ရှေ့သို့
Image

ဟာလန်းရဲ့ပင်နယ်တီဂိုးနဲ့ အဖိုးတန်နိုင်ပွဲရရှိခဲ့တဲ့ မန်စီးတီး

2:08 AM, 12 March

ခရစ္စတယ်ပဲလေ့စ် ၀-၁ မန်စီးတီး (ပွဲပြီးရလဒ်)

ဟာလန်း ၇၈ မိနစ် (ပင်)


ပထမပိုင်းပွဲချိန်အပြီး ဂိုးပေါက်ပျောက်နေလို့ ဖိအားဝင်နေတဲ့ မန်စီးတီးဟာ ဒုတိယပိုင်းပွဲချိန်တွေမှာလည်း တိုက်စစ်မြှင့်ကစားလာခဲ့ပေမယ့် ပုံစံကောင်းပြသနေတဲ့ ပဲလေ့စ်ခံစစ်ကို ထိုးဖောက်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ မလိုအပ်ဘဲ ကစားပုံကြမ်းတမ်းခဲ့တဲ့ အိုလီစီကြောင့် မန်စီးတီးတို့ ပယ်နယ်တီရရှိခဲ့သလို ရရှိလာတဲ့ပယ်နယ်တီကိုလည်း ဟာလန်းက အမှားအယွင်းမရှိအဆုံးသတ်နိုင်ခဲ့တာကြောင့် ဒီပွဲစဉ်ရဲ့တစ်လုံးတည်းသောသွင်းဂိုးကို မြင်တွေ့ခဲ့ရပါတယ်။ အခုပွဲစဉ် အနိုင်ရလဒ်ကြောင့် မန်စီးတီးက တစ်ပွဲပိုကစား၊ နှစ်မှတ်အကွာနဲ့ အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်ကို အနီးကပ်ဖိအားပေးနိုင်ခဲ့ပါတယ်။



#မန်စီးတီး #ခရစ္စတယ်ပဲလေ့စ် #ပရီးမီးယားလိဂ်