ရှေ့သို့
Image

အရမ်းကောင်းတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက လာလီဂါဆုဖလားနဲ့ထိုက်တန်ကြောင်း ပြောလာတဲ့ အန်ဆယ်လော့တီ

10:49 AM, 5 May

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက အသင်းရဲ့အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကြောင့် လာလီဂါဆုဖလားနဲ့ ထိုက်တန်ကြောင်း ပြောခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့ညက ကာဒီဇ်ကို သုံးဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ဘာစီလိုနာက ဂျီရိုနာကို ရှုံးသွားတာကြောင့် လာလီဂါဆုဖလားကို ၃၆ကြိမ်မြောက်ဆွတ်ခူးသွားခဲ့ပါတယ်။


ပွဲအပြီးမှာ အန်ဆယ်လော့တီက "ကျွန်တော်တို့ အရမ်းကောင်းတဲ့ လာလီဂါရာသီတစ်ခုကိ ဖြတ်သန်းခဲ့ပါတယ်။ ကျွန်တော်တို့ အမှားအချို့ပြုလုပ်ခဲ့ပေမယ့် ခုလိုအသာရနေတာမျိုးက ထိုက်တန်ပါတယ်။"လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး အန်ဆယ်လော့တီက "ကျွန်တော်တို့ခံစစ်ကစားတဲ့အချိန်မှာ တိုးတက်မှုတွေ ရှိလာပါတယ်။ ကော်တိုရစ်က အသင်းအတွက် အလွန်အရေးပါတဲ့ ကစားသမားပါ။ သူ အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေတယ်ဆိုတာ ခင်ဗျားတို့ မြင်နိုင်ပါတယ်။"လို့ ဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