ရှေ့သို့
Image

သွေးပူလေ့ကျင့်ခန်းဆင်းရာတွင် နားကပ် ၂ ခု၀တ်ထားခဲ့တာကြောင့် ဆောင်းနက်စ်ရဲ့ ပြစ်တင်ဝေဖန်ခြင်းခံလိုက်ရတဲ့ ဂါနာချို

1:18 PM, 24 April

နားကပ် ၂ ခု ဝတ်ဆင်ကာ သွေးပူလုပ်ခဲ့တဲ့ ဂါနာချိုနှင့် အက်ဖ်အေဖလား နိုင်ပွဲပြီးနောက် အန်တိုနီရဲ့ အပြုအမူတွေဟာ ဝေဖန်ခြင်းခံခဲ့ရပါတယ်။

သရဲနီတွေဟာ တနင်္ဂနွေနေ့က ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဝင်ဘာလေမှာ ကစားခဲ့ပါတယ်။ တန်ဟက်ရဲ့ အသင်းဟာ အပြင်းအထန်ကြိုးစားခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မတိုင်မီ ၃ ဂိုး အသာဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲစဉ်အတွင်း အချို့သော ယူနိုက်တက်ကစားသမားတွေရဲ့ စိတ်ဓာတ်တွေကို ဆောင်းနက်စ်က ဝေဖန်ပြောကြားလိုက်ပါတယ်

လီဗာပူးကစားသမားဟောင်းဟာ အထူးသဖြင့် ဂါနာချိုကို ရည်ရွယ်ခဲ့ပြီး အာဂျင်တီးနား လက်ရွေးစင်တောင်ပံကစားသမားနှင့်ပတ်သက်ကာ "ဂါနာချိုက ကျွန်တော့်အတွက် ထူးချွန်ထက်မြက်တဲ့ လူငယ်တစ်ယောက်ပါ။ ဒါပေမယ့် ကျွန်တော် စိတ်ပူမိပါတယ်။ ဒါဟာ စူးစမ်းမှုတစ်ခုပါပဲ။ ကျွန်တော်ကို ခေတ်ဟောင်းကြီးလို့ပဲခေါ်ခေါ် ဒိုင်နိုဆောလို့ပဲခေါ်ခေါ် ကွင်းအတွင်း သွေးပူလေ့ကျင့်ခန်းဆင်းနေတဲ့အချိန်မှာ ဂါနာချိုက နားကပ်၂ ခု ဝတ်ဆင်ထားပါတယ်" "သူဟာ ပွဲကို သင်ယူနေတဲ့ လူငယ်လေးတစ်ယောက်ပါ။ ဂျိုးကိုးလ်ဆိုရင်လည်း ကောင်းတဲ့ စီနီယာကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး ဘဝနေထိုင်ပုံ၊ ပြုမူပုံ၊ လေ့ကျင့်ပုံနဲ့ ဘဝအပေါ်ထားတဲ့ စိတ်နေသဘောထားတွေကို လူငယ်ကစားသမားတွေအတွက် ညွှန်ပြပေးခဲ့ပါတယ်"

"ကျွန်တော်က စိတ်ပူရုံစိတ်ပူမိတာပါ။ ယူနိုက်တက်မှာ ဒါက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ယူနိုက်တက်ဆိုတာက ဒီနိုင်ငံမှာ အမြဲတမ်း အခမ်းနားဆုံးအသင်းဖြစ်ခဲ့ပြီး ဂျာမနီမှာရှိတဲ့ ဘိုင်ယန်မြူးနစ်ကို FC Hollywood လို့ ခေါ်ဝေါ်ကြသလိုပါပဲ ယူနိုက်တက်အကြောင်း ပြောဖို့အတွက်ဆိုရင် အဲ့ဒီအတိုင်း ပြောရမှာပါ" "ယူနိုက်တက်မှာ သူတို့ကအရမ်းမြန်လွန်းပြီး အရမ်းအာရုံစိုက်ခံနေရပါတယ်။ အထူးသဖြင့် အခုခေတ်ပွဲတွေမှာ ဒီကောင်လေးတွေက ဆုတွေရလာတဲ့အခါ သူတို့က အရမ်းဝေးလွန်းပြီး အရမ်းမြန်နေပါတယ်" "မားကပ်ရက်ရှ်ဖို့ဒ်က ကိစ္စတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ သူက ၂၆ နှစ်ရှိပြီဖြစ်ပြီး အခု သူ့ရဲ့အကောင်းဆုံး နှစ်တွေကို နီးကပ်လာနေပြီ။ ဒါပေမယ့် သူ့ရဲ့အကောင်းဆုံးနှစ်တွေ ကုန်သွားသလိုပါပဲ" လို့ talkSPORT သို့ ပြောကြားထားပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်ပြီးနောက် ဝမ်းနည်းနေတဲ့ ကိုဗင်ထရီကစားသမားတွေဘက်လှည့်ပြီး နားနားသို့လက်ကပ်တဲ့ ပုံစံပြုလုပ်ခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူး အန်တိုနီရဲ့ လုပ်ရပ်ကို ဆောင်းနက်စ်က ပြင်တင်ဝေဖန်လိုက်ပါတယ်။
"ကစားသမားတစ်ယောက် အနေနဲ့ ဒီလိုပြုမူဖို့က အဆင်မပြေပါဘူး။ မင်းက မန်ယူကစားသမားတစ်ယောက်အနေနဲ့ ဒီလိုလုပ်တာမဟုတ်ပါဘူး။ ဒါဟာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရရှိခဲ့တာ မဟုတ်ပါဘူး။ ချန်ပီယံရှစ်က အသင်းတစ်သင်းဖြစ်တဲ့ ကိုဗင်ထရီကို နိုင်ခဲ့တာပါ။ ဒီလိုအရာတွေကို မြင်ဖူးတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး" လို့ ဆောင်းနက်စ်က ပြောပါတယ်။

ယူနိုက်တက်ရဲ့ ခြေစွမ်းမတည်ငြိမ်တဲ့ နောက်ထပ်ရာသီကြောင့် မေးခွန်းထုတ်မှုတွေ ရှိလာခဲ့ပြီး တန်ဟက်အနေနဲ့ အိုးထရက်ဖို့ဒ်မှာ အချိန်ကြာကြာရှိနိုင်မှာ မဟုတ်ဘူးလို့ ထင်ကြေးပေး ပြောဆိုမှုတွေရှိနေတာဖြစ်ပါတယ်။ ယူနိုက်တက်မှာ အက်ဖ်အေဖိုင်နယ်တွင် မန်ချက်စတာဒါဘီအဖြစ် မေလ ၂၅ ရက်နေ့မှာ မန်စီးတီးနှင့် ကစားရမှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆောင်းနက်စ် #အက်ဖ်အေဖလား #ဂါနာချို