ရှေ့သို့
Image

အဲဗာတန်ကွင်းလယ်လူ အိုနာနာကို စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ

12:15 PM, 29 April

ဘာစီလိုနာဟာ အဲဗာတန်ကွင်းလယ်ကစားသမား အမာဒူအိုနာနာကို စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် အဲဗာတန်က သတ်မှတ်ထားတဲ့ တန်ကြေးက ဘာစီလိုနာအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။

ကွင်းလယ်ကို အင်အားဖြည့်တင်းရန် ဘာစီလိုနာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ စိတ်ကြိုက် ရွေးချယ်မှုတွင် အိုနာနာက ပါဝင်သော်လည်း သူ့ရဲ့တန်ကြေးက ယူရိုသန်း ၆၀ ရှိနေတာကြောင့် ခေါ်ယူမှုမှာ ရှုပ်ထွေးစေမယ်လို့ Sport က ဖော်ပြထားပါတယ်။ ဘာစီလိုနာဟာ ရီးရဲလ်ဘက်တစ်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ရိုဒီကွက်ဇ်ကို အလွတ်နဲ့ခေါ်ယူနိုင်ဖို့ တွန်းအားပေး လုပ်ဆောင်နေပါတယ်။

အဲဗာတန်ကလည်း ဘဏ္ဍာရေးပြဿနာများကြောင့် အိုနာနာကို အမြန်ရောင်းထုတ်ရန် ကြိုးပမ်းလာနိုင်ပါတယ်။

#အဲဗာတန် #အိုနာနာ #ပရီးမီးယားလိဂ်