ရှေ့သို့
Image

ဂျူဗင်တပ်စ်က လာဇီယိုနဲ့ပွဲမှာ အနီကတ်နှစ်ကတ် ရသင့်ပါတယ် လို့ပြောဆိုလိုက်တဲ့ နည်းပြ ဆာရီ

5:36 PM, 9 April

လာဇီယိုနည်းပြ ဆာရီ က လာဇီယိုရရှိခဲ့သည့် အဖွင့်ဂိုးကို ခွင့်မပြုသင့်ကြောင်း ဝန်ခံခဲ့သော်လည်း ဂျူဗင်တပ်အသင်းမှ လိုကာတယ်လီနှင့် ကွာဒရာဒို တို့သည် အနီကတ်များ ရသင့်ကြောင်းပြောဆိုခဲ့ပါတယ်။


ဒီပွဲရလဒ် ဘယ်လိုပဲ ဖြစ်ဖြစ် လာဇီယိုအနေနဲ့ဒုတိယ နေရာ ကမပြောင်းလဲဘူး ဆိုတာ သိထားပြီး ဖြစ်ပေမယ့် ဂျူဗင်တပ် ကို ၂-၁ နဲ့ နိုင်ခဲ့တဲ့ ရလဒ် ကြောင့် အဲဒီ အနေအထား ကို ပိုမိုစိတ်ချစွာထိန်းနိုင်ခဲ့ပါတယ် ။


အဲလက်ဆန်ဒရိုကိုကျော်လွန်ပြီး မီလင်ကိုဗစ်ဆာဗစ်အနေနဲ့ ဂိုးသမားနှင့်အနီးကပ် အပိုင်သွင်းယူကာ ဦးဆောင်ဂိုးရရှိခဲ့တာဖြစ်ပြီးပါတယ်။


“ဒီကစားသမားတွေရဲ့ သဘောထားကို ဂုဏ်ယူမိပါတယ်။ လွန်ခဲ့တဲ့လတွေကတည်းက လေ့ကျင့်ရေးမှာ ကျွန်တော်တို့ ရရှိခဲ့တဲ့ လိုက်လျောညီထွေမှုဟာ ပွဲအခြေအနေတွေကို တဖြည်းဖြည်းချင်း လွှမ်းမိုးနိုင်အောင် ကစားနိုင်နေပါတယ်။ အသင်းက မတူညီတဲ့ စိတ်အားထက်သန်မှုတွေ၊ ရန်လိုမှုတွေနဲ့ ယုံကြည်မှုတွေနဲ့ ကစားပါတယ်၊ ဒါဟာ အမြဲတမ်း ကစားပွဲထဲမှာရှိပြီး ကျွန်တော့်အတွက် ကျေနပ်စရာပါပဲ။" ဟု ဆာရီကပြောကြားခဲ့ပါတယ်။


နည်းပြကို မီဒီယာများက လူးဝစ်အယ်လ်ဘာတို ရဲ့နောက်ပေါက်နဲ့ဖန်တီးပေးတာတွေေ မီလင်ကိုဗစ်-ဆာဗစ်တို့ရဲ့ နောက်ဆုံး ၁၀ မိနစ်အတွင်း ခံစစ်မှာ ခက်ခက်ခဲခဲ လုပ်ခဲ့တာတွေအတွက် ဂုဏ်ယူသလားလို့ မေးမြန်းခဲ့ရာ ဆာရီက "အဲဒီအရည်အသွေးက သူတို့ရဲ့ အသွေးအသေားထဲမှာ အမြဲတမ်းရှိနေမှာပါ၊"ဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။


ဂျူဗင်တပ်စ်သည် မီလင်ကိုဗစ်-ဆာဗစ်က အဲလက်စ်ဆန်ဒရိုကို တွန်းထုတ်လိုက်သည့်ကိစ္စနှင့်ပက်သက်ပြီး အဖွင့်ဂိုးနှင့်ပတ်သက်၍ အငြင်းအခုန်အချိုရှိခဲ့ပါတယ်။


“အမှန်အတိုင်းပြောရရင် အဝေးကနေ ဒိုင်လူကြီးက ဝီစီကို မှုတ်ပေးနိုင်တာကို သဘောကျတယ်။ ဂျူဗင်တပ်စ်က ကစားသမားကိုးယောက်တည်းနဲ့ကစားရတာ ဖြစ်နိုင်တာကြောင့် ဒီရလဒ်နဲ့ ပွဲပြီးသွားတာကိုလည်း သဘောကျမိပါတယ်။ ပထမပိုင်းတုန်းက လိုကာတယ်လီ ရဲ့ ပြစ်ချက်က အဝါရောင်မဟုတ်ဘူး၊ ဒါက အနီကတ်ပဲ။ ကွာဒရာဒို ကို အကာအကွယ်ပေးထားပြီး အနီကတ်နဲ့ ထိုက်တန်ကြောင်း သက်သေပြလိုက်တာကတော့ နည်းပြက သူ့ကို ချက်ချင်းအစားထိုးလိုက်တာပဲ ဖြစ်ပါတယ်။


