ရှေ့သို့
Image

ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်မှာ ဘာစီလိုနာနဲ့ တွေ့ချင်တယ်လို့ ဖွင့်ဟလာတဲ့ လာဇီယိုနည်းပြ ဆာရီ

4:29 PM, 14 December

လာဇီယိုနည်းပြ မော်ရီဇီယို ဆာရီက ချန်ပီယံလိဂ်ရှုံးထွက် ၁ သင်းအဆင့်မှာ ဇာဗီဟာနန်ဒက်ဇ်ရဲ့ ဘာစီလိုနာအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံလိုကြောင်း ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

လာဇီယိုနဲ့ ဘာစီလိုနာတို့ဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ရဲ့ နောက်ဆုံးပွဲစဉ်တွေမှာ ရှုံးပွဲကိုယ်စီကြုံတွေ့ခဲ့ရသော်လည်း နောက်တစ်ဆင့်ကို တက်ရောက်ထားပြီးသား အသင်းတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက အီတလီစီးရီးအေမှာ ဒုတိယနေရာရရှိခဲ့တဲ့ လာဇီယိုဟာ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ပြန်လည် ရရှိခဲ့တာဖြစ်ပါတယ်။

ဆာရီရဲ့အသင်းဟာ အက်သလက်တီကိုမက်ဒရစ်၊ ဆဲလ်တစ်၊ ဖီယင်နုတို့နဲ့ အုပ်စုတစ်ခုတည်း ကျရောက်ခဲ့ပြီး ပထမနေရာမှာ အက်သလက်တီကိုနဲ့ ၄ မှတ်အကွာ အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

၁၆ သင်းအဆင့်ကို တက်ရောက်ပြီးနောက်ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆာရီက “ရိုးရိုးသားသားပြောရမယ်ဆိုရင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဘာစီလိုနာနဲ့ ရင်ဆိုင်ချင်ပါတယ်။ ကျွန်တော်က နည်းပြအဖြစ်နဲ့ ဘာစီလိုနာကို တစ်ခါမှ ရင်မဆိုင်ဖူးတာကြောင့် ရင်ဆိုင်ခွင့်ရရင် အံ့ဩစရာကောင်းတဲ့အတွေ့အကြုံဖြစ်မှာ သေချာပါတယ်” လို့ပြောကြားခဲ့ပါတယ်။

#ဘာစီလိုနာ #ဆာရီ #လာဇီယို #ချန်ပီယံလိဂ်