ရှေ့သို့
Image

ရီးရဲလ်နဲ့ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲမတိုင်ခင် အသင်းရဲ့ဒဏ်ရာရအနေအထားကို တူချယ်ပြောကြား

5:49 PM, 5 May

ဘိုင်ယန်အတွက် သတင်းဆိုးတစ်ရပ်ရှိနေပြီး ဒီလစ်ဂျ် နဲ့ လိုင်မာတို့ ဖရန့်ဖတ်နဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အဲ့မတိုင်ခင် အူပါမီကာနို ၊ ဒိုင်ယာ နဲ့ ဂွါရဲရိုးတို့လည်း ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ တူချယ်က ကစားသမားတော်တော်များများဒဏ်ရာအခြေအနေကြောင့် ပွဲချိန်ပြည့်မကစားနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

“ပွဲမတိုင်ခင် ကျွန်တော်တို့ဆေးအဖွဲ့နဲ့အစည်းအဝေးလုပ်ခဲ့ပါတယ်။ သူတို့က မိနစ် ၆၀ ၊ မိနစ် ၃၀ လောက်ပဲကစားနိုင်တာတွေရှိပါတယ်။ ကံမကောင်းစွာနဲ့ ကျွန်တော်တို့ ဒီလိုအခြေအနေကို တစ်ရာသီလုံးဖြစ်နေတာပါ။

ဂွါရဲရိုးတစ်ယောက် လာမယ့်ဗုဒ္ဓဟူးနေ့အတွက် အဆင်သင့်ဖြစ်နေပြီဆိုပေမယ့် အခုတော့ ဒဏ်ရာရခဲ့ပါပြီ။ ဒိုင်ယာဆိုရင်လည်း ပွဲမတိုင်ခင် ပေါင်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့လိုပဲ အူပါမီကာနိုကိုလည်း အရဲစွန့်သုံးခဲ့ပေမယ့် ၃၀ မိနစ်ထက်ပိုမကစားနိုင်ခဲ့ပါဘူး။

ကံမကောင်းစွာနဲ့ ဒါကကျွန်တော်တိ့ုရာသီရဲ့ပုံပြင်ပါ”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။ ဘိုင်ယန်ဟာ ပထမအကျော့တုန်းက ရီးရဲလ်အသင်းနဲ့ ၂-၂ သရေကျထားခဲ့တာဖြစ်ပါတယ်။

အခုဒုတိယအကျော့မှာ ဒဏ်ရာပြဿနာများနေတာကြောင့် ဘိုင်ယန်အနေနဲ့ အနည်းငယ်အားလျော့ဖွယ်ရှိနေပါတယ်။

ဘိုင်ယန်ဟာ စတုဂတ်အသင်းနဲ့ပွဲမှာ ၃-၁ နဲ့အရေးနိမ့်ခဲ့သလို ဒဏ်ရာရကစားသမားတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။


#ရီးရဲလ်မက်ဒရစ် #တူချယ် #ဘိုင်ယန်မြူးနစ်