ဂျူဗင်တပ်စ်ကို ရင်ဆိုင်ရတဲ့ အခါ အမှားခံလို့မရတာကြောင့် ကစားကွက်ကိုထိန်းပြီးကစားနေရပါတယ်။ ဒီပွဲအတွက်အဆင်သင့်ဖြစ်ဖို့ တစ်ပတ်လုံး ကျွန်တော်တို့ ပြောခဲ့ပြီး အထူးသဖြင့် ပွဲချိန် မိနစ် ၆၀ မှာ ကျွန်တော်တိုရဲ့ ကစားအားက သူတို့ကို အပြိုင်အဆိုင် တွန်းအားပေးခဲ့ပါတယ်။”လို့ နည်းပြဆာရီကပြောကြားခဲ့ပါတယ်။


ဂျူဗင်တပ်စ် ပရိသတ်များသည် "လာဇီယိုကို ဦးဆောင်လာတဲ့ ဆာရီ၊ ခင်ဗျားဟာကျွန်တော်တို့ အားလုံးထဲက တစ်ယာက်ပါပဲ" လို့ စာတန်းများဖြင့် ဆာရီကို တန်ဖိုးထား အားပေးခဲ့ကြကြောင်းလဲသိရပါတယ်။


“ဒါက ပြီးခဲ့တဲ့ အပတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့ စကားပါ။ အပြင်ကနေကြည့်ရင် လာဇီယိုစတိုင်ကို နားလည်ရခက်ပေမယ့် အနီးကပ်ကနေကြည့်ရင်တော့ ကလပ်အများစုမှာ ရှားရှားပါးပါး ပိုင်ဆိုင်ခွင့်ရတဲ့ ခံစားချက်ကို ပေးစွမ်းပါတယ်။ ဒီရလဒ်ကြောင့် လာဇီယိုက တတိယနေရာက ရိုးမားကို ငါးမှတ်ဖြတ်ထားပေမယ့် အရေးအကြီးဆုံးစာရင်းကတော့ အဆင့်ငါးနေရာမှာ အင်တာမီလန်ကို ခုနစ်မှတ်ဖြတ်ထားတာဖြစ်ပါတယ်။"ဟုဆာရီက ပြောခဲ့ပါတယ်။


၎င်းတို့သည် ထိပ်သီးလေးသင်းအတွက် ယှဉ်ပြိုင်ရာတွင် အခြားသူများထက် အားသာချက်တစ်ခုလည်း ရှိပြီး ထိုအချက်မှာ ကိုပါအီတလီယာဖလား နှင့် ကွန်းဖရန့်လိဂ်တို့မှထွက်ခွါခဲ့ရသောကြောင့် ပွဲတိုင်းအတွက်ပြင်ဆင်ရန် တစ်ပတ်ပြည့်အချိန်ရနေတဲ့အချက်ပဲဖြစ်ပါတယ်။


"စီးရီးအေ မှာ ၊ ကျွန်တော်တို့ ဟာ တသမတ်တည်း ရှိတဲ့ အသင်း ဖြစ်သလို ဥရောပ မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ တစ်ခုတည်းသော ဆုတ်ယုတ်မှုတွေပါ။ တခါတရံမှာ အမှတ်တွေ အများကြီးရှိတယ်ထင်ရပေမယ့် တစ်ခါတလေ နည်းနည်းပါးပါးပဲရှိတယ်။ အမှန်က ကျွန်တော်အရင်ကပြောခဲ့သလိုပဲ ၂၇ မှတ်အထိ ရယူနိုင်ခဲ့တာပါ၊ လွန်ခဲ့ တဲ့ ရက်သတ္တပတ်အနည်းငယ်က ကျွန်တော်တို့နောက်က လိုက်နေတဲ့အချိန်က မဖြစ်နိုင်တော့သလို အခုလည်း မလွယ်ပါဘူး။” လို့ဆာရီက မှတ်ချက်ပေးခဲ့ပါသေးတယ်။

#စီးရီးအေ #ဆာရီ #လာဇီယို