ရှေ့သို့
Image

ဘန်လေကို သရေကျခဲ့ပြီးနောက် ယူနိုက်တက်ကစားသမားတွေ ကိုယ့်ကိုယ်ကိုယ်မှန်ထဲပြန်ကြည့်သင့်တယ်လို့ ဝေဖန်သွားတဲ့ တန်ဟတ်

10:14 AM, 28 April

အဲရစ်တန်ဟတ်က မနေ့ညက ဘန်လေနဲ့တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် ယူနိုက်တက်ကစားသမားတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်မှန်ထဲပြန်ကြည့်သင့်တယ်ဆိုပြီး ဝေဖန်သွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပွဲစကတည်းက အခွင့်အရေးများစွာရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ ၇၉မိနစ်ရောက်မှ အန်တိုနီရဲ့ဂိုးနဲ့အတူ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၃မိနစ်အကြာမှာပဲ အိုနာနာက ဘောလုံးကိုခုန်ပြီးပုတ်ထုတ်ရာမှာ ဘန်လေတိုက်စစ်မှူး အမ်ဒူနီကိုထိသွားတာကြောင့် ယူနိုက်တက်တို့ ပင်နယ်တီခွင့်ပြုပေးခဲ့ရပါတယ်။

အမ်ဒူနီကပဲ အဆိုပါ ပင်နယ်တီကို ဘန်လေအတွက် အဖိုးတန်ချေပဂိုးအဖြစ် သွင်းယူကာ အိုးထရက်ဖို့ဒ်မှာ သရေတစ်မှတ်စုဆောင်သွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ တန်ဟတ်က ယခုအပတ်တွေအတွင်း ယူနိုက်တက်ကစားသမားတွေရဲ့အမှားကျူးလွန်မှုတွေဟာ လူကြောင့်ရော၊ ကံကြောင့်ပါဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

တန်ဟတ်က "လူကြောင့်ရော၊ ကံကြောင့်ပါ ဒီလိုအမှားတွေဖြစ်နေတာပါ။ ဒီအပတ်တွေအတွင်း ဒိုင်တွေရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးတော့လည်း ကံမကောင်းပါဘူး။ ကျွန်တော်တို့ ပင်နယ်တီတွေအများကြီးပေးနေရပြီး အခုတစ်ခေါက်က မျှတပေမယ့် ကျန်တာတွေကတော့ မထင်ပါဘူး။ ဝမ်ဘစ်ဆာကာတုန်းက ပင်နယ်တီပေးရတယ်ဆိုရင် ဂါနာချိုရဲ့ပင်နယ်တီကရော ဘာလို့မပေးတာလဲ။ ဘာကြောင် တစ်သမတ်တည်းမရှိရတာလဲ။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်သင့်ပါတယ်။ အမှားလုပ်ခဲ့တာမှန်ပေမယ့် တာဝန်ယူတတ်ရမှာဖြစ်ပြီး အသင်းနဲ့ နည်းပြအတွက် ဘယ်လောက်ထိ ထိခိုက်သွားသလဲဆိုတာ နားလည်ဖို့လိုအပ်ပါတယ်"ဆိုပြီး ပြောသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘန်လေ #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်