ရှေ့သို့
Image

ဘွန်ဒက်စ်လီဂါပွဲစဉ် (၃၁) လေဗာကူဆင်-စတုဂတ် ပွဲကြိုခန့်မှန်းချက် (ည ၁၁:၀၀)

12:13 PM, 27 April

လေဗာကူဆင်-စတုဂတ် ဒဏ်ရာရပွဲပယ်

==========
လေဗာကူဆင် - ဇာကာ(ပွဲပယ်ပြစ်ဒဏ်)၊ အာသာ၊ ဟလိုဇက်ခ်၊ အီဂလီစီးယက်စ်(မသေချာ)
စတုဂတ် - အန်ဇန်လိုစတီလာ(ပွဲပယ်ပြစ်ဒဏ်)၊ ဇာဂါဒူး၊ နာတေ၊ အက်ဂျ်လော့ဖ်(သေချာပေါက်လွဲ)၊ အန်သိုနီရောင်လ်၊ ဗာဂနိုမန်း(မသေချာ)

အခုရာသီတလျှောက်လုံးပြိုင်ပွဲစုံ ၄၅ ပွဲဆက်ရှုံးပွဲမရှိသလို ဖလားသုံးလုံးမျှော်လင့်ချက်ရှိနေတဲ့လေဗာကူဆင်တို့ အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါပြီ။ ရလဒ်တွေတောက်လျှောက်ကောင်းခဲ့တဲ့ စတုဂတ်တို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဝါဒါဘရီမင်ကိုရှုံးနိမ့်ခဲ့လို့ နှစ်ပွဲဆက်ရှုံးပွဲမကြုံရအောင် ကြိုးစားသွားရပါမယ်။

လေဗာကူဆင်ကတော့ ရိုးမားနဲ့ရင်ဆိုင်ရမယ့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဆီ အာရုံကျနေလို့ အခုပွဲစဉ်ကို အပြည့်အဝအာရုံစိုက်နိုင်ပါ့မလား စောင့်ကြည့်သွားရပါမယ်။ သရေဆိုရင် မျှတတဲ့ရလဒ်လို့ ယူဆမိလို့ စတုဂတ်နဲ့စွန့်စားမယ်။ဘွန်ဒက်စ်လီဂါ 
လေဗာကူဆင် - စတုဂတ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
--------------------------------------------------------
လေဗာကူဆင် ၃ - ၂ စတုဂတ် (၇-ဖေဖော်ဝါရီ-၂၀၂၄)
စတုဂတ် ၁ - ၁ လေဗာကူဆင် (၁၀-ဒီဇင်ဘာ-၂၀၂၃)
စတုဂတ် ၁ - ၁ လေဗာကူဆင် (၁၄-မေ-၂၀၂၃)
လေဗာကူဆင် ၂ - ၀ စတုဂတ် (၁၂-နိုဝင်ဘာ-၂၀၂၂)
လေဗာကူဆင် ၄ - ၂ စတုဂတ် (၁၃-ဖေဖော်ဝါရီ-၂၀၂၂)
.
လေဗာကူဆင် နောက်ဆုံး (၅) ပွဲရလဒ်
-------------------------------
ဒေါ့မွန် ၁ - ၁ လေဗာကူဆင် (၂၁-ဧပြီ-၂၀၂၄)
ဝက်စ်ဟမ်း ၁ - ၁ လေဗာကူဆင် (၁၉-ဧပြီ-၂၀၂၄)
လေဗာကူဆင် ၅ - ၀ ဝါဒါဘရီမင် (၁၄-ဧပြီ-၂၀၂၄)
လေဗာကူဆင် ၂ - ၀ ဝက်စ်ဟမ်း (၁၂-ဧပြီ-၂၀၂၄)
ယူနီယံဘာလင် ၀ - ၁ လေဗာကူဆင် (၆-ဧပြီ-၂၀၂၄)
.
စတုဂတ် နောက်ဆုံး (၅) ပွဲရလဒ်
------------------------------
ဝါဒါဘရီမင် ၂ - ၁ စတုဂတ် (၂၁-ဧပြီ-၂၀၂၄)
စတုဂတ် ၃ - ၀ ဖရန့်ဖတ် (၁၃-ဧပြီ-၂၀၂၄)
ဒေါ့မွန် ၀ - ၁ စတုဂတ် (၆-ဧပြီ-၂၀၂၄)
စတုဂတ် ၃ - ၃ ဟိုင်ဒင်ဟိမ်း (၃၁-မတ်-၂၀၂၄)
ဟော့ဖန်ဟိမ်း ၀ - ၃ စတုဂတ် (၁၇-မတ်-၂၀၂၄)

#ပွဲကြိုသုံးသပ်ချက် #လေဗာကူဆင် #စတုဂတ် #ဘွန်ဒက်စ်လီဂါ