီဝစ်ဒန့်ခ်တားဆီးပုံ မသေသပ်ခဲ့လို့ ဘရိုက်တန်ဂိုးဧရိယာထိပ်မှာ ဖရီးကစ်ကန်ခွင့် ရရှိခဲ့ပါတယ်။

၂၂ မိနစ်

Image ထောင့်ကန်ဘော

မန်စီးတီး - ဒီဘရိုင်းရဲ့အဝေးကန်ချက်ကို ဗန်ဟက်ကီပိတ်ဆို့ရှင်းလင်းရာ ထောင့်ကန်ဘော ဖြစ်သွားခဲ့ပါတယ်။ ဒီထောင့်ကန်ဘောမှတဆင့် ရရှိလာတဲ့အခွင့်အရေးကို အယ်လ်ဗာရက်ဇ် အဝေးကန်ချက်ဖြင့် ကန်သွင်းရာ ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပါတယ်။

၂၀ မိနစ်

ဘရိုက်တန် - ဘာလီဘာရဲ့ထိုးဖောက်လာမှုကို ဝေါ်လ်ကာ အမှားအယွင်းမရှိ ထိန်းချုပ်ထားခဲ့ပါတယ်။

၁၈ မိနစ်

ဘရိုက်တန် - ဂရော့ဘ်ရဲ့ထောင့်ကန်ဘောပေးပို့မှုကို လီဝစ်ဒန့်ခ်ခေါင်းတိုက်ရာ ဂိုးသမားအီဒါဆန် အမှားအယွင်းမရှိ အမိအရဖမ်းယူခဲ့ပါတယ်။

၁၇ မိနစ်

Image ဂိုး

မန်စီးတီး - ဝေါ်လ်ကာရဲ့ပေးပို့မှုကို ဂိုးဧရိယာထဲမှာ လွတ်နေတဲ့ ဒီဘရိုင်းက အပိုင်ခေါင်းတိုက်ပြီး မန်စီးတီးအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

၁၄ မိနစ်

မန်စီးတီး - ဒီဘရိုင်းအပေါ် ဘာလီဘာ ကစားပုံအနည်းငယ်ကြမ်းခဲ့လို့ ဘရိုက်တန်ဂိုးဧရိယာအနီးမှာ မန်စီးတီးအသင်း ဖရီးကစ်ကန်ခွင့်ရရှိခဲ့ပါတယ်။ ဒီဖရီးကစ်ကို ဖိုဒန်ပေးပို့ရာ အကီပိတ်သွင်းယူခဲ့ပေမယ့် ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပါတယ်။

၁၂ မိနစ်

ဘရိုက်တန် - အယ်လ်ဗာရက်ဇ်ရဲ့ဖိအားပေးမှုကို လီဝစ်ဒန့်ခ်ရှင်းထုတ်ရာ အိမ်ရှင်တို့ လက်ပစ်ဘော ရရှိခဲ့ပါတယ်။

၈ မိနစ်

မန်စီးတီး - ဘာနာဒိုဆေးလ်ဗားရဲ့ပေးပို့မှုမှတဆင့် ဒီဘရိုင်းထိုးဖောက်ဖို့ ကြိုးစားပေမယ့် ဗန်ဟက်ကီ ကြားဖြတ်ဟန့်တားခဲ့ပါတယ်။

၆ မိနစ်

ဘရိုက်တန် - မိုဒါရဲ့တန်ပြန်တိုက်စစ်စတင်မှုကို ဂျီဗာဒီအော ကြားဖြတ်ဟန့်တားခဲ့ပါတယ်။

၄ မိနစ်

ဘရိုက်တန် - ဘာလီဘာကို ဘာနာဒိုဆေးလ်ဗား ဖိအားပေးကစားရာမှာ တွန်းလှဲသလိုဖြစ်ခဲ့လို့ အိမ်ရှင်တို့ ပြစ်ဒဏ်ဘောကန်ခွင့် ရရှိခဲ့ပါတယ်။

၂ မိနစ်

ဘရိုက်တန် - ဂရော့ဘ်၊ လယ်လာနာတွဲလုံးမှတဆင့် ရရှိလာတဲ့အခွင့်အရေးကို ဝဲလ်ဘတ် အသုံးချရာ ဂိုးသမားအီဒါဆန် အမှားအယွင်းမရှိဖမ်းယူခဲ့ပါတယ်။

၁ မိနစ်

မန်စီးတီး - အီဒါဆန်(ဂိုး)၊ ဂျီဗာဒီအော၊ အကန်ဂျီ၊ အကီ၊ ဝေါ်လ်ကာ၊ ရိုဒရီ၊ ဒီဘရိုင်း၊ ကိုဗာဆစ်၊ ဘာနာဒိုဆေးလ်ဗား၊ ဖိုဒန်၊ အယ်လ်ဗာရက်ဇ်။

၁ မိနစ်

ဘရိုက်တန် - စတီးလီ(ဂိုး)၊ ဗက်ဇ်မန်း၊ လီဝစ်ဒန့်ခ်၊ ဗန်ဟက်ကီ၊ ဘာကို၊ လယ်လာနာ၊ ဂရော့ဘ်၊ မိုဒါ၊ ဘာလီဘာ၊ ဂျာအိုပက်ဒရို၊ ဝဲလ်ဘတ်။

၁ မိနစ်

ပွဲစတင်ပါပြီ။