ရှေ့သို့
Image

လီဗာပူးအသင်းနည်းပြသစ်ဖြစ်လာဖို့ ယုံကြည်ချက်အပြည့်ရှိနေတဲ့ အန်းစလော့

9:21 PM, 4 May

လက်ရှိမှာတရားဝင်ထုတ်ပြန်ကြေညာထားတာမျိုး မရှိသေးပေမယ့် မဝေးတော့တဲ့ အနာဂတ်ကာလအတွင်း လီဗာပူးမှာ ယာဂန်ကလော့ပ်ရဲ့နေရာဆက်ခံသူအဖြစ် တရားဝင်ကြေညာသွားတာမျိုး အန်းစလော့က မျှော်လင့်နေခဲ့ပါတယ်။

အလုပ်ခန့်ထားမှုနဲ့ပတ်သက်လို့ နှုတ်အားဖြင့် သဘောတူညီထားကြပေမယ့် စာချုပ်ချုပ်ဆိုကာ တရားဝင်ကြေညာတဲ့အဆင့်အထိ ရောက်ရှိလာဖို့တော့ လုပ်စရာတွေ ကျန်ရှိနေပါသေးတယ်။

အန်းစလော့က “ဘယ်အရာမှ အခုအထိ တရားဝင်မဖြစ်လာသေးပါဘူး။ အခုအထိတော့ ကျွန်တော့်ရင်ဘတ်မှာ ဖီယင်နုအသင်းတံဆိပ်ရှိနေပါသေးတယ်။ ဒါကြောင့် မူအားဖြင့် ဖီယင်နုအကြောင်းပဲ စဉ်းစားနေရပါတယ်။

ဒီမတိုင်ခင်ကလည်း ကျွန်တော်ပြောခဲ့ပြီးသားပါ။ အလုပ်ခန့်ထားမှုကိစ္စ တရားဝင်ပြီးမြောက်သွားမယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။ ဘယ်အချိန်မှာ တရားဝင်ဖြစ်လာမလဲဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ကတော့ သဘောတူညီမှုတစ်ခုရရှိလာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”လို့ ဆိုပါတယ်။

တဖက်မှာလည်း ယာဂန်ကလော့ပ်က အန်ဖီးလ်မှာ နည်းပြသစ်ဖြစ်လာမယ့်သူနဲ့ပတ်သက်ပြီး အင်္ဂလန်ဘောလုံးပရိသတ်တွေအနေဖြင့် စိတ်ရှည်သည်းခံအချိန်ပေးသွားကြဖို့ တိုက်တွန်းခဲ့ပြီး နည်းပြသစ်အတွက် အသင်းကို အကောင်းဆုံးအခြေအနေဆီ ပို့ဆောင်ပေးကာ သူထွက်ခွာသွားတာဖြစ်တယ်လို့ ရှင်းပြထားပါတယ်။


#လီဗာပူး #ပရီးမီးယားလိဂ် #အန်းစလော့