ရှေ့သို့
Image

အချိန်မီပြန်လာတာတောင် ဝင်မကန်ရလို့ ကင်မရွန်းအသင်းကို ပေါက်ကွဲနေတဲ့ အိုနာနာ

10:40 AM, 17 January

AFCON ကနေ သူ့ကို ချန်လှပ်ခဲ့တဲ့ ကင်မရွန်းအသင်းကို ယူနိုက်တက်ဂိုးသမားက ဒေါသထွက်နေပြီး ကျွန်တော်ဘာကြောင့် သီးသန့်ဂျက်လေယာဉ်နဲ့ လာခဲ့ရသလဲဆိုပြီး ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်စတားဟာ တနင်္ဂနွေနေ့က တော့တင်ဟမ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ကစားပေးခဲ့ပြီး လီဗာပူးရှိ ဂျွန်လင်နွန်လေဆိပ်သို့ ချက်ချင်းသွားရောက်ကာ နိုင်ငံ့လက်ရွေးစင် အသင်းနှင့် ချိတ်ဆက်ရန်အတွက် အိုင်ဗရီကို့စ်သို့ လေယာဉ်ဖြင့် ထွက်ခွာခဲ့ပါတယ်။

ကင်မရွန်းနိုင်ငံသားလိုက်ပါခဲ့တဲ့လေယာဉ်ဟာ ဂီနီနှင့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ကစားမယ့် ရမ်မိုယူဆိုယူခရိုတွင် ဆင်းသက်နိုင်ခြင်းမရှိခဲ့တာကြောင့် အဆိုပါပွဲမစမီ ၃ နာရီ အတွင်း မိုင် ၅၀၀၀ ခရီးကို ထပမံသွားရောက်ခဲ့ပါတယ်။ ရိဂိုဘတ်ဆောင်းရဲ့ ပွဲထွက်လူစာရင်းမှာ အိုနာနာက ပါဝင်ခဲ့ခြင်းမရှိဘဲ အွန်ဒိုဂါကသာ ပွဲထွက်လူစာရင်းမှာပါဝင်ခဲ့ပါတယ်။

အိုနာနာဟာ လီဗာပူးနှင့် ဆီနီဂေါကြယ်ပွင့်ဟောင်း ဒီယော့ခ်ရဲ့ ကြားဝင်ဖြန်ဖြေခြင်းကို ခံခဲ့ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး အသက် ၂၇ နှစ်အရွယ်ဂိုးသမားဟာ ကင်မရွန်းနည်းပြအဖွဲ့ကို "ကျွန်တော် မကစားရဘူးဆိုရင် မကစားပါဘူး။ ဒါဆိုရင် အသင်းရှိရာနေရာသို့ ဘာလို့ သီးသန့်ဂျက်လေယာဉ်နဲ့ လာတာခဲ့လဲ" လို့ ပြောလိုက်ပါတယ်။

အိုနာနာဟာ နည်းပြဆောင်းနှင့် တင်းမာသော ဆက်ဆံရေးကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ပြန်ပို့ခြင်းခံရပါတယ်။ ၂၀၂၄ ခုနှစ် AFCON တွင်ပါဝင်နိုင်ရန် နိုင်ငံတကာကစားသမားဘဝ အနားယူခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းခဲ့ပြီး ယခုအခါ အိုးထရက်ဖို့ဒ်တွင် ပုံစံကောင်းရရှိရန် ရုန်းကန်နေရသူတဲ့ ဂိုးသမားဟာ သောကြာနေ့ ဆီနီဂေါနှင့်ပွဲမှာ ပါဝင်သင့်ပါတယ်လို့ နည်းပြကို စည်းရုံးနိုင်ရမှာဖြစ်ပါတယ်။

ကင်မရွန်းအသင်းဟာ အဖွင့်ပွဲစဉ်မှာ ဂီနီနှင့် ၁-၁ ဂိုး သရေကျခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အိုနာနာ #ကင်မရွန်း #ပရီးမီးယားလိဂ်